Wednesday, February 8, 2012

အလွမ်းနံနက်ခင်းရဲ့ တမ်းတခြင်း....

မျှော်လင့်ခြင်းတွေပြည်နေတဲ့

ဆောင်းမနက်ခင်းတစ်ခုက

အလွမ်းတွေကြောင့်

အေးစက်စက်နိုင်နေခဲ့ပြီ.....

ချမ်းစိမ့်စိမ့်

လေပြည်တွေကြားမှာ

ရင်ခွင်တစ်ခုလုံး

ပူလောင်နေမိပါရဲ့....

အတူတူသာဆို

ရာသီရဲ့

မညီမျှခြင်းကို

ရင်ခြင်းအပ်လို့

လက်ခြင်းထပ်ကာ

အံတုလိုက်ချင်ရဲ့...

အခုတော့

အဝေး...

ဆောင်းကလည်း

အေးတော့.....

တစ်ချိန်တစ်ခါကို

သတိရမိပါရဲ့.....

အတူတူဖြတ်သန်းတဲ့

အချိန်တွေက

ဆောင်းနံနက်ခင်းတစ်ခုမှာ

ပိုလိုလွမ်းစေခဲ့ပြီ......

ဒါဆိုရင်

အလွမ်းနံနက်ခင်း

တစ်ခုရဲ့

အလွမ်းကဗျာ

သို့မဟုတ်

တမ်းတခြင်းတွေပေါ့....

Phoenix Lay@လေပြည် (18/01/2012--09:06 AM)

No comments:

Post a Comment