Wednesday, February 8, 2012

ကောင်းကင်ပျောက်ခဲ့သော တာရာ...

လှိုင်းလေးတွေက ကမ်းနဖူးကို လာရိုက်ခတ်လိုက် ပင်လယ်ကြီးဆီ ပြေးသွားလိုက်နဲ့ ပျော်မြူးနေလိုက်တာ...

ပင်လယ်ပြင်ကြီးရဲ့ လက်ဆတ်တဲ့လေညင်းတွေက ညနေဆည်းဆာကို အသက်ဝင်အောင် ဖန်တီးနေလိုက်တာ

အလွန်ကိုလှပတဲ့ ညနေခင်းတစ်ခုပါပဲ....

နေမင်းကြီးကလည်း အိပ်တန်းဝင်ဖို့ ပင်လယ်ပြင်ကြီးဆီ ခေါင်းမှီရင်း နေ၀င်ဆည်းဆာကို လှပအောင်ဖန်ဆင်းကာ

တစ်နေ့တာအတွက် နူတ်ဆက်သွားနေလေပြီ...

ဒီလိုနဲ့ကျွန်တော် အတွေးတွေလည်း တစ်ချိန်တစ်ခါဆီကို ရောက်မှန်းမသိရောက်နေခဲ့ပါတယ်....

ကျွန်တော်ရဲ့ ပင်လယ်ပြင်ကြီးဆီကို ပထမဆုံးရောက်ခဲ့ဘူးတဲ့နေပေါ့.

အခန်းမရသေးလို့ ထွက်ကြည့်နေရင်းကနေ

ကျွန်တော် ပင်လယ်ပြင်ကြီးဆီကို ပြေးဆင်းချင်နေမိတယ်...

ဟိုဒီလိုက်ကြည့်နေမိတယ်...

ရေထဲတွင်ဆော့သူက ဆော့ ..

ကမ်းစပ်မှာ လမ်းလျှောက်သူက လျှောက်နဲ့....

မြင်ကွင်းဟာ တော်တော် လှပနေတယ်....

စိတ်တွေကလည်း လွတ်လပ်ပေါ့ပါးနေမိတယ်....

အတွေးလေးမဆုံးခင်မှာပဲ အခန်းရပြီဆိုတဲ့ အသံကြားလို့ အရမ်းပျော်သွားခဲ့တယ်...

အခန်းရှိရာကို ချီတက်လာရင်း ပါလာတဲ့ အထုပ်အပိုးတွေကိုနေရာချပြီး

ကျွန်တော် ပင်လယ်ကြီးကို ထွက်လာခဲ့ပါတယ်....

နေကပူနေပေမဲ့ ပင်လယ်ကလာတဲ့ လေနုအေးလေးတွေကြောင့်

ပင်ပန်းမှုတွေပျေက်သွားသလို့ပါပဲ.....

ပင်လယ်ကြီးဆီကို ငေးရင်း ကျွန်တော်လျှောက်လာရင်း ကမ်းစပ်အနားကို မရောက်ခင်မှာ

အမှတ်မထင် စက်ဘီးတစ်စီးက ကျွန်တော်ဆီကို

တည့်တည့်ကြီးတိုးလာနေခဲ့တယ်... ကျွန်တော်လည်း ရှောင်တော့ရှောင်လိုက်တယ်

ရှောင်ပြီးပြန်ကြည့်တော့ စက်ဘီးလေးက မှောက်သွားတယ်.. မိန်းကလေးတစ်ယောက် စက်ဘီးဘေးမှာ....

ဒါနဲ့ကျွန်တော်လည်း စက်ဘီးပေါ်က လူကို သွားပြီးထူပေးဖို့ သွားလိုက်တယ်...

လောကကြီး က အခိုက်တန့်ရပ်သွားသလို့ပဲ..

သူမျက်ဝန်းလေးတွေကို ငေးမိတဲ့ခဏမှာ.....

ကျွန်တော်လည်းငေးနေတာကို ရပ်လိုက်ပြီး

"ဟေ့ မင်းဘာဖြစ်သွားသေးလည်း"

"အင်း နဲနဲပဲနာသွားတယ် အကိုကော့ ဘာဖြစ်သွားသေးလည်း "

"ဘာမှ မဖြစ်ပါဘူး .... ဘာကူညီပေးရအုန်းမလည်း.."

"နဲနဲလောက် စက်ဘီးကို ထူပေးပါလား ကောင်းကင် ကတော့ရပါတယ်..."

ကျွန်တော်စက်ဘီးကို ထူပေးပြီး ကိုင်ထားရင်း

"ဒါနဲ့ နာမည်က ကောင်းကင်တဲ့လား"

"ဟုတ်ပါတယ်.. အကိုကော့"

"ကျွန်တော်က တာရာ ပါ... တာရာလိုပဲခေါ်ပေါ့"

"အင်း.. ကောင်းကင်က ဒီ Max မှာပဲတည်းတယ်.. အကိုကကော့"

"ကိုလည်း Max မှာပဲတည်းနေတာပါ..."

"ညနေကြရင် တာရာအားရင် ဟိုးနားက ခုံလေးမှာ တွေမယ်လေ ....

ကောင်းကင်စောင့်နေမယ်နော်.. အခုတော့သွားပြီ တာရာရေ..."

ပြောပြောဆိုဆိုပဲ စက်ဘီးကို ယူပြီး ထွက်သွားတယ်....

ကျွန်တော်လည်း ကောင်းကင်ဆိုတဲ့ မိန်းကလေးကို လိုက်ကြည့်နေမိရင်း ခြေထောက်ကို ရေလှိုင်းလေးတွေလာထိမှ

သတိပြန်ဝင်သွားတယ် မြင်ကွင်းတစ်ဆုံးကို ငေးလိုက်မိတာ ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘူး......

ကောင်းကင် ဆိုသော သူမနာမည်ကို ရွတ်ရင်း အခန်းဆီသို့ ကျွန်တော်ပြန်လာခဲ့တယ်....

အချိန်က ပင်လယ်လေနဲ့အတူ ညနေဖက်သို့ရောက်လာခဲ့တယ်.....

ပင်လယ်ဆီသို့လှမ်းမျှော်ရင်း ကောင်းကင်ဆိုသောကောင်မလေး ချိန်းထားသော ခုံလေးဆီသို့

ကျွန်တော် ထွက်လာခဲ့ပါတယ်....

ကောင်းကင်နဲ့ တွေပြီးထဲက သူကို သတိရမှုတွေ က စိတ်ထဲမှာ လွမ်းမိုးခဲ့တာကို ကျွန်တော်ကိုတိုင် မသိခဲ့သေးပါဘူး...

သာမန်ဖြစ်ရပ်တစ်လို့သာ ထင်ခဲ့မိတာပါ....

ခုံတန်းလေးမှာ ထိုင်နေရင်း ပင်လယ်ပြင်ကြီးကို ငေးရင်း ဆော့ကစားနေတဲ့လူတွေကို လိုက်ကြည့်နေမိတယ်...

ပင်လယ်လေညင်းတွေနဲ့ အတူ ကျွန်တော် ဆီကို ရနံတစ်ခု သင်းသင်းလေးရောက်လာတယ်.. သေချာပါတယ်

ဒါဟာကောင်းကင်ပဲ ဖြစ်လိမ့်မယ်...

ကျွန်တော် လှည့်ကြည်လိုက်တယ်.. ဟော့ အုန်းသီးနှစ်လုံးကို ပိုက်လို့ ကောင်းကင် ကျွန်တော်ဆီလာနေတယ်..

ကျွန်တော်လည်း ထပြီး လက်ထဲကအုန်းသီးတွေကို ကို ကူသယ်ပေးရင် ခုံလေးဆီသို့ ပြန်လာခဲ့တယ်...

"တာရာေ၇ာက်နေတာကြာပြီလား..."

"မကြာသေးပါဘူး ကောင်းကင်... "

"ကောင်းကင် က အုန်းရေသောက်မလို့ သွားဝယ်နေတာနဲ့ နဲနဲကြာသွားတယ် sorry ပါနော် တာရာ"

"ရပါတယ် ကောင်းကင်"

"တာရာ ရော့လေ တစ်လုံးသောက်နော်... "

ကျွန်တော်.. ကောင်းကင်၇ဲ့အကြောင်းတွေကိုမေးရင်း စကားတွေဖောင်ဖွဲ့နေခဲ့တယ်.....

အချိန်ဘယ်လို့ကုန်သွားမှန်းမသိဘူး ပင်လယ်ပြင်ကြီးဆီတောင် မရောက်ဖြစ်လိုက်ဘူး....

ညရဲ့လေးညင်းတွေနဲ့ အတူပင်လယ်ပြင်ကြီးဟာ အေးစက်စက်နိုင်လာတယ်...

ကောင်းကင်နဲ့ ကျွန်တော် နူတ်ဆက်ရင်း ညနေစာစားဖို့ပြန်ခဲ့ကြတယ်....

ကောင်းကင် အကြောင်းတွေသား အတွေးထဲမှာရောက်လာနေရင်း

ကျွန်တော် မသိစိတ်တွေက သူမကို စွဲလန်းနေမိတယ်...

မသိမသာကြီး တစ်ဖြည်းဖြည်း တိုးလာခဲ့တယ်...

အခိုက်တန့်လေးဆိုပေမဲ့ သူမက ကျွန်တော်ကို တော်တော်ကြီး စိုးမိုးထားခဲ့ပါပြီ...

ညနေစာစားပြီး ကျွန်တော်လည်း မအိပ်ချင်သေးတာနဲ့ ကောင်းကင်နဲ့တွေခဲ့တဲ့

ခုံလေးဆီပြန်သွားရင် ပင်လယ်ရဲ့ညကို တစ်ယောက်တည်း ထိုင်ရင်း ကောင်းကင်အကြောင်းကို တွေးနေမိတယ်...

အတော်လေးကြာသွားတော့ လေညင်းတွေက ရနံလေးတစ်ခုကို သယ်ဆောင်လာတယ်...

ဒါကျွန်တော် အလွန်နှစ်သက်နဲ့ ကောင်းကင်ရဲ့ ကိုယ်သင်းရနံလေးတစ်ခုပဲ..

ဟုတ်ပါတယ် သေချာပါတယ်...

ကျွန်တာ် လှည့်ကြည့်လိုက်တယ်.. ည၀တ်အကျီင်္လေးနဲ့ကောင်းကင်....

ကျွန်တော်အနားကိုရောက်တော့

"တာရာ မအိပ်သေးဘူးလား...

ဟုတ်မအိပ်သေးဘူး ကောင်းကင်ကော့...

အင်း.. မနက်ဖြန်ဆိုကောင်းကင်ပြန်တော့မှာလေ .. ဒါကြောင့် ပင်လယ်ကြီးကိုလာနူတ်ဆက်တာလေ ....

ဟုတ်လား ကောင်းကင်က မနက်ဖြန်ပြန်တော့မှာပေါ့နော်....

ဟုတ် တာရာ..."

ထို့ခဏတွင် ကျွန်တော် နှလုံးသားတစ်ခုလုံး နှုံးချီသွားသလို့ခံစားလိုက်ရတယ်.....

"တာရာကရော ဘယ်နေ့ပြန်မှာလည်း..

ကျွန်တော်က သန်ဘက်ခါ မှပဲပြန်မှာပါ ကောင်းကင်...

အော်ဟုတ်...

နောက်နေ့တာရာ ကောင်းကင်ကို သတိရမနေနဲ့နော်..လို သူမရီကျဲကျဲလေးနဲ့ပြောပြီး ထွက်သွားခဲ့တယ်...."

အတိုင်းမသိရင်ထဲမှာခံစားလိုက်ရတယ်... ဘာရယ်ကြောင့်ဆိုတာ အတိကျ အဖြေမရှိခဲ့ဘူး.....

ညကို စိုးမိုးနေခဲ့သူက ကောင်းကင်.....

သူအကြောင်းတွေကို စဉ်းစားနေမိတာက ကျွန်တော်.....

မိုးစင်စင်လင်းခံနီးလောက်မှာ ကျွန်တော် အိပ်ပျော်သွားတယ်...

နိုးလာတော့ အချိန်က ၁၂ နာရီလောက်ရှိသွားတယ်....

အင်း .. အခုဆိုကောင်းကင် ပြန်သွားလောက်ပါပြီလို့တွေးရင်း မနက်စာနဲ့နေခင်းစားကို ပေါင်းစားပြီး...

ပင်လယ်ကြီးဆီထွက်လာခဲ့တယ်.. ကောင်းကင်နဲ့တွေခဲ့သော ခုံလေးမှာပဲရွေးထိုင်မိရင်း

ကျွန်တော် သူမကို လွမ်းနေမိတယ်...

ညနေစောင်းပင်လယ်ကြီးဆီရေကစားရင်း

ကောင်းကင်ကို ပဲခဏဏ သတိရလာမိတယ်.....

အ၀တ်စားလဲပြီး ညစားစာဖို့ပြင်ဆင်နေမိရင်း ပင်လယ်ကြီးဆီကိုငေးရင်း ကောင်းကင်ကို သတိရနေမိတော့တယ်....

ဘယ်အရပ်ကိုပြန်မယ်ဆိုတာလည်း မမေးမိခဲ့ဘူး.. ဖုန်းနံပတ်လေးတောင် မရှိခဲ့ဘူး..

ဘာလို့များ သတိ၇နေမိတာလည်း ကိုယ်တိုင်အဖြေရှာရင်း....

ကောင်းကင်ကို လွမ်းဆွတ်မှုတွေ ပိုများလာခဲ့တယ်.....

ပင်လယ်ကြီးကို နူတ်ဆက်ပြီးနောက်နေ့မနက်စောစော ပြန်လာခဲ့တယ်....

ကောင်းကင်ဆိုသော ကောင်မလေးကို အမြဲတမ်းသတိရနေခဲ့တယ်...

လူတွေအများကြီးထဲမှာလည်း လိုက်ရှာနေမိသေးတယ်....

သေချာခဲ့တာကတော့ ကောင်းကင်ကို ကျွန်တော် သတိရနေတဲ့ စိတ်တွေက က အလွမ်းတွေအဖြစ်ပြောင်းသွားခဲ့တယ်...

ကောင်းကင်ရေ...

ပင်လယ်ကြီးက

ကျယ်ပြောသလို့

သံယောဇဉ်လေးတွေက

ခဏတာလေးမှာ

စိတ်တစ်ခုလုံးကို

ချည်နှောင်သွားခဲ့တယ်....

ကောင်းကင်မသိတဲ့

ချစ်ခြင်းတွေနဲ့

မှုန်ဝါးဝါး

အလွမ်းရောင်

ကဗျာအချို့ကို ရွတ်နေရင်း....

အခု ချိန်ပင်လယ်ကြီး ကိုပြန်ရောက်လာတဲ့အခါ ဘာမှမပြောင်းသွားတဲ့ တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ

အတူတွေခဲ့တဲ့ ပင်လယ်ကြီးမှာပဲ ထိုင်ခဲ့ဘူးတဲ့ထိုင်ခုံလေးမှာ ထိုင်ရင်း ကောင်းကင် ကို မျှော်ရင်း

ကျွန်တော် အတွေးတစ်ဆကို မေ့ပျောက်လို့ မရနိုင်ခဲ့သေးပါဘူး...

ကောင်းကင်အတွက် ကျွန်တော်က ဘာမမဟုတ်ဘူးဆိုပေမဲ့ ကျွန်တော်အတွက် သူကို ပြန်တွေရင် ပြောမည့်စကားတွေနဲ့

စောင့်မျှော်ရင်း နေတောင်ဝင်သွားခဲ့ပါပြီ.........

ကောင်းကို မျှော်တတ်တဲ့ တာရာဆိုသော ကျွန်တော်ရဲ့ ဖြစ်ရပ်အချို့ကို ပင်လယ်ကြီးဆီအပ်နှံရင်း ကျွန်တော် ဇာတ်လမ်းကို

အဆုံးသတ်လိုက်ပါရစေတော့....

Phoenix lay@လေပြည် (07/01/2012--12:18 PM)

အားလုံးကိုကျေးဇူးတင်လျက်...

၅ ပုဒ်မြောက် ဝတ္ထုတို့လေးကိုလည်း သီးခံပြီး ဖတ်ပေးကြပါအုန်းနော်..

No comments:

Post a Comment