Wednesday, February 8, 2012

ချစ်သူပေးခဲ့သော နွေပုံပြင်တစ်ပုဒ်

ဟိုးတစ်ချိန်က သူနဲ့ကျွန်တော် ကဗျာတွေ အကြောင်း စာတွေအကြောင်း လောကကြီး အကြောင်းကို အတူတကွ ငြင်းခုံခဲ့ကျဘူးတယ်.

ရော်ရွက်တွေကြွေတဲ့ နွေကို ရောက်တိုင်းလဲ ပူပြင်းတဲ့ နေရောင်အောက်မှာ လမ်းတူလျှောက်ကြရင်း လက်တွဲမြဲခဲ့ကြတယ်...

အခုတော ဥသြ သံတွေက အလွမ်းတွေကို သယ်ဆောင်လေလားမသိဘူး.. သူနဲ့ကျွန်တော်နဲ့ အမှတ်တရတွေကို

ရုပ်ရှင်ဆန်ဆန် ပြန်တွေးကြည့်နေမိတယ်...

အရူးတစ်ယောက်ကို နွေက ပိုပြီး ရူးစေခဲ့တာလား ဒါမဟုတ် သူမက ကျွန်တော်နဲ့ဝေးရာကို ထာဝရခွဲခွာသွား ခဲ့လိုသလားမသိဘူး..

နွေက သူနဲကျွန်တော်အတွက် အမှတ်တစ်ရတွေ ပိုများနေခဲ့တယ်.. နွေတစ်ရက်မှာ သူလောကကြီးက အပြီးအပိုင်ထွက်သွားခဲ့တယ်...

လက်တွဲခဲ့တဲ့ နေရက်တွေတုန်းက ဝေဒနာကို မပီပြင်အောင် ဟန်ဆောင် အပြုံးတွေနဲ့ ကျွန်တော်အနားသူနေခဲ့တာကို ကျွန်တော်

တစ်ကယ်မသိခဲ့ပါဘူး..

တစ်ကယ်လိုသာ ပြောင်းလဲ ခွင့်ရမယ်ဆိုရင် သူနေရာမှာ ကျွန်တော်ဖြစ်လိုက်ချင်ပါတယ်...

အသေချာမသိပေမဲ့ သူမျက်နှာလေးကို နောက်ဆုံးအကြိမ် ငေးခွင့်လေးတော့ သူပေးခဲ့ပါတယ်...

အိပ်ပုတ်ကြီးတဲ့ ခလေးတစ်ယောက်လို့ သူလှုပ်တောင်မလှုပ်ခဲ့ဘူး..

သူအေးဆေးတည်ငြိမ်နေပြီ.. ပတ်ဝန်းကျင်က ဆူညံမှုတွေကို လဲ သူမကြားတော့ဘူး...

မျက်ရည်စတွေကြားက ငေးမောနေတဲ့ ကျွန်တော်ကို သူတစ်နေရာရာကတွေရင် သူကျွန်တော်အနားမှာ ရှိနေအုန်းမလားလို့

တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်...

သူနဲ့ထိုင်နေကျ ခုံတန်းလေးပေါ်မှာ ရွက်ကြွေတွေရှိနေခဲ့ပြီ...

သူကြိုက်တတ်တဲ့ အရာတွေအားလုံးကို သူထားခဲ့ပြီ...

သူခဏခဏပြောတဲ့ လမ်းမခွဲကြေးဆိုတာတောင် သူကိုတိုင်မေ့သွားခဲ့တာလား

သူပြောခဲ့တဲ့ သူအကြောင်းလေးထဲမှာ သူခံစားမှုကို ဖော်မပြခဲ့တာကို ကျွန်တော် မရိပ်မိခဲ့ဘူး ဒါဟာကျွန်တော် ညံခဲ့လိုနေမှာပါ..

ကျွန်တော်ချစ်ရတဲ့ သူမ..

နွေရဲ့ ပူလောင်မှုနဲ့အတူ လွမ်းဆွတ်မှုတွေကို ကျွန်တော်ထံ အပ်နှံရင်း လောကကြီးက သူမြန်မြန် နူတ်ထွက်သွားခဲ့တယ်..

သစ်ရွက်တွေကြွေတဲ့ အချိန်မှာ သူမ ၀ိညဉ်လေးလဲ အဝေးကို ထွက်သွားခဲ့တယ်...

ရွက်ကြွေတဲ့ လမ်းမှာ ငါတို့ ပြန်ပြီး လက်တွဲလို့ လမ်းမလျှောက်ရတော့ဘူးလား...

အတူထိုင်တဲ့ ထိုင်ခုံလေးမှာ သူမကို လွမ်းတိုင်း ထိုင်နေမိနေပြန်တယ်...

ကျွန်တော် လွမ်းသမျှ သတိ၇သမျှတွေကို သူကိုမသိစေချင်တော့ပါ ဘာကြောင့်လဲဆိုတော့

တစ်ခြားဘုံဘ၀ကို အေးချမ်းသာယာစွာနေထိုင်ဖို့ မျှော်လင့်မိလို့ပါ...

ဘုရားထံ ဆုအခါခါတောင်းမိတယ် ကောင်းရာဘုံဘ၀ ရောက်ပါစေလို့ သူမကြိုက်တတ်တဲ့ စံပယ်ပွင့်လေးတွေနဲ့ပေါ့...

အခုဆို ကျွန်တော်အတွက် သူပေးခဲ့သော နွေပုံပြင်တစ်ပုဒ်ကို ရေးရင်း ကျန်ရစ်သူ နှလုံးသား မင်းအတွက် ထာဝရဆိုတာ

မင်း နားလည်ပါတော့နော်.. အဝေးတစ်နေရာက ချစ်ရသူရေ....

နွေကို မမုန်းခဲ့သလို့ နွေကပေးတဲ့ အမှတ်တ၇တွေကလဲ ပူလောင်မှုမရှိပါဘူး သိမ်းထားတဲ့ နှလုံးသား တစ်နေရာက ချစ်သူပြောခဲ့ဘူးသော

နွေအကြောင်းတွေနဲ့ ဥသြသံလေးတွေနားစွင့်ရင်း ချစ်သူကို ရှာဖွေနေမိပါတယ်...

နွေ ပုံပြင်ကို ပြန်ပြောမိတဲ့ ကျွန်တော်..

သူပုံရိပ်တွေနဲ့ တမ်းတနေတဲ့ ကျွန်တော် ..

အခုတော့ ကျွန်တော်နဲ့ကျွန်တော်သာ ကျန်ရစ်ခဲ့ရပြီ..

Phoenix Lay@လေပြည်(07/12/2011--02:30 PM)

No comments:

Post a Comment