ငြိမ်သက်စွာ ချစ်သူနဘေး မှီခိုရင်း
အပြင်ဖက်က ဆောင်းညကို
တသသ မေ့မရလေအောင်
အမှတ်တရ သိမ်းထားလိုက်မိတယ်.....
နှင်းမြူမှုန်မှုန်
လေမြူးခေါ်ရာ
လွင့်ပါးရှာတော့
အဖော်နဲ့ဝေး
မဆုံနိုင်အရေးမှာ
မြူနှင်းတို့ ငိုနေပြီ...............
အော်........မြောက်ပြန်လေးမြူး
နွေဦးလို လေရူးတွေမဟုတ်တဲ့
ဆောင်းညကို သတိရစရာ
အကြောင်းတွေနဲ့ မေ့မရခဲ့ပါဘူး...
တရိပ်ရိပ်နဲ့ ချစ်သူအနား
ခိုနားခဲ့တာ သတိရလာတော့
နှင်းစက်တွေလား မျက်ရည်လား
ဝေခွဲမရတော့ဘူး
ကျွန်တော် ပါးပြင်အထက်က စိုစွတ်မှုကို.......
မဆုံနိုင်လို့ဝေးခဲ့ပါပြီ
မကြုံနိုင်တော့တဲ့ လောကလမ်းမကြီးမှာ
ဒီဇင်ဘာရဲ့ အမှတ်ရစရာ
နှလုံးသားဒဏ်ရာတွေနဲ့ သူရဲ့အဝေးမှာ
ကျွန်တော်နေထိုင်အသက်ရှင်နေခဲ့ပါပြီ..
မြူနှင်းတို့အဖော်ဝေးလို့ ငိုသံတွေပဲလား
ဒါမမဟုတ်
အခန်းကျဉ်းလေးထဲက
ကျွန်တော်မဟုတ်ခဲ့တဲ့
ကျွန်တော်ရဲ့ ငိုညည်းသံတွေလား......
ဆောင်းက မပြောင်းလဲပဲ
မြူနှင်းတွေ ဝေနေဆဲ ကြွေနေဆဲပါပဲ....
ထို့အတူ ကျွန်တော်လဲ
မျက်ရည်စက်တို့ ဝေလိုက် ကြွေလိုက်
ချစ်သူကို လွမ်းချင်းတွေနဲ့
လွမ်းမောဖွယ် ဘ၀ကို ချိနဲ့နဲ့ ဖြတ်ကျော်နေရတယ်...
မြူနှင်းတို့ ငိုသံနဲ့ အတူ
ဆောင်းည ရဲ့ အေးစက်စက်ကို
အံတုရင်း
ဒဏ်ရာ ပြည်နှက်နေတဲ့
လူတစ်ယောက်
မင်း တစ်ယောက်တည်းကို
တမ်းတမှု အပြည့်နဲ့
လွမ်းစွတ် နေခြင်းကို
ချစ်ရသော မင်းတစ်ယောက်
မြူနှင်းတွေသာ
မင်းအနားရောက်ရင်
ငါ အလွမ်းအငွေ့ငွေ့
မင်းအပေါ် မကျရောက်ပါစေနဲ့..............
ချစ်သူမှီခိုခဲ့တဲ့ ငါဖခုံးနှဘေး
အမှတ်တရလေးတွေကို
နွေးထွေးစွာ သိမ်းထားဆဲမို့
အမြဲတမ်း လွမ်းချင်းကို
တမ်းတရင်း ကျွန်တော်စွဲလန်းမှုမှာ
သူပရောဂ မပါခဲ့သလို
ချစ်သူက အပြစ်ကင်းစင်ခဲ့ပါတယ်...
ထိုကြောင့် ယနေ့အလွမ်းများအားလုံးသည် ချစ်သူ၏ စေခိုင်းမှု တစ်စုံတစ်ရာမရှိပဲ တစ်ယောက်တည်း လွမ်းချင်းသာဖြစ်ပါတော့သည်....
Phoenix Lay@လေပြည်(08/12/2011---10:24 AM)
No comments:
Post a Comment