လွတ်မြောက်ခြင်းတွေနဲ့ အဝေးကိုထွက်သွားစေခဲ့ပေမဲ့လည်း
ရင်ထဲကနာကြင်ခြင်းတွေနဲ့ အဝေးပြေးသူကို လိုက်ရှာကြည့်နေမိသေးတယ်....
မြတ်နိုးမှုသက်သက်နဲ့ မျှော်နေတဲ့ မျက်ဝန်းတစ်စုံကို
တမင်တကာရှောင်ဖယ်ရင်း မသိသလိုနေသွားခဲ့သေးတယ်.....
မငိုတတ်တဲ့ခလေးတစ်ယောက်လို့ နာကြင်မှုကို အံကြိတ်ရင်း
မျက်ရည်ဝဲခဲ့ယုံလေးပါ....
ရွက်ဟောင်းတွေကြွေသွားတဲ့ အခါ သစ်ပင်ကြီးကမလွမ်းပေမဲ့
ထားခဲ့ခံရတဲ့ ကိုယ်ဟာ မင်းအတွက်နေရာပေးထားရင် အပင်အိုကြီးတစ်ပင်လို ခြောက်သွေနေခဲ့ပါပြီ..
နေမင်းကြီးကပူလောင်ခြင်းတွေပေးနေတဲ့ဆိုပေမဲ့ သူမမြင်ရတဲ့ ညမှာသာတဲ့ လမင်းကြီး
မသိမသာ သူခွန်အားတွေနဲ့ ထွန်းလင်းခွင့်ပေးထားတယ်...
ကိုယ်ကလည်း မင်းမရှိတဲ့နေရာကနေ မင်းရှိတဲ့အရပ်ဆီကို အကြင်နာတွေနဲ့ အေးချမ်းမှုကို လိုလားသူမို့
အချစ်တွေပေးဆပ်ထားခဲ့တာကို ပူလောင်ခြင်းလို့ အမည်မတပ်ရပ်ပါဘူး......
ခက်တော့ခက်သား...
မေ့ပြစ်ဖို့လား..
ဒါမဟုတ်...
ခဏခဏ လွမ်းခြင်းတွေလား...
တွေးရင်းတွေးရင်း စိုတက်လာတဲ့
မျက်ရည်တွေကို သုတ်ရင်း
ရှုပ်နေတဲ့ ဘ၀ကို
အလွမ်းတွေသာပေါင်းရင်း
ခပ်ခွာခွာ သူအနားကနေ
ခိုးခိုးငေးနေမိတော့တယ်.....
သူမရဲ့ ဓာတ်ပုံလေးကိုသာပေါ့.......
Phoenix Lay@လေပြည် (02/01/2012)
No comments:
Post a Comment