သက်တန့်တွေကို
အရောင်ထပ်ထည့်ဖို့
တွေးခဲ့မိဘူးတယ်....
မေ့မရဘူးလို့
ပြောနေတဲ့
ငါစိတ်တွေကို
တမ်းတခြင်းတွေနဲ့
ထပ်လောင်းနေခဲ့မိသေးတယ်...
သံသယကင်းပါတယ်ဆိုမှ
အာဃာဏ
တရားတွေနဲ့
ငါအပေါ်ကို
ခက်ထန်စွာ
ဆက်ဆံခဲ့တယ်....
ကြားသမျှ
သတင်းတွေထဲက
မင်းအကြောင်း
အတင်းတွေလို
စောင်းမြောင်းလာရင်
သောင်းပြောင်းထွေလာ
စကားတွေနဲ
လွှဲပြီး
ငါဟာ အရူးကြီးတစ်ယောက်လို့
ထထွက်သွားခဲ့တယ်.....
လူတွေကြောင်း
နားမလည်ဘူး
ငါဝန်ခံတယ်
ဒါပေမဲ့
မင်းအကြောင်း
နားလည်ဆုံးသူမို့
အစအလယ် အဆုံးမှာ
အမုန်းနဲ့ခွဲ
အပြုံးအရိပ်တောင်
လမ်းခွဲတဲ့အချိန်မှာ မတွေလိုက်ရပါဘူး.....
အခုတော့
အလွမ်းလက်ကျန်တွေကို
တယုတယ
ထွေးပိုက်ရင်း
သူအပြုံးတွေကို
လိုက်ရှာနေမိသူမို့
အတွေးထဲမှာတော့
သူအကြောင်းတွေ
ပြည်နှက်နေဆဲပါ.....
Phoenix Lay@လေပြည် (30/01/2012--04:53 PM)
No comments:
Post a Comment