ရင်ဘတ်ချင်းအပ် နှလုံးသွေးချင်းထပ်ခဲ့လည်း တစ်နေ့ မဟုတ် တစ်နေ့တော့ခွဲရမှာပဲလေ...
ဘယ်လောက်ပဲချစ်ခဲချစ်ခဲ့ အချစ်တွေကုန်ဆုံးသွားတဲ့တစ်နေလည်း ခွဲရအုန်းမှာမဟုတ်လား...
လမ်းခွဲခြင်းကို မလိုချင်လည်း ကံတရားကြောင့်လို့ အပစ်ပုံချပြီး တကိုယ်တည်း အသဲကွဲရပြန်ပြီလေ...
ကွဲရှ ခဲ့တဲ့ နှလုံးသားမှာ ဒဏ်ရာဗလပွ နဲ့ သုံစားလို့မရတော့ဘူး..
အသက်ရူသံတွေလည်းမမှန်တော့ဘူး အဲဒါမင်းကို လွမ်းတယ်ဆိုတာ တွေကြောင့်ပေါ့...
ထို့ကြောင့် သူကြောင့် ငါကြောင့် ဘယ်သူကြောင့်မှ မဟုတ်ဘူးဆိုတာ ငါ့နားလည်လာခဲ့ပြီ..
ကြုံဆုံဖို့ ခဏတာပဲ ပါလာတဲ့ ငါ့တို့နှစ်ယောက်ကြား အရင်နှီးဆုံးတွေကနေ အခုတော့ တစ်စိမ်းတွေလိုပဲဖြစ်ခဲ့ရပြီ...
ကြေကွဲနေညတွေထဲ မင်းအကြောင်းတွေ နဲ့ပြည်နှက်နေတဲ့ ငါဘ၀ထဲကို မင်းတစ်ခါလောက်လှမ်းမျှော်ကြည့်ပါလား...
အချစ်စစ် ဆိုတဲ့စကားလုံးထက် ပိုပြီး ပြောလို့ရတဲ့စကားလုံးရှိရင် ငါ့သုံးချင်ပါသေးတယ်....
အရာရာကို အလေးနက်ထားခဲ့ပေမဲ့ ဇာတ်သိမ်းက လွမ်းခန်းတွေချည်းပဲ..
ကောင်မလေးရယ် အဖြေတစ်ခုရဲ့နောက်ကွယ် မှာ ကျဆုံးမှုပေါင်းများစွာနဲ့
မင်းရှိနေတဲ့ ငါ့ရဲ့ ရင်ဘတ်ထဲက နေရာလေးကတော့ ဘယ်တော့မှ အစားထိုးလို့မရတော့သလို့
ဘယ်တော့မှလည်း ပျောက်ကွယ်သွားတော့မှာ မဟုတ်ဘူးဆိုတာ ငါပြောရဲ့ပါတယ်..
ကြုံဆုံခဲ့ရတဲ့ ခဏတာလေးအတွက် ငါ့မင်းကို ကျေးဇူးတင်ပါတယ် ကောင်မလေးရယ်...
မျှော်လင့်ချက်တွေတဲ့ သေဆုံးသွားတဲ့တစ်နေဆိုတာကိုပဲ ကျေနပ်စွာလက်ခံနိုင်အောင်ကြိုးစားနေရမြဲပါ....
ဘာတွေပဲဖြစ်ဖြစ် ကောင်မလေးရယ် ငါမနက်ဖြန်တိုင်းမှာ မင်းရှိနေတဲ့ ငါ့မနက်ဖြန်တိုင်းကိုတော့ ကျေးဇူးတင်နေမိမှာပါ..
ဘယ်လောက်ဝေးဝေး မမေ့သာမဆုံနိုင်အောင်ရှိလည်း အမြဲသာရင်ထဲမှာမင်းတစ်ယောက် နှင်းတွေပျောက်လည်း ရှာဖွေနေဆဲမို့
အစိမ်းတကာစိမ်း အစိမ်းအလွှာကြားမှာ တိမ်းကာဖယ်ပြေးလည်း အဝေးကကြယ်လေးလို့ လှမ်းလို့မျှော်ကာ တမ်းတနေအုန်းမယ်...
လေပြည်(30/01/2013--03:30PM)

No comments:
Post a Comment