ခံစားမှုဆိုတာ
ရင်ထဲက
ပေါက်ဖွားလာခဲ့တာဆိုရင်
မြစ်ဖျားခံ၇ာကို
လိုက်ရှာမိပေမဲ့
ဘာလို့မတွေခဲ့သေးတာလည်း...
အခြေအနေတွေဆိုတာ
အချစ်တစ်ခုကို
တားဆီးတတ်လား....
ကျော်ဖြတ်ဖို့
နည်းလမ်းကို
မတွေ့ခဲ့လို့
ဝေးခဲ့တာလား
ဒါမမဟုတ်
နည်းလမ်းမရှိခဲ့တာလား....
အချစ်ဆိုတာ
နားလည်မှု
ခွင့်လွတ်မှုနဲ့
တည်ဆောက်ရတာဆိုရင်
နားလည်မှုကော့
ခွင့်လွတ်မှုကော့
ရှိခဲ့ရဲသားနဲ့
ဘာလို့ဝေးသွားခဲ့ရတာလည်း...
အတွေးထဲက
မင်းအကြောင်းတွေကို
မေ့ဖြစ်ဖို့
ကြိုးစားခဲ့လည်း
ထပ်တွေးနေခဲ့တာပဲ
ဒါပေမဲ့
အကြောင်းပြ
ချက်ကောင်းကောင်းပေးဖို့
အခုထိမတွေ့သေးဘူး..........
ကျွန်တော်ကိုယ်တိုင်
ရှာဖွေနေတဲ့
အကြောင်းအရာတွေပါ
ကိုယ်တိုင်လည်း
မသိခဲ့ပါဘူး....
Phoenix Lay@လေပြည်(11/01/2012--03:25PM)
No comments:
Post a Comment