Wednesday, February 8, 2012

စိတ်ကောက်တတ်တဲ့ချစ်သူသို့

အပြုံးလေးတွေကြား

တစ်ခါတစ်ခါ

ပါလာတတ်တဲ့

စိတ်ကောက်တတ်တဲ့

နူတ်ခမ်းပါးလေးကို

အကြောက်ဆုံးပါ.....

အခန့်မသင့်လို

ဖြစ်တတ်တဲ့

နားလည်မှုအချို့

လွဲမှားတတ်တဲ့

အကြောင်းတစ်ချို့ကြောင့်

အပြုံးလေးတွေပျောက်လို့

အံကြိတ်ရင်း

စိတ်ကောက်သွားတဲ့အခါ...

ပြေလျောဖို့

ကြိုးစားရင်း

မျက်နှာပေါ်က

အပြုံးတစ်ချက်ကို

ရှာဖွေသူပါ....

ကြာကြာမထားသင့်တဲ့

စိတ်ကောက်ခြင်းတွေကို

နားလည်မှုနဲ့

ဖြေသိမ်ပေးရင်း

ခွင့်လွတ်မှုနဲ့

ဖြေလျော့ပေးစေချင်သူပါ.....

နှစ်ကိုယ်တူ

အနေမဝေးဖို့

ချစ်သူဘေးနားမှာ

စိတ်ပြေဖို့

ကဗျာတစ်ပုဒ်နဲ့

ခွင့်လွတ်မှုကို

မျှော်လင့်နေခဲ့သူပါ....

ချစ်သူ

မင်းပြုံးနေတဲ့အခါ

ပျော်စရာတွေက

ကိုယ်ရင်ခွင်မှာ

ပြည်နှက်နေခဲ့သူပါ...

အမြန်ဆုံး

ချစ်သူမျက်နှာပေါ်က

ချစ်စရာအပြုံးလေး

တွေပါရစေတော့....

Phoenix Lay@လေပြည် (11/01/2012--03:12PM)

No comments:

Post a Comment