ပြသနာကို
အလုပ်လို့
ခေါင်းစဉ်တပ်ထားတဲ့အောက်မှာ
ခေါင်းမထောင်နိုင်အောင်
ပြောဆိုမှုတွေကြား
ငါတို့
ဒွိဟဖြစ်ရင်း
နောက်ကျောက
ဓားတွေနဲ့
ပြသနာတွေကို
ဖြေရှင်းနေရတယ်...
လက်တွေ့ဆန်ဆန်
အရာမထင်တဲ့
ထင်ကြေးတွေနဲ့
ဓနရှင်တွေကြား
ကိုယ်စားလှယ်လုပ်မိနေရင်း
အချင်းချင်း
ငြင်းခုံခဲ့ရုံမှတစ်ပါး
ငါတို့
နောက်မှာ လှောင်ပြောင်မှု
လက်ခုပ်သံတွေ
ဖြောင်းဖြောင်းမြည်နေရဲ့...
အံသြမှုမရှိတော့ဘူး..
တုန်လှုပ်မှုမရှိတော့ဘူး..
ဘာလို့လဲဆိုတော့
ငါတို့ က
ပဲကြီးလှော်ကြားက
ဆားတွေပဲလေ...
ဟုတ်ကဲ.. ဆိုတဲ့စကားလုံးကို
အလွတ်ကျက်ရင်း
အမှန်တရားကို
ရင်ထဲမှာမျိုချ
သောက်နေကျ
ရေတွေတောင်
ဟုတ်.. ဟုတ်.. လို့မြည်နေပြီ..
တရုတ်ဆိုလဲ အဖေခေါ်
ကုလားဆို အမျိုးတော်ရမလိုပဲ
မြန်မာချင်းချင်း
ရိုင်းပင်းချက်ကတော့
ပင့်သက်တွေတောင်
ကြွေမတက်ပဲ
တစ်ကွက်မှားရင်
အစားခံရမဲ့
ဘ၀တွေပါလား...
ဆိတ်ဆိတ်နားထောင်
ယောင်လို့
ပြန်ပြောရင်
ထိုးနှက်တဲ့ စကားလုံး
အဖြေရှိပေမဲ့
အဖြေမသိသလို့နေခဲ့ရတာလဲရှိတယ်...
လွန်ဆွဲပွဲတွေကြား
ဟိုဘက်လိုက်ပြော
ဒီဘက်လိုက်ပြောနဲ့
ဒီလိုဘ၀တွေကို
ကျေနပ်အောင်နေနေရပြန်ပြီ...
ခက်လိုက်တာ
လွယ်တာလေးတွေကို
ရှုပ်အောင်လုပ်
ခေါင်းရှောင်
ခေါင်းဆောင်ကောင်းတွေကို
တွေနေရင်းက
သင်ခန်းစာ တစ်ပုဒ်ကို
ငါ အဖြေ မထုတ်တော့ဘူး
အမှန် အမှား
မသိတဲ့ လူတစ်စုအတွက်ပေါ့....
(ဘယ်သူကိုမှ ရည်ရွယ်ထားခြင်းမရှိပါ.. စိတ်ထဲရှိတာလေးကို ကောက်ရေးမိတာပါ အမှားပါရင်လဲ ခွင့်လွတ်စေချင်ပါတယ် )
Phoenix Lay@လေပြည် (07/12/2011--- 01:30 PM)
No comments:
Post a Comment