ရှေးသရောအခါ
ပြည်မြန်မာဝယ်
ရွှေရောင်ပြောင်ဆင်း
စပါးခင်းနဲ့
ကောက်ပဲသီးနှံ
ပေါလျှံခဲ့တယ်...
ယခုအခါ
ဆန်စပါးကောင်း
နိုင်ငံခြား ဂျောင်းကာ
ပုစွန်တုတ်ကြီး
ပြည်ကြီးဆီသွား
တို့နည်းတူပဲ
ကောင်းတာအများ
ကောင်းရာသွားကျ............
တို့များပြည်သူ
ဝမ်းမီးပူကို
ငကျွဲဆန် စပါးလုံးနဲ့
ငပိရည် ကျဲကျဲ
ဆီမပါ ဟင်းနဲ
အရွက်ကို ရေလုံပြုတ်
ဟင်းလုပ်လို့ လွေးရတယ်......
ကြွေးမှီမကင်း
စိတ်အားပူပန်
ယနေ့မနက်ဖြန်
ရက်ဆက်လာပြန်တော့
ပေါင်နှံထား ရှိသမျှလေး
အတိုးပေါ် အတိုးတက်လို့
လုံးလုံးပျောက်ခဲ့ရပြီ....
မလွန်ဆန်နိုင်
င်္သခါရတရားကို
လက်ဝယ်ထားရင်း
ကံအကြောင်းမလှ
ကံကိုပုံချရင်း
ဆင်းရဲနွံမှ
လွတ်ကင်းဖို့ရာဝေး......
သြော်..........
တို့ပြည်တို့ဆီ တို့ပြည်ဝယ်
ဆန်ရေစပါး ဈေးများကာ
ဆီများမပေါ ဖယောင်းတိုင်ကဈေးကြီး
လူဦးရေနဲ့အတူ ကုန်ဈေးနူန်းကပြိုင်တိုးလို့
မျှော်ကာတွေးရင်း ကျွန်တော်တို့ရှေရေးက
မတွေးဝံစရာအတိပါတကား......
မမျှော်သာ သာမန်ဘ၀မို့ မတန်ရာကို မာန်မခဲ့ချင်ပေမဲ့
သာမန်နေနိုင်ဖို့အရေး တွေးကာရေးမိ အမှားပါရှိက
သီးခံပေးကျပါရန် တောင်းပန်အပ်ပါသည်.....
Phoenix Lay@ လေပြည် (16/12/2011--04:34PM)
No comments:
Post a Comment