ဘာသာ ပြန်ဖို့ မလွယ်ဘူး.....
နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်ခဲ့ဘူး...
ထုတ်ဖော် ပြောခွင့်မရှိဘူး...........
ဆွံအ နေသော
နူတ်ခမ်း တစ်စုံနဲ့
သူပြောသမျှ
ခေါင်းညိတ်ခဲ့တဲ့
ငါ....
သူစေရာ နေ
သူလုပ်သမျှ ကျေနပ်ယုံ
ဖြေသိမ်တတ်တဲ့
ငါ...
အခုတော့လောကကြီးမှာ
ကိုယ်တိုင်ကပဲ နားထောင်ကောင်းသူပဲဖြစ်ခဲ့တာလား
အားလုံးကို မငြင်းခုံချင်တော့တာလား
ငါကိုယ်တိုင် ဝေေ၀ ၀ါးဝါး ပါပဲ.....
ပျော်ရွှင်စရာ မလိုဘူး
ငြင်းခုံစရာ မရှိဘူး
အားလုံးကို
သဘာဝဆန်ဆန်လေးပဲ
အထီးကျန်ဆန်စွာနဲ့
အလွမ်းတွေကို စားသုံးရင်း
ဘာလို့လိုနဲ့
နှစ်တွေကြာမြင့်ခဲ့ပြီပဲ...
သူမသိခဲ့ဘူး....
သူမရှိခဲ့ဘူး.....
ဒါပေမဲ့
တမ်းတတိုင်းလည်း သူပါခဲ့တယ်...
သတိရတိုင်းလည်း သူပါခဲ့တယ်...
အသက်ရူသံတွေနဲ့ ထပ်တူ သူက ပါနေပြန်ရော.....
လွမ်းယုံသာ
ပြင်မရတဲ့ဘ၀မို့
တင်သမျှ အလွမ်းအကြွေး
တစ်ဖြည်းဖြည်း
ငါပေးဆပ်သွားမှာပါ......
Phoenix Lay@လေပြည်(15/12/2011---11:05 AM)
No comments:
Post a Comment