မင်းအတွက်
နှင်းစက်တွေကို
မအပ်နှင်းနိုင်ဘူး....
သောကတွေကို
နှလုံးသွေးနဲ့
ချွေသိပ်ဖို့
ရင်ခွင်တစ်စုံ
ရှိတယ်.....
မင်းအတွက်
ပြည်စုံအောင်မထားနိုင်ဘူး...
ဒါပေမဲ့
ခွန်အားအပြည့်နဲ့
ချစ်နေတဲ့
နှလုံးသားတစ်စုံ
အသင့်ရှိတယ်....
မင်းအတွက်
မလိုအပ်တော့တဲ့အခါ
စက္ကူတစ်ရွက်လို့
စုတ်ဖြဲ
နင်းခြေခဲ့လည်း
ကြေမွတဲ့
မျှော်လင့်ချက်အချို့နဲ့
အတွေးတွေထဲက
နင်ကို
ရင်မှာနာကျင်
သေရာပါဒဏ်ရာတွေနဲ့
ထပ်ခါထပ်ခါ
တမ်းတနေမိသူပါ...
မင်းအတွက်
သိပ်ချစ်ရက်နဲ့
နေရစ်
အဖြေမရှိလည်း
မနာနိုင်အသည်းက
ခွဲသွားတဲ့
ခြေရာကို
အကြိမ်ကြိမ်
ပြန်ကောက်နေမိပြန်တယ်...
မင်းအတွက်
အရာရာကို
ပေးဆပ်ချင်ခဲ့ပေမဲ့
ဖြည့်မဆည်နိုင်
လောကဓံက
ပူလောင်မှုတွေနဲ့
အသည်းနှစ်မွှာကို
တစ်နေရာစီ
ခြားစေခဲ့ပီ....
မင်းအတွက်
စွဲလန်းမှုကြီးကြီးနဲ့
လူတစ်ယောက်က
ဘယ်အချိန်မဆို
အဆင်သင့်
စောင့်နေခဲ့သူပါ...
Phoenix Lay@လေပြည် (31/01/2012--07:45 PM)
No comments:
Post a Comment