တစ်ဖြည်းဖြည်းနဲ့
ဝေးကွာခဲ့တာ
ဆယ်စုနှစ်တစ်ခု
ရှိခဲ့ပါပြီ
မောင်ရယ်...
မောင်ထားခဲ့တဲ့နေက
ကျွန်မ
အတင်းလိုက်ခဲ့ပါရစေလို့
ပြောခဲ့ဘူးလား...
စေရာမှာနေရင်း
ထားရာမှာ
ကျေနပ်ခဲ့သူပါမောင်..
အခက်ခဲတွေ
မောင်နဲ့ကျွန်မကြား
ရှိစဉ်တုန်းက
ညည်းတွားရင်း
မောင် ရှောင်ဖယ်သွားခဲ့တယ်လေ...
ဒါပေမဲ့
မောင်အတွက်
အပြစ်ဆိုဖွယ်ရာမရှိပါဘူး...
အရာအားလုံးက
အစီစဉ်တစ်ကျ
ဖြစ်လာတာမှမဟုတ်ခဲ့တာ....
မိန်းမသားတစ်ယောက်မို့
မျက်ရည်စတွေကလွဲလို့
သိက္ခာနဲ့
အရှက်တရားကြားမှာ
နေထိုင်ကျန်ရစ်ခဲ့ရသူမို့
ချစ်ခြင်းတွေပွေ့ပိုက်လို့
ရင်နစ်အောင်
ချစ်ခဲ့ရသူပါမောင်ရယ်...
ပန်းမြိုင်တော့မှာ
နွမ်းကြွေခဲ့တဲ့
ချစ်ပန်းတစ်ပွင့်က
မောင်မသိအောင်
တိတ်လေးငိုကြွေးနေတုန်းပါ....
မောင် ရယ်...
ထွက်ခွာသွားခဲ့ခြင်းကို
မတားရပ်ခဲ့သူ
ကျွန်မ အဖို့
မတတ်သာလို့
မောင်အနားက
ခပ်ခွာခွာနေရင်း
တစ်စိမ်းပြင်ပြင်
စိမ်းနေလေတော့
အတွေးထဲက
မောင်ကို မေ့ပျောက်ဖို့
မကြိုးစားပါဘူး.....
ဒါပေ့မဲ့
ချစ်နေယုံလေး
ချစ်နေခွင့်လေးတော့
မောင်မသိတဲ့အရပ်မှာ
ဆက်ချစ်ခွင့်ပြုပါနော် မောင်.....
လွမ်းလို့...
ကျတဲ့
မောင် အတွက်
မျက်ရည်စ...
အတိုင်းအစမရှိ
သတိရနေတဲ့
မေ့မရခြင်းတွေကြား...
ကျွန်မ
နေသားကျနေပါပြီ.....
ပျော်ရွှင်မှုတွေနဲ့
သာယာမှုတွေဆင့်ကာ
ခိုင်မြဲတဲ့ ချစ်ခြင်း
်ရှာဖွေရင်း
အစစ်မှန်တဲ့
ချစ်ခြင်း မပျက်ရွင်းပဲ
ပိုင်ဆိုင်ရပါစေနော်
မောင်.........
Phoenix Lay@လေပြည်(07/12/2011---09:00 AM)
No comments:
Post a Comment