Wednesday, February 8, 2012

အပိုင်းအစလေးများထဲက ဆုတောင်း......

စိတ်၏စေရာ

သွားခဲ့ပါလျင်

မင်းအနား

အမြဲ

မခွဲမခွာ

တွယ်တာစွာ

နေချင်ခဲ့မိ

ကျွန်တော်မှာ အပြစ်ရှိလား....!

အသေချာ

တွေးကြည့်ရင်

ရင်နာစရာ

အတိနဲ့မို့

အဖြေစရာ

စကားတစ်ခွန်းနဲ့

မရေရာတဲ့

အပြောတွေကြား

အချစ်ငတ်ခဲ့သူက

ချစ်တတ်သူတစ်ယောက်

ဖြစ်လာခဲ့ပြီ...

ကျွန်တော်မှားခဲ့သေးလား.....!

ခပ်အေးအေး

နေတတ်သူမို့

တွေးစရာ

ဘ၀အကြောင်းနဲ့

ထပ်ပေါင်းကာ

ငေးနေမိတိုင်း

တိုက်ဆိုင်မှုပဲဖြစ်ဖြစ်

မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်

မင်းအကြောင်းက

အဟောင်းအဖြစ်

မပြောင်းပစ်ခဲ့သလို့

အကြောင်းရာ

အသစ်မရှိ

ရယ်မောစရာ

ဗလာပဲရှိခဲ့သူပါ..

ကျွန်တော် တမ်းတနေမိတာလား...!

အခုဆို

ဘယ်သူနဲ့

အကြင်နာတွေပိုလို့

ရင်ခွင်မှာ ခိုရင်း

ချစ်တေးဆိုနေမလည်း....

ကျွန်တော်တွေးနေမိပြန်တယ်....!

မင်းတစ်ယောက်

ခရီးတစ်လျှောက်

နှလုံးသားကွဲရှသံတွေနဲ့

ကင်းရှင်းစွာ

မင်းနေထိုင်ရာအရပ်

ချစ်ခြင်းတွေဝေပြီး

လွမ်းခြင်းတွေကြွေပါစေ....

အခုတော့ ကျွန်တော် ဆုတောင်းနေမိပြန်တယ်...!

Phoenix lay@လေပြည် (10/01/2012---11:09 AM)

No comments:

Post a Comment