Tuesday, June 28, 2011

သူအတွက် မလိုအပ်တဲ့ ငါ

လောကဓံတရားကို

ခံနိုင်အောင်ကြိုးစားရင်း

ငါ့ မနက်တိုင်းမှာ

သူရဲ့အသံလေးတွေက

လိုအပ်နေတယ်...

အဖော်မဲ့အထီးကျန်နေတဲ့

ငါ့အတွက်

သူရဲ့ဂရုစိုက်မှုလေးကို

တစ်ခါတော့ လိုချင်မိတယ်...

နင်အတွက်

ငါမလိုအပ်ဘူးဆိုတာ

သိနေရက်နဲ့လဲ

ငါမျှော်လင့်ချက်တွေက

ရှင်သန်နေရတာလဲ....

မုန်းတယ်ဆိုတဲ့ အသံ

မသိဘူးဆိုတဲ့ အသံ

ငါနားထဲမှာ

ပဲတင်ထပ်နေတယ်

ငါ သတိရတိုင်း

မင်းပုံလေးပဲ ကြည့်နေရင်းပေါ့...

No comments:

Post a Comment