အမေ..
ရပ်ဝေးကနေ
လွမ်းခြင်းတစ်ပုဒ်သာ
အခါခါရေးလို့
ခလေးတစ်ယောက်လို့
အမေပျောက်ကိုရှာနေမိတယ်.....
အမေ ရင်ငွေ့နွေးနွေး
ပြေးဝင်ကာ
ခိုဝင်နေချင်မိတယ်......
အမှားပေါင်းများစွာ
ကျူးလွန်တိုင်းလည်း
အပြုံးလေးဖက်ပြီး
မှန်ရာကို လမ်းပြ
ဆုံးမပေးတဲ့ အမေ....
တစ်စိမ်းတွေကြား
ပြေးလွားနေရင်း
အချိန်ကိုလုနေရတဲ့
ဘ၀တွေမှာ
အမေအနီးနားမှာ
ပေးကူ ထွေးပွေ့ဖို့
အနားမှာမရှိ
အားငယ်မိပါတယ်.....
နေကောင်းရဲ့လား
ဖုန်းသံလေးကလွဲလို့
အမြဲတမ်း
စိုးစိတ်တွေနဲ့
အမေအရိပ်ကို
လွမ်းမိပါတယ်.....
တတ်နိုင်သလောက်
သတိရမှုများကို
ဘုရားမှာ
အခါခါ
ဆုတောင်းရင်နဲ့သာ
အမေ တစ်ယောက်
ကျန်းမာစွာနေထိုင်လျက်ရှိပါစေ......
အသိုက်မြုံလေးထဲ
ပြန်ခွင့်ရခဲ့ရင်
အမေ ရင်ထဲ
တိုးဝှေ့ရင်း
အမေချော့သိပ်မှုနဲ့
အိပ်ခွင့်ရချင်ပါတယ်...
(အဝေးမှာရှိနေသောသူငယ်ချင်းများအားလုံးလည်း အမေအနား အမြန်ဆုံးပြန်နိုင်ကြပါစေ.....)
Phoenix Lay@လေပြည် (05/01/2012--03:36 PM)
No comments:
Post a Comment