ကျွန်တော်အနား
သူလာတုန်းက
နှင်းဆီဖူးလို့
နူတ်ခမ်းတစ်စုံ
ပန်းနုရောင်
ပါးနှစ်ဖက်
စည်းချက်ကိုက်စွာ
လှလွန်းတာကို
တွေခဲ့ရတော့
နှလုံးသွေးတွေ
ဆူပွက်မတတ်
ရင်မှာ
ဗလောင်ဆူ
အရောင်မတူနဲ့
လူနှစ်ယောက်မို့
ပေါင်းစပ်ဖို့
အတော်ခက်ခဲ့ပါတယ်....
လက်တွဲခဏ
မေ့မရတဲ့
သူအတွက်
ရေးစပ်ထားတဲ့
ကဗျာတစ်ပုဒ်ဟာ
သူအကြောင်းတွေနဲ့
စာစီထားမိနေတုန်းပါ....
မမေ့ပါနိုင်
မြိုင်တော့မှာ
အလွမ်းတွေကြွေလို့
သတိရခြင်းဝေတဲ့
နှလုံးသားတစ်စုံက
သူရှိရာအရပ်ဆီ
မှန်းစ
တမ်းတမျှော်နေရတုန်းပါ....
ပျော်မယ်ထင်လို့
ထားခဲ့တာကို
ပျော်လားလို့
မေးခွန်းတွေနဲ့
ချောင်ပိတ်မေးတဲ့အခါ
အပြုံးတစ်ခုကလွဲပြီး
မေးစရာ
တုန်ပြန်စရာ
အဖြေမဲခဲ့သူပါ.....
လေတွေလည်း
မတိုက်ဘူး...
နှင်းတွေလည်းမဝေဘူး...
မိုးစက်တွေမကျဘူး....
ရင်ထဲက
အလွမ်းရာသီမှာ
သတိရခြင်းတွေသာ
ရွာသွန်းလျက်
မျက်ရည်မြစ်
တစ်စင်းက
နှလုံးသားမှ
မြစ်ဖျားခံရင်း
ငါ့ ပါးနှစ်ဖက်က
စီးဆင်းသွားခဲ့ပါပြီ...
ကျေနပ်ပါတော့....
Laypyay@လေပြည် (09/01/2012--04:57 PM)
No comments:
Post a Comment