Wednesday, February 8, 2012

မမေ့စေခဲ့သူ....

မင်းမျက်ဝန်းကို

လိုက်ဖတ်နေတဲ့

သူတစ်ယောက်မို့

မျက်ဝန်းက

တိမ်ညိုသန်းလာရင်

ရူးမတတ်ပါပဲ....

အချစ်နဲ့ပတ်သတ်ရင်

ညံလွန်းတဲ့

ငါအဖို့

မင်းမျက်နှာကို

တစ်စိမ့်စိမ့်ကြည့်နေခဲ့တာပါ...

တစ်ချက်လေး

ပျက်သွားတဲ့

မျက်နှာလေးကို

ငေးနေရင်း

ငါမျက်ဝန်းတွေ

ထိန်းမရအောင်

ဝဲတက်လာခဲ့တယ်....

တစ်ကယ်လို့သာ

ဝေးများဝေးခဲ့ရင်

ဆိုသော အတွေးများနဲ့

နင်အနားမှာ

အမြဲပဲ

အရိပ်ပမာ

မခွဲမခွာပဲ

နေချင်နေမိပါတယ်....

အကြောင်းပြချက်တွေ

အများကြီးမရှိပေမဲ့

တစ်ခုတဲ့သော

အသုံးအနူန်းလေးနဲ့

ထားရစ်ခဲ့လေတယ်....

ရင်ဘတ်နဲ့

လိုက်ကောက်ထားတဲ့

စကားလုံးများကို

လွယ်လွယ်လေးနဲ့

မေ့မရအောင်

သွေးဆောင်ခဲ့တာပဲလေ....

မေ့တတ်အောင်

သင်ဖို့များ

မေ့သွားလေလျော့လား

ဒါမဟုတ်

တမင်တကာပဲ

မမေ့ခိုင်းခဲ့တာလား.....

အခုဆို

အလွမ်းနဲ့ပျိုးထားတဲ့

ရင်ဘတ်မှာ

မင်းထားခဲ့တဲ့

ပုံရိပ်တွေနဲ့

နှလုံးသားတစ်ခုလုံး

ဖုံးလွမ်းနေခဲ့ပါပြီ......

Phoenix Lay@လေပြည် (07/01/2012--10:50 AM)

No comments:

Post a Comment