Wednesday, February 8, 2012

မပျက်ပြယ်သော ချစ်ထုံး....

အကြင်နာမှုက

ပါးလွလွ...

မေ့ပျောက်မှုက

ခဏခဏ...

အလိုမကျတတ်တဲ့

မင်းအဖို့

အလိုလိုက်

အကြိုက်ဆောင်ခဲ့လည်း

အလိုမရှိ

ထားရစ်ခဲ့တယ်ပေါ့....

ရက်စွဲတိုင်းက

အမှတ်တရ

နေရက်တိုင်းက

မေ့မရ....

အလွမ်းသံစဉ်တွေကို

နားထောင်

ကြားရောင်နေခဲ့တဲ့

မင်းအသံလေးတွေ

အနားမှာ

ရောင်ပေပေနဲ့

ခိုးကြည့်နေမိတဲ့

ခဏခဏဟာ

ဘ၀နှစ်ခုအတွက်

အလွန်ကွာဝေးသွားခဲ့ပြီလေ....

အတွေးတွေကို

လွန်မြောက်ဖို့

မင်းအကြောင်းတွေကို

မစဉ်းစားတော့ပေမဲ့

အမြဲတစေ

ဝင်လာတတ်တဲ့

မင်းအကြောင်းအချို့က

နေရက်တိုင်းကို

လွမ်းစေခဲ့ပြီ....

သံယောဇဉ်ကင်းမဲ့သွားသော

မင်းအတွက်

ချစ်ခြင်းမပျက်ပြယ်တဲ့

ငါကတော့

တမ်းတခြင်းတွေကြား

လွမ်းစွတ်မှုတွေနဲ့

အမြဲတမ်း မေ့မရခဲ့ပါဘူး.....

Phoenix Lay@လေပြည် (18/01/2012--09:20 AM)

No comments:

Post a Comment