Sunday, October 7, 2012

အိမ်မက်မဲ့ ပန်လေးများ.

ဟိုမှာ ပန်းကလေးတွေ
အရောင်အသွေးတွေရှိပါတယ်..
ဒါပေမဲ့ အရောင်အဆင်းတွေကွဲနေကျတယ်..

ပညာသင်ရွယ် အနိမ့်ခံလေးတွေလို့
ဝမ်းဝဖိုအရေး
ငယ်ငယ်လေးနဲ့တွေးနေရတယ်....

တွက်ချက်တတ်လောက်တဲ့
ပညာရေးတဲ့
သူတို့ဘ၀အရေးတွေကို
ဖြေရှင်းနေကျရတယ်.....

တစ်ခါတစ်ခါ
အဲဒီပန်းလေးတွေရဲ့
အိမ်မက်လေးတွေကြောင်း
မေးကြည့်ရင်
လောကပန်းခင်းကြီးထဲ
ခက်ခက်ခဲခဲ ရှင်သန်ဖို့အတွက်
သူတို့ အိမ်မက်ဆိုတာတောင်
တွေးချိန်ရမယ် မထင်ဘူး...


ဖေးကူဖို့ အင်အားတွေနဲ့
အဲဒီပန်းလေးတွေဘ၀ကို
ရှင်သန်စေချင်တယ်...

တစ်စစီ ကွဲနေတဲ့
အခြေနေအတွေကြောင့်
ပန်းလေးတွေညိုးခဲ့ရတယ်...
ကြွေခဲ့ရတယ်...

မြင့်လွန်းတဲ့ဘ၀နဲ့
နိမ်လွန်းတဲ့ဘ၀တွေ
အနိမ်ခံရမှုတွေ
ပင်ပန်းမှုတွေ
ချို့တဲ့မှုတွေ
သို့လော.. သို့လော..
လောကဓံတွေမှ
ပန်းလေးတွေ အမြန်ဆုံး လွတ်မြောက်ကျပါစေ...


လေပြည်(29.09.2012/ 10:41 AM)

စစ်ပွဲတွေ အဆုံးသတ်ပါစေတော့..

ကမ္ဘာမှာ ဖြစ်နေတဲ့
စစ်ပွဲတွေ....
တွေနေကြားနေရတဲ့
ဆုံးရှုံးမှုတွေ..........

အတ္တတွေကိုယ်ဆီနဲ့
တလွဲမာနတရားတွေကြောင့်
ကြားက လူတွေ
အသေအပျောက်တွေများ
ခိုကိုးရာတွေမဲ့
အသက်ဘေးကိုကြောက်လို့
နေည ပူပန်ခြင်းများနဲ့
ပုန်းရှောင်နေကြ....

ငါတို့တိုင်းပြည်
စုံညီတိုင်းရင်းသား
အများအပြား
နေထိုင်နေ၏....

ပျော်ရွှင်စရာတွေနဲ့
ချစ်စရာဓလေ့ကိုယ်ဆီ
ကိုယ်ပိုင်စကားလေးတွေနဲ့
.......

ဝုန်း............ဒိုင်း....
သေနတ်သံတွေ
ကျည်ဆံတွေကြားမှာ
ငါတို့ညီအကိုတွေ
ပြေးလွှားနေကြရပြီ...

တစ်ပါးကျူကျော်တာမဟုတ်ပေမဲ့
ညီအကိုသွေးရင်းအချင်းချင်း
တိုက်နေရတယ်...

ကြားထဲက လူထုကတော့
ဆုံးရှုံးမှုတွေနဲ့
နေစဉ်ကြောက်လန့်ကာ
ဖြစ်သလို့နေရာမှာ
ပုန်းခိုပြီး
ထမင်းတစ်လုပ်ကို
လုယက်စားနေရတယ်....

လောကမှာညှိလို့မရတဲ့
အရာမရှိပါဘူး
တစ်ဘက်ကလည်း လျော့
တစ်ဘက်ကလည်းလျော့မယ်ဆို
မကြာခင်ငါ့တို့ ညီအကိုတွေကြားမှာ
ငြိမ်းချမ်းရေးရောင်နီသန်းလာတော့မှာပါ...

စစ်ပွဲတွေကြားမှာရှင်သန်နေရတဲ့
မိသားစုတွေကော့
ပညာသင်အရွယ်မှာ
ပညာပန်းမပွင့်ရတဲံ
ခလေးတွေကော့
အားလုံး
ငြိမ်းချမ်းခြင်းတွေနဲ့
အနာဂတ်မှာပျော်ရွှင်စရာ
မိသားစု ဆွေမျိုးတွေ
အမြန်ဆုံးပြန်ဆုံကြပြီး
သာယာအေးချမ်းစွာ
နေထိုင်နိုင်ကြပါစေ..

 တစ်နှစ်ကျော်ကြာနေတဲ့ ကချင်ပြည်နယ်မှ စစ်ပွဲများ အမြန်ဆုံး အဆုံးသတ်သွားပါစေ...
လေပြည်(01/10/2012--03:11 PM)

မျှော်လင့်ချက်ပြဇာတ်တစ်ပုဒ်


စိတ်တွေလည်းလေပါတယ်
မနေသာ မဖြေသာ အလွမ်းနဲ့
ငါ့ဟာ မင်းမမြင်နိုင်တဲ့နေရာက
သေမတတ်လွမ်းနေခဲ့ရသူပါ...
နာကျည်းတယ် ဒီခံစားမှု
နှစ်သက်တယ် အဲဒီ ရှတတ
အလွမ်းဒဏ်
မခမ်းနားလည်း
တစ်ခမ်းတနား
သေဆုံးသွားတဲ့
နှလုံးသားအတွက်
အလဲအကွဲ မခံစားရဲလို့မဟုတ်ဘူး
တစ်သက်လုံးစာ
ချစ်ခဲ့တဲ့အတွက်
တစ်သက်တာမခွဲ
အမြဲချစ်ချင်ခဲ့သူမို့ပါ...

အရှက်အကြောက်လား
ခေါက်ထားပါ..
နင်နဲ့ပတ်သတ်ရင်
ငါ့ဟာ ဒူးထောက်ခဲ့သူပါ..
မယုံကြည့်လို့ လား!
ဟိုးမှာကြည့်
ယုံကြည့်မှုတွေလွန်ကဲ့လို့
ယုန်လေးတွေတောင်မှ
ငါ့ရဲ့အဝေး ထွက်ပြေးနေတယ်..

နင်သိလား ချစ်ခြင်းမှာ
သစ္စာ တရားတွေ
ပိုးဆိုးပတ်ဆက်
ပါဝင်ရောယှက်
နင်အတွက်
အချစ်သက်သက်မဟုတ်ခဲ့ဘူး
နှလုံးသားက
ပျော်ဝင် ဘ၀တစ်ခု
အပျက်ခံ ရောယှက်
ပတ်သတ်ခဲ့တာပါ......

တစ်ခါတစ်ခါ
နေတတ်သလို့နေခဲ့ပေမဲ့
ငါ့ ဟာ
ပေတရာပေါ်လွင့်တတ်တဲ့
အပေတေမဟုတ်ဘူး
ဒါပေမဲ့ အခုဆို
လေလွင့်တတ်နေပြီ..

နေ့တွေလား ပူလိုက်တာ
ညတွေလား လွမ်းလိုက်ရတာ
ညတိုင်းသောက်တတ်တဲ့
အိပ်ဆေးတွေက
ငါ့ခဏလေးပဲမေးစက်ဖို့
သောက်ခဲ့တယ်.....
 မနက်နိုးစက် ငါ့ကို
ရက်စက်စွာနိုးခဲ့တယ်..

ဟားဟ ဆော့ရီး
အရာရာ မင်းနဲ့ရင်းနှီးမှုကို
မမှီခဲ့ဘူး ..
နိုင်းဝမ်း သီချင်းလို့
ငါ့အနားမှာ နင်သာရှိရင်ဆို အရာရာပြီးပြည့်စုံသွားပြီ ကျန်တာဘာမှထပ်မလိုတော့ဘူးကွယ်...
တစ်ကယ်နင်သာရှိရင်
အရာရာကို စွန့်လွတ်လိုက်မယ်...

ဘ၀တစ်ခုလုံးထပ်ပြီး
လောင်းလိုက်မယ်..
နင်ပြန်လာရင် ဘာမှမလိုချင်ဘူး..
တစ်ခုပဲ အရင်လိုချစ်ခြင်းမျိုးနဲ
အနားမှာရှိနေစေချင်တယ်...

ခဏ ခဏ
လွမ်းတတ်လွန်းလို့
နင်ငါ့ကို အပစ်ဆိုမလား
ခဏခဏ ပြန်လာစေချင်လို
နင်ဟာကို့  အပိုတွေလိုထင်မလား..
 တစ်ခဏတာမဟုတ်တဲ့
ရင်ခုန်ခြင်းတွေနဲ့ သံယောဇဉ်တွေကြား
အလွမ်းများရက်ရှည်ခဲ့တာပါ..

 အခုလည်းရေးတဲ့ အလွမ်းကဗျာ
နောက်ရေးမဲ့ အလွမ်းစာ
အပ်ကြောင်းထပ်မဲ့
မင်းအတွက်ကဗျာ..
ခံစားသက်ဝင် ဖတ်မိခဲ့ရင်
တစ်နေများ ပြန်လာမလား
ငါ့မျှော်လင့်ချက် ပြဇာတ်တစ်ပုဒ်
ဇာတ်လမ်းထုတ်ကာ
အခါခါ ရေးမိနေအုန်းမယ်..
ကျေးဇူးပြုပြီး ပြန်လာပါ....... 

(လေပြည်)