Wednesday, April 17, 2013

တွေးမိတွေးရာ...

ကာရံတွေ အမှောင်ကျ
စကားလုံးတွေ
ပျောက်ရှ...

ဘ၀က ခါးနေလိုတဲ့
သောက်လိုက်တဲ့
ရေတောင် ခါးနေလိုက်တာ....

တွားသွားနေတဲ့
အသေးငယ်ဆုံး
ပုရွဲဆိတ်လေးတွေတောင်
အသက်ရှင်ဖို့
အစာရှာနေပြန်တယ်....

ကြိုးစားမှုအတွက်
ရလဒ်က
သုညတဲ့လား
အဲဒီနေ့အတွက်
ငါ့ထပ်ကြိုးစားရအုန်းမှာပေါ့...

တစ်ခါတစ်ခါ
ကျသွားတဲ့
စိတ်ဓာတ်ကို
ငါ့မာနတွေနဲ့တူ
ပြန်ကောက်ထည့်
ဘ၀ဆိုတာ
တစ်ခြားလူပျော်ရွှင်ဖို့
ကိုယ်တိုင်ပျက်လုံးထုတ်လို့ရတဲ့
ဟာသတစ်ပိုဒ်ပါပဲ....

နိမ့်တာ မြင့်တာ
မတူညီတာတွေကို
ငေးမော အားကျနေခဲ့ရင်တော့
မတူတဲ့
ညီမျှခြင်းတွေပဲထွက်လာမှာပေါ့...

ကိုယ်ဖောက်တဲ့လမ်းကို
လျှောက်ရင်း
အတိတ်ကို မျှော်မှန်းလို့
အနာဂတ်အတွက်
နေ့ရက်တွေကို
ငါကိုယ်တိုင် ပြင်ဆင်ရင်း
အတိတ်ကို ပြန်လှန်ကြည့်တဲ့အခါ
ငါရေးခဲ့တဲ့ ဘ၀ဆိုတာ
ဖြူစင်ခဲ့လား....
ဘာတွေ များမှားခဲ့လည်းဆိုတာ
တွေးမိတဲ့အခါ.............

သင်္ခါရတရားတွေနဲံ
နေညိုချိန်မှာ
နောင်တအမှား
တွေကင်းအောင်
သံယတွေကို ဖယ်ရင်း
လောကကြီးရဲ
ခေါ်ဆောင်ရာကို မသွားခင်
နေရသလောက်
နေထိုင်ခွင့်ပေးတဲ့
အရာတိုင်းအတွက်
ကျေးဇူးတင်စွာနဲ့
ကာရံမပါ
နဘေမရှိတဲ့
ကဗျာအရှည်နဲ့
အမှတ်တရ
သိမ်းထားမိတယ်...

လေပြည်( 01-04-2013// 01:45 AM)

No comments:

Post a Comment