ကျွန်တော်တွေးမိတာလေး တစ်ခုလောက် ပြောပြချင်ပါတယ်..
အမှားပါသွားလည်း ခွင့်လွှတ်ပေးကြပါနော်....
ခဲတံနဲ့ တူသော ဘ၀ ကျွန်တော်တို့ ဘ၀တွေ အကြောင်းပေါ့..
ချွန်ထက်နေသော ခဲတံ တစ်ချောင်းကို ကျွန်တော် တို့ သုံးဘူးခဲ့မှာပါ..
အဲလိုပဲ မသုံးရသေးတဲ့ ခဲတံကိုလည်း တွေဘူးကျမယ်ထင်ပါတယ်....
ငယ်ဘ၀က လူမှန်းသိတတ်စတုန်းကတော့ ခဲတံ အသစ်ကလေးတွေနဲ့တူတယ်...
အပြစ်ကင်းတယ်..
ဘာမှမသိတတ်သေးဘူး...
တစ်ဖြည်းဖြည်းနဲ့ ဘ၀ သင်ခန်းစာတွေ ကို သင်ယူရင်းနဲ့ပဲ ချွန်ထက်လာတဲ့ ခဲတံလေးတွေလို့ဖြစ်လာတယ်...
အသက်အရွယ် ရဲ့ တိုက်စားချင်းနဲ့အတူ လောကဓံရဲ လှည်ဖျားခြင်း ကိုဘ၀မှာ ကြုံခဲ့ဘူးမှာ..အဲဒါကဘာနဲတူလည်းဆိုတော
ခဲတံလေးလိုပဲ တုံးပြီးရေးလို့မကောင်းတဲ့ အခါနဲတူတယ်...
အဲဒီ တုံးနေတဲ့ ဘ၀ကို ချွန်ထက်အောင် ကြိုးစားရင်း တစ်ဖြည်းဖြည်းနဲ့ ဘ၀က တိုသထက်တိုလာတယ်..
ခဲတံလေးလည်း တိုသထက်တို့လာတယ်... အမှားတွေပြင်ရင်း တဖြည်းဖြည်း အမှန်တရားတွေသိလာတယ်..
ဘ၀ ကတိုပါတယ်...
လောကဓံ ကတော့ရှိနေမှာပါ..
ကိုယ်တိုင် ဘ၀တွေကို ချွန်ထက်အောင်သွေးရင်း
နောက်ဆုံးအချိန်ထိ နေ၀င်ချိန်ထိ
လောကကြီးကို အကြိုးပြုနိုင်တဲ့ ခဲတံလေးတစ်ချောင်းဖြစ်နိုင်ကြပါစေ...
ခဲတံလေးနဲ့ တူတဲ့ ဘ၀လေးကို ကိုယ်တိုင်ချွန်ထက်အောင် အသုံးချရင်း ပျော်ရွှင်စရာဘ၀လေးတွေ
ပိုင်ဆိုင်နိုင်ကြပါစေ.....
(လေပြည်)

No comments:
Post a Comment