Wednesday, April 17, 2013

အလွမ်းရက်ရှည်

မမြင်လည်းလွမ်း
မကြားရလည်း သတိရ
အဲဒီညတွေ
ဖြေစရာ မရှိ
မျက်ဝန်း က သတိရခြင်း
မျက်ရည်အဖြစ် တည်ရှိနေခဲ့ပြီ.....

ကြာရှည်ကာလ
မေ့မရလည်း
သတိရလို့
တမ်းတမိလည်း
ငါ့ကို မေ့လိုရတဲ့
သူတစ်ယောက်တော့
နေတတ်ရှာပြီ....

ကာရံတွေကိုထုတ်
ကဗျာတွေစီလည်း
အလွမ်းကာရံ
ငါ့ကဗျာဟန်က
အလွမ်း နဲ့အစချီ
အလွမ်းနဲ့ အဆုံးသတ်မိခဲ့ပြန်ပြီ....

အခြေအနေနဲ့
အကွာအဝေး
အဝေးကြီး ဝေးစေခဲ့တဲ့
တို့နှစ်ယောက်ကြား
မင်းရင်ခွင့်လေးထဲ
တစ်ခြားလူ
ခိုဝင်မှေးစက်
ပျော်နေခဲ့ပြီပေါ့....

ဘယ်လောက်ပဲကြာကြာ
ဘယ်လောက်ပဲမတွေ့ရမတွေရ
မင်းသတိမရတော့လည်း
တွဲခဲ့တဲ့ တစ်ချိန်က
အမှတ်တရ
ငါရှိမှာထာဝရ
ရှိနေဆဲ.....

ဝေးခဲပါပြီ
နှလုံးသားကျဆုံးခန်းတွေမှာ
ဘောင်မ၀င်တော့တဲ့
အချစ်စစ်တစ်ခု
ပြန်မ၇တော့တဲ့
အချိန်တွေနဲ့
ပေါင်းစပ်ခါ
အခါခါ
ငေးမောတွေဝေခြင်း
လွမ်းဆွတ် မေ့မရခြင်း
သို့လောသို့လောနဲ့
အခုချိန်ထိ
မေ့မရ
ချစ်ခဲ့ရသူပါ....


ဘန်နီဲဖြိုးနဲ့ လွမ်းပိုင်သီချင်းလို့
နင်ပြန်လာမဲ့အချိန်
ငါ့မျှော်နေဆဲပါ....

အဲဒီစာသားလေးက
ခဏမဟုတ်တော့တဲ့
ငါဘ၀ရဲ့
ချစ်ခြင်းတွေနဲ့
ထာဝရတိုက်ဆိုင်ရင်း
ခဏခဏ
ယောကျာင်္းတန်မဲ့
မျက်ရည်တွေကိုထိန်းရင်း
မင်းအကြောင်းအမြဲတွေးနေမိတယ်...

ရိုးရိုးလေးပဲ
မင်းကိုလွမ်းတယ်......

ရက်ရှည်အလွမ်း
ခဏမဟုတ်ပဲ
တစ်ဘ၀လုံးနဲ့
ဒီဘဝ
ကြေပါစေတော့

အလွမ်းရက်ရှည်
ရွက်တွေကြွေတွေနဲ့
ဥသြလေးတေးဆို
ငိုသံတွေနဲ့တူ
ပိတောက်မှတစ်ဆင့်
မေ့မရခြင်းကို
ပြောပေးပါ....

ထာဝရချစ်သွားမယ်...
ဆိုတာကို.......................


(လေပြည်)(09.03.2013/2:12 AM)

No comments:

Post a Comment