ဆောင်းနှင်းဖြူဖြူ
ငွေမှုံစတွေကြားမှာ
လေတိုး သံတွေကို
နားစွင်နေမိတယ်
ချစ်သူ များ
ပြန်ရောက်လာလေမလားလို့...
ကံတရားရဲ့
စီရင်ချက်အောက်မှာ
ထုချေလွှာတောင်
တင်ပြခွင့်မရှိခဲ့ဘူး..
စွတ်စွဲမှု
တစ်ခုတည်းနဲ့
အလွမ်းရဲ
အပြစ်ဒဏ်ကိုသာ
တစ်သက်လုံးစာ ကျခံစေခဲ့တယ်...
အခန်းကျဉ်းလေးထဲက
ငါမျှော်လင့်ချက်က
လောကကြီးတစ်ခုလုံးကို
ယှဉ်လို့ရလောက်အောင်
ကြီးမားခဲ့ဘူးတယ်
မင်းနဲ့ပတ်သက်လို့..
ဒါပေမဲလဲ
အလွမ်းအပြစ်ဒဏ်သင့်
လူတစ်ယောက်မို့
အနာဂတ်တစ်ခုဟာ
ေ၀၀ါး တိုးတိတ်ခဲ့ပြီး
မျှော်လင့်ချက်ကလဲ
ဦးတည်ချက်မဲ့ခဲ့ရပြီ...
ရှုံး နိမ်ခြင်းထဲက
ခါးသက်မှုမှာ
ချစ်ခြင်းတွေ
ပေါင်းစပ်ပါဝင်နေသေးတော့
အမုန်း ဒဏ်ကို
မျက်ရည်စတွေနဲ့
ကာနေယုံနဲ့
နှလုံးသား ဒဏ်ရာတွေကို
ကုစားလို့မရခဲသေးဘူး....
ကြယ်ကြွေတဲ့အခါ
ဆုတောင်းရင် ပြည်တယ်တဲ့..
ငါ ဆုတောင်းပြည်ဖို့
ကြယ်တွေကြွေ ပေးရတာ
မတားရာရောက်ပါတယ်
မဖြစ်နိုင်တဲ့
အရာတစ်ခုကို
ကြိုးစားလို့မရတဲ့အခါ
တစ်ခါတစ်လေတော့
အတိတ်ကို
ပြန်ပြောင်းပစ်ချင်ယုံလေးပါ
ငါ လောဘသိပ်ကြီးခဲ့လို့လား....
ဒါမဟုတ်
ငါ က မင်းကို အရမ်းချစ်ခဲ့လို့
ထားရစ်ခဲ့တား....
မင်းကတိုးတိတ် ညင်သာစွာနင်းခဲ့ပေမဲ့
နှလုံးသား ထက်က
မင်းခြေရာတွေက
အက်ကွဲကြောင်းတွေနဲ့အတူ
ကျန်ရစ်ခဲ့တယ်
မတားရက်ခဲ့ပါဘူး...
Phoenix Lay@လေပြည် (25/11/2011--02:07 PM)
No comments:
Post a Comment