Wednesday, February 8, 2012

....နွယ်....

တိမ်လွာ တိမ်လိပ်လေးတွေက ဟိုဒီပြေးလွား ဆော့ ကစားနေခဲ့တယ်.....

ကင်းကောင်ကြီးက နေမင်းရဲ့အလင်းနဲ့ တောက်ပကာ ကြည်လင်လှပနေခဲ့တယ်.....

ဂရုစိုက်ပြီး လိုက်ကြည့်နေမိသူက ကျွန်တော်.....

ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပေမဲ့ ကျွန်တော် သူကို လွမ်းနေမိတယ်...

သူအကြောင်းတွေကို သတိရနေတဲ့ ကျွန်တော်....

ကျွန်တော် စဉ်းစားနေတဲ့ သူဆိုတာ ကျွန်တော် အရမ်းချစ်ရတဲ့ " နွယ်" ဆိုတဲ့ကောင်မလေးပါ...

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကြား စင်းနေတဲ့ နှာတံလေးတွေနဲ့ နွယ်....

အခုတော့ နွယ် ကို လွမ်းနေရယုံကလွဲပြီး ကျွန်တော် ဘာမှမတတ်နိုင်တော့ပါဘူး...

ကျွန်တော်နဲ့ နွယ်ရဲ့ ဇာတ်လမ်း အစလေးက ...........

ဒီနေ့ကျွန်တော် ကျောင်းသွားရအုန်းမယ် ဟူး... မိုးတွေကလည်း သည်းနေလိုက်တာ...

တက္ကသိုလ်ကျောင်းတွေ ဖွင့်ထားတာ သိပ်မကြာသေးဘူး ဆိုတော့ အိပ်ရာကနေ မထချင်ထချင်နဲ့ ထလာရတယ်...

ကျောင်းကား အမှီ မိုးရေးထဲမှာ ပုဆိုးလေးမပြီး လွယ်အိပ်ကို ပိုက်လို့ ကျောင်းကို ထွက်လာခဲ့တယ်.....

တစ်လမ်းလုံးလည်း ရွာလိုက်တဲ့မိုးတွေဆိုတာ ပြောမနေနဲ့တော့ .. ကျွန်တော်တို့ ဖယ်ရီကားက ဒိုင်နာ ကြီးဆိုတော့ ပိုဆိုးတယ်...

ကားပေါ်ရှိသမျှလူအားလုံး မိုးတွေကို ရွဲနေကော...

ပြောရင်ဆိုရင်း ကားကြီးက ကျောင်းဝန်းထဲကို ၀င်လာခဲ့ပြီ....

ဖယ်ရီဝင်း အတွင်းကို ကားကြီးက ထိုးတဲ့ အချိန်မှာ ထီးလေးတွေကိုယ်စီ ဖွင့်ကာ ကိုယ်သက်ဆိုင်တဲ့ အဆောင်တွေဖက်ကို

သွားနေကြတယ်.. လူတွေ အများအပြား ထီးတွေရောင်စုံပေါ့...

ကျွန်တော် ခပ်သုတ်သုတ် အဆောင်ဖက်ကို ဦးတည်ရင်း လျှောက်လာခဲ့တယ်.. မိုးရေတွေနဲဆိုတော့ ခရီးတော့ သိပ်မတွင်ဘူး..

လမ်း လျှောက်လာရင်း ကောင်မလေး တစ်ယောက်ဗျ မိုးရေထဲမှာ သစ်ပင်ကြီးကြီး တစ်ပင်အောက်မှာ ခိုနေရင်း မျက်နှာလေးက

ငိုမဲမဲလေးဖြစ်နေတယ်... ဒါနဲ့ ကျွန်တော် အပင်ရှေ့က လျှောက်ဖို့ ဟန်ပြင်လိုက်တဲ့အခါမှာ အသံတစ်သံကို ကြားလိုက်ရတယ်...

အကို.. အကိုရေ...တဲ့...

ဒါနဲကျွန်တော် အပင်ဘက်ဆီသို့ ပြန်လှည်လိုက်တယ်...

...ဟုတ် ပြောပါ .. ကျွန်တော် ဘာကူညီပေးရမလည်းပေါ့ (မြန်မာကားတွေထဲက မင်းသားတွေလိုပေါ...)

...ညီမ Physics ဆောင်ကို သွားချင်လို့ပါ ထီးက ကျိုးသွားတာ ဆောင်းလို့မရတော့ အဲဒါလမ်းကြုံရင် လိုက်ခဲ့ချင်လိုပါ...

.. အော်.. ညီမကလည်း အကိုတို့ အဆောင်ကပဲကိုး .. အင်း ဒါဆိုလည်း ရပါတယ် .. လိုက်ခဲ့လေ.....

...............

ကျွန်တော် ရဲ ထီးအောက်ထဲကို သူဝင်လာတဲ့အခါ မိုးတွေ အရမ်းသည်းလာတယ်ဗျာ တိုက်ဆိုက်တာပဲလား တမင်တကာ

အညိုးနဲပဲရွာနေတာလားတော့ မသိဘူး..

ထီးတစ်ချောင်းအောက်မှာ အတူတူလျှောက်လာရင်း ကျွန်တော် ရင်ထဲမှာ တစ်မျိုးတော့ခံစားခဲ့ရတယ်...

ဘာမှန်းမတော့ မသိခဲပါဘူး...

ဒီလိုနဲ့ အဆောင်ဆင်ဝင်အောက်လည်းရောက်ကော...

သူက ကျွန်မနာမည်က နွယ် ပါ.... အကိုနာမည်ကကော့..

ဟုတ် ကျွန်တော်က မိုးစက် ပါ...

နောက်ကို တွေရင် နွယ်ကိုခေါ်ပါနော်.. နွယ်က အခန်း ၁၄ မှာ .. အကိုကကော့..

ကျွန်တော် လည်း အဲဒီအခန်းမှာပါပဲ နွယ်...

ဟုတ်လား ဒါဆို သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့ နော်...

ကျွန်တော် ပြုံးပြရင်း အခန်းထဲသို့ ၀င်လာခဲ့တယ်..

နွယ်က နောက်ကလိုက်လာခဲ့တယ်...

.........

ကျွန်တော် သူထိုင်နေတဲ့ နေရာလေးကို ခဏ ခဏ ကြည့်ဖြစ်နေတယ်...

အချိန်က တော်ကြီးကို အကုန်မြန်သွားတယ်..

အရင်နေတွေက ဆို ကျောင်းဆင်းချိန်ေ၇ာက်ဖို့စောင့်လိုက်ရတာ.. ဒီနေတော့ ကျောင်းက စောစောကြီးဆင်းသွားသလိုပဲ...

ဖယ်ရီကားဝင်ဆီသို့ ဦးတည်ရင်း လှေကားထစ်တွေကို မြန်မြန် ဆင်းလာခဲ့တယ်...

ရှေ့မှာ နွယ် ပါလား တစ်ယောက်တည်း ပုံမှန်လေးရောက်နေတယ်..

ဒါနဲ့ ကျွန်တော်လည်း ခြေလှမ်းနဲနဲတင်ရင်း သူအနားကို လျှောက်သွားတယ်...

နွယ်.. တစ်ယောက်ထဲလား.. ဟုတ်တယ် အကို..

အင်း နွယ်က ဘယ်ကားဝန်းကို ပြန်မှာ လည်း ၀န်း ၄ ပါ အကို...

ဒါဆို အကိုနဲ အတူတူပဲပေါ့...

ဟုတ်လား အကို...

ကျွန်တော်နဲ့ နွယ်နဲ့ စကားတွေ အများကြီးပြောရင် လမ်းဆုံးသွားတဲ့ အထိလျှောက်လာခဲ့ကြတယ်...

နောက်ပိုင်းတွေမှာ ကျွန်တော်နဲ့ နွယ်တို့ အတူစား အတူလာ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်...

တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံပဲ နေခဲ့ကြတယ်....

စာမေးပွဲတွေလည်းနီးလာခဲ့တယ်...

ကျောင်းပိတ်ချိန်တွေလည်း တစ်ဖြည်းဖြည်း နီးလာတယ်.....

အချိန်ရထားက ပုံမှန် လည်ပတ်နေတာပါပဲ ဒါပေမဲ့ ကျွန်တော်နဲ့ နွယ် အတွက် ပိုမြန်လိမ်မယ်ဆိုမှန်ပါတယ်..

စာမေးပွဲတွေ ဖြေပြီးလို နောက်ဆုံး နေ့မှာ ကျွန်တော် နွယ် အခန်းရှေ့မှာ သွားစောင့်နေခဲ့တယ်...

နွယ် ထွက်လာတော

့ ဖြေနိုင်လား နွယ်...

မိုးစက်ရယ် နဲနဲတော့ မရခဲ့ဘူး..

ဘာပဲဖြစ်ဖြစ် နွယ်က တော်ပါတယ်.. အောင်မှာပါ..

မိုးစက်ကော့..ဖြေနိုင်လား

ဟုတ် ဖြေနိုင်ပါတယ် နွယ်.....

နွယ် ကျောင်းပိတ်ရင် နင် နယ်ပြန်မှာပေါ့နော်...

ဟုတ်တယ် မိုးစက်ရဲ့ အိမ်ကိုပြန်ရမယ်လေ...

မိုးစက်ကော့.. အင်း အိမ်မှာပဲပေါ့...

နွယ် ကိုကော့ သတိရနေမှာလား..

အင်း သတိရနေမှာပေါ့ နွယ်ရယ်....

ကျန်မာရေးကို ဂရုစိုက်နော် နွယ်...

နောက် နှစ်ဝက်ပြီးရင် ကျွန်တော်နဲ့ နွယ် မတွေရတော့ဘူးနော်...

ဟုတ်တယ်နော် မိုးစက်...

ကျွန်တော် မျက်ရည် ၀ဲတက်သွားတယ်. နွယ်လည်း အတူပါပဲ...

ကျွန်တော်တို့ ဒီအချိန် အထိ သူငယ်ချင်းတွေပါပဲ.....

တတွတ်တွတ် မှာရင်း နွယ် နဲကျွန်တော် ဖယ်ရီးကားဝန်ကို ရောက်ပြီး

တစ်ယောက်ကို တစ်ယောက် နူတ်ဆက်ရင်း .. အိမ်ပြန်လာခဲ့ကြတယ်...

နေ ကပဲပူတာလား...

ဒါမမဟုတ် အချိန်တွေကပဲ ကြာနေတာလား.....

ကျွန်တော် အကြာကြီးစောင့်နေခဲ့ရတယ်...

အချိန်တိုင်းလည်း နွယ်ကို ကျွန်တော် သတိရနေတယ်...

လွမ်းတယ်လို့ အမည် တပ်ရင်လည်း ရပါတယ်...

ကျွန်တော် နွယ်ကို လွမ်းနေတယ်...

ဟုတ်ပါတယ်....

ဒီဇင်ဘာကျောင်းဖွင့်ရက်နီးလာလေလေ အချိန်က ပိုကြာလေလေ ဖြစ်နေတယ်....

ဒီနေ့ ကျွန်တော် မျှော်နေတဲ့ နေရက်လေးရောက်လာပါပြီ.....

ပထမဆုံး ကျောင်းဖွင့်ရက် ဒီဇင်ဘာရဲ့ အေးချမ်းမှုလေးနဲ့အတူပေါ့....

ကျွန်တော်အစောကြီးနိုးနေတယ် .. ကျွန်တော်နွယ်ကိုတွေဖို့ ပြင်ဆင်ရင်း

ကျောင်းကို စောစောသွားခဲ့တယ်...

ဖယ်ရီဝင်းထဲမှာ နွယ်တို့ ကားအလာကိုစောင့်နေခဲ့တယ်....

ကားတွေတစ်စီးပြီးတစ်စီးေ၇ာက်လာတယ်...

အချိန်အကြာကြီးစောင့်သလိုခံစားနေရပေမဲ့ ကျွန်တော်ပျော်နေတယ်...

နွယ်.. ဆင်းလာခဲတယ်...

နွယ်... ဆံပင်လေးတွေလေထဲမှာ ဆော့ကစားနေတယ်...

အမှတ်မထင်ငေးနေမိတယ်....

သူ ကျွန်တော် ရှိလျှောက်လာခဲ့တယ်....

ကျွန်တော် သူကို စခေါ်လိုက်တယ် နွယ်...နွယ်..ရေ

မိုးစက်...

နွယ် နေကောင်းရဲ့လား...

ဟုတ် ကောင်းပါတယ် မိုးစက်..

မိုးစက်ကော...

ကောင်းပါတယ်..

အဲဒီမနက်လေးတင် စကားတွေ အများကြီးပြောခဲ့တယ်...

အစုံပါပဲဗျာ အဝေးကြီးက တစ်ယောက် နဲတစ်ယောက် ပြန်ဆုံကြသလိုပါပဲ...

ကျွန်တော်နဲ့နွယ် အခန်းထဲမှာ ဘေးချင်းကပ်တိုင်ရင်း စကားတွေပြောလိုက်စာသင်လိုက်နဲ့...

အတော်ပျော်စရာ အချိန်တွေဖြစ်လာခဲ့တယ်....

မြန်တယ်လို ထင်ရတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တွေ.....

နွယ်.. ရင်ခုန်သံတွေကကော့ ပုံမုန်ရှိရဲ့လား...

အရေးမကြီးပါဘူးလေ...

ကျွန်တော်ရင်ထဲမှာတော့ နွယ်အကြောင်းတွေကြီးပဲ.....

လောကကြီးမှာ အချစ်ကအရေးကြီးလား...!

ဒါပေမဲ့ ကျွန်တော်မသိဘူး... နွယ်ကတော့ ကျွန်တော် အတွက် တော့ အတော်ကြီးကို အရေးကြီးတယ်

ဒါဆို ကျွန်တော် နွယ်ကို ချစ်နေမိပြီပေါ့..

ဒီလိုနဲ့ ကျောင်းတော်ကြီးကိုထားခဲရဖို့ အချိန်တွေနီးလာခဲ့တယ်....

ကျွန်တော် တဖြည်းဖြည်း နွယ်ကို မခွဲချင်တော့ဘူး..

အိမ်ရောက်ရင်းလည်း နွယ်ကို ပဲ သတိရတယ်

အချိန်တိုင်းလည်း နွယ်ကို လွမ်းနေမိတယ်...

ကျွန်တော်ဆုံးဖြတ်လိုက်တယ်နွယ်ကို ဖွင့်ပြောလိုက်မယ်လို့...

စာမေးပွဲဖြေဖို့ ကျောင်းတွေ ခဏ ပိတ်ထားခဲ့တယ်....

စာမေးပွဲဖြေမဲ့နေကိုရောက်လာပါပြီ..

အရင်လိုပဲ နွယ်လာနေရာကပဲ စောင့်နေခဲ့တယ်....

နွယ်.... ဆင်းလာပါပြီ

အရင်လို တစ်ယောက်တည်းတော့မဟုတ်ဘူး.. ဘေးမှာလည်း ကောင်လေးတစ်ယောက်နဲ့..

ကျွန်တော်ဆီကို နွယ်တို့ နှစ်ဦး လျှောက်လာတယ်...

နွယ်က ကျွန်တော်ကို စပြီးခေါ်တယ်....

မိုးစက်.. ရောက်နေတာကြာပြီလား..

ဟုတ် မကြာသေးပါဘူး နွယ်...

အော်.. မိုးစက်ကို မိတ်ဆက်ပေးရအုန်းမယ် ဒါက နွယ် နဲ့လက်ထပ်မဲ့သူလေ နွယ်ချစ်သူပေါ့......

လောကကြီးတစ်ခုလုံး အမှောင်ကျသွားသလို့ ခံစားလိုက်ရတယ်.. ရင်ထဲမှာလည်း ပူထူသွားခဲ့တယ်...

မျက်ရည်မကျအောင်ထိန်းရင်း နွယ်ကို အားတင်းပြုံးပြကာ နူတ်ဆက်ပြီး ကျွန်တော် စာမေးပွဲခန်းဆီကို လျှောက်သွားခဲ့တယ်..

အရာအားလုံးက တိတ်ဆိတ်နေသလိုပဲ...

ကြိုးစားပြီး စာမေးပွဲဖြေရင်း မြန်မြန်ထွက်လာခဲ့တယ်...

ကျွန်တော် နွယ် အခန်းကို သွားကြည့်ပြီး ပြန်လာခဲ့တယ်....

ပြောမပြတတ်အောင် ကျွန်တော်ခံစားနေခဲ့ရတယ်..

အံကိုကြိတ်ရင်း ပြောဖို့ ကြံရွယ်ထားတဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်တယ်.....

ဒီနေက စာမေးပွဲနောက်ဆုံးရက်....

ကျွန်တော်စာမေးပွဲဖြေပြီး အခန်းအပြင်ကို အထွက်..

နွယ်.. ကိုတွေလိုက်တယ်..

နွယ်.. စာမေးပွဲဖြေနိုင်လား

ဖြေနိုင်ပါတယ် မိုးစက်ရယ်...

မိုးစက်ကော့ ...အင်းဖြေနိုင်ပါတယ်...

ဒါနဲ့ မိုးစက်ကို မတွေရလို့ လာခဲ့တာ...

မိုးစက် ဘာတွေဖြစ်နေလို့လည်း နွယ်ကိုတောင် မစောင့်တော့ဘူးနော်...

မဟုတ်ပါဘူးနွယ် လာတာလည်း နောက်ကျနေတာရယ် စာတွေမရသေးလို့ပါနွယ်..

ဟုတ်ပါပြီ မိုးစက် ဘာမှမဖြစ်လည်း ပြီးတာပါပဲ..

နွယ်.. ကျွန်တော်ကို ဖုန်းဆက်လိုက်နော် မင်္ဂလာဆောင်ရင်..

အခုတော့ မိုးစက်အိမ်ကို စောစောပြန်ရမှာမို့လိုပါ...

နွယ်ကို ကားဝန်းကို လိုက်ပို့်ပေးမယ်လေ..

ဟုတ် မိုးစက်..

ကျွန်တော်နဲ့ နွယ် အတူတူ လမ်းတွေလျှောက်ရင်း တစ်လမ်းလုံးက တိတ်ဆိတ်နေတယ်..

စကားသံတွေလည်း မရှိတော့ဘူး...

ဘာမှမဖြစ်ဘူးလို့ ပြောနေပေမဲ့ ကျွန်တော် စိတ်ထဲမှာ နွယ်ကို ထာဝရခွဲရပြီ ...

ထာဝရဆုံးရှုံးခဲ့ရပြီ.. ကျွန်တော် မြတ်နိုးတဲ့ နွယ် မျက်နှာလေးကို တိတ်တိတ်လေး ငေးနေရင်း

နောက်ဆုံးအနနဲ့ နွယ်ကို နူတ်ဆက်ခဲ့တယ်....

နွေ ကပဲ ပူလောင်လွန်းတာလား

ကျွန်တော် ရင်ထဲကပူလောင်ခြင်းတွေကြောင့်လား မသိဘူး

နွယ်ကို အရမ်းသတိရပြီး လွမ်းနေမိတယ်...

အရာရာတိုင်းကို လုပ်နေရပေမဲ့ စိတ်တွေအားလုံးက နွယ်.. ဆီမှာပါပဲ...

သူငယ်ချင်းအဆင့်မှာသာ ရပ်နေခဲ့၇တယ်...

နွယ်တစ်ယောက် လက်ထပ်သွားပြီလား ....

အချိန်တွေသာကြာသွားတယ်...

နွယ် အပေါ်မှာထားတဲ့ ကျွန်တာ် အချစ်တွေကတော့ အံသြစရာကောင်းတယ်..

မပြောင်းလည်းသွားဘူး...

အခုထိ နွယ်ကို ချစ်နေသေးတယ်ဆိုလည်း ဟုတ်ပါတယ်....

အောင်စာရင်းတွေ ထွက်ပြီးတဲ့နေကလည်း နွယ်ကို မတွေ့ခဲ့ဘူး...

နွယ်ကော ကျွန်တော်ကော အောင် ခဲ့ပါတယ်...

ဘွဲယူတဲ့နေကကော့ နွယ်ကို မတွေ့ခဲ့ဘူး...

အခုဆို နွယ် ကို ကျွန်တော်မတွေခဲ့တာ ဆယ်စုနှစ်တစ်ခု ဖြတ်ကျော်ခဲ့ပါပြီ...

နွယ်..ဆိုတဲ့ နာမည်လေးတစ်လုံးနဲ့ သူနဲ့ပတ်သက်ခဲ့တာလေးတွေသာ အမှတ်တရကျန်နေခဲ့ရတယ်....

မပြောင်းလည်းသေးတဲ့ စိတ်တွေနဲ့ကော့ မဟောင်းသွားတဲ့ အချစ်တွေနဲ့ နွယ်ကို

ရင်ထဲမှာ အခုထိရှိနေတုန်းပါပဲ...

ကျွန်တော် မပိုင်ဆိုင်ခဲ့ပါဘူး.. ဒါပေမဲ့...နွယ်ကို အခုထိ မှတ်မှတ်ရရ ပုံရိပ်တစ်ခု နယ် ရင်ထဲမှာ ကျန်ရစ်နေခဲ့တယ်....

ကျွန်တော်အရမ်းချစ်၇တဲ့ နွယ်ဆိုတဲ့ကောင်မလေး အခုဆို အဆင်ပြေနေလောက်ပါပြီ.....

အ၇မ်းချစ်ရတဲ့ နွယ်...

မေ့မရခဲ့တဲ့ နွယ်....

ကျွန်တော် ရင်ထဲက နွယ်လေးတစ်မျှင်ဟာ သံယောဇဉ်ခိုင်မာခဲ့လို့လားမသိဘူး အချစ်တွေလည်း မပြောင်းနိုင်ခဲ့ပါဘူး...

နွယ်အကြောင်းတွေကို စဉ်းစားနေမိဆဲပါပဲ...

ကျွန်တော်ကိုယ်တိုင် စဉ်းစားနေတဲ့ နွယ်အကြောင်းတွေကို ရင်ထဲမှာ နွယ်ကို ချစ်တယ်ဆိုတဲ့စကားလုံးနဲ့အတူ

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ထာဝရ သိမ်းထားခဲ့ပါပြီ...

Phoenix Lay@လေပြည်(30/12/2011_04:47 PM)

ကျွန်တော်ရဲ ၄ ပုဒ်မြောက် ဝတ္ထုတို့လေးကို သီးခံပြီး ဖတ်ပေးကြပါအုန်းနော်...

No comments:

Post a Comment