တခမ်းတနားကြီးမဟုတ်ခဲ့ပေမဲ့
အလွမ်းများတဲ့
ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဘူးတယ်...
အများကြီးထဲကမှ
သူနဲ့တွေ့ဖို့
အကြောင်းဖန်လာတော့
ပျော်ရွှင်စရာလို့
ထင်မှတ်ခဲ့တာ
ပြောင်းပြန်အချိုးကျခဲ့သလားမှတ်ရတယ်
ကိုယ်ချစ်သလောက်
ပြန်မရခဲ့တာ
ကိုယ့်ရဲ့ကံကြမ္မာပဲပေါ့။
ရတာမရတာ
ဂရုမစိုက်ပေမဲ့
အကြောင်းပြန်စေချင်တဲ့
စာတိုလေးတစ်ကြောင်းတောင်
မက်မောလောက်အောင်
သိမ်းထားခွင့်မရှိခဲ့ဘူး..
တစ်ချက်မှားခဲ့ပြီဟု
အပြောများသော
သူအကြောင်းတွေနဲ့
ပျက်ပြားခဲ့သော
ကျွန်မစိတ်များဟာ
သူကိုတွေ့တိုင်း
မေ့မရမှုအပေါင်းသာ
ခညောင်းနေပြန်တော့
ရင်ခုန်သံအပိုင်းအစတိုင်းက
ကမ်းနဲ့လှိုင်းလို့
သူရှိရာအရပ်ကို
အလွမ်းတွေနဲ့
ဦးခိုက်နေမိပါရဲ့
ကျန်တော့မယ်
ဘ၀တစ်ခုလုံး
အပြုံးမျက်နှာထားတဲ့
အလွမ်းရုပ်ကို
မပီပြင်အောင်
စာစီနေရင်း
ကျနေတဲ့
ပုလဲလုံးတွေက
ပူနွေးသောနာကျင်မှုတွေကို
တစ်စိမ့်စိမ့်အမှတ်ရနေ့စေခဲ့ပြီ....
အခုဆို
အမုန်းနဲ့လမ်းခွဲခြင်းမျိုး
မဟုတ်ပေမဲ့
အရှုံးအမြတ်ကို
မတွက်ခဲ့သူမို့
နေသားကျနေတဲ့
ရင်ခုန်သံတချို့လဲ
ဒွိဟပေါင်းစုံနဲ့ရောထွေးလို့
အသက်ရူသံတွေတောင်
ခပ်နဲနဲပဲကျန်တော့တယ်....
မုန်းတတ်ခဲ့ရင်
အပြုံးကင်းတဲ့
နှလုံးသားတစ်စုံအတွက်
ကျွန်မချစ်ရသောသူ
ပူလောင်မှုသောက
အစဉ်ကင်းစေချင်ရင်း
ရေးလက်စ
အမုန်းကင်းတဲ့ ကဗျာတစ်ပုဒ်ကို
နှလုံးသွေးတွေနဲ့
ရေးမိခဲ့ပါပြီ..
Phoenix Lay@လေပြည်(24-01-2012--03:00 AM)
No comments:
Post a Comment