Wednesday, February 8, 2012

အရှင်သခင်လား .. ကျေးကျွန်လား...

ကျွန်တော် ကြည့်ဖူးသော ရုပ်ရှင်ကားလေးထဲက ဘ၀အတွက် အရေးပါတဲ့ အခန်းလေးတွေကို သတိထားခဲ့မိတယ်..။

ဒါလေးတွေကို ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းအားလုံးကို မျှဝေပေးစေချင်ပါတယ် ...။

အမေရိကန်ဘောလုံးအသင်းမှာ ရေသန့်လုပ်ရတဲ့ ကောင်လေးတစ်ယောက်ရှိတယ်..။ သူဘ၀က နုံနုံ အအ လေးဖြစ်နေတယ်..။

သူအမေရဲ့ ဖိအားအောက်မှာ အကြောက်တရားနဲ့ ရှင်သန်ခဲ့ရတယ် မိဘကကြောင်းစေချင်တဲ့စေတနာကြောင့်ပါပဲလေ..

ဒါပေမဲ့ လက်တွေ့ဘ၀မှာ လူတွေနဲ့ ဘောင်မ၀င်ဘူး ဖြစ်ဖြစ်နေတယ် ။အရမ်းလဲ အားငယ်တတ်တယ် ပြီးတော့ သည်းခံနိုင်မှုလဲရှိတယ်...

ဒီလိုနဲ့ သူလုပ်နေတဲ့ အသင်းက ထုတ်ခံလိုက်ရတာပေါ့.. ပြောတာများလို့ ပျင်းသွားပြီလားသိဘူး.. ကဲပါနဲနဲပြုံးပြီး ဆက်ဖတ်ပေးနော်..

ထုတ်ခံလိုက်ရလို့ သူအိမ်ကို ပြန်ပြီးပြောတော့ အမေကိုပြောတော့ အမေက၀မ်းသာ သွားတယ် သားရယ် အလုပ်မလုပ်ပဲစားလို့ရပါတယ်ပေါ့..

ဒါပေမဲ့သူက အလုပ်ရှိနေမှ နေတတ်တယ် အလုပ်ရှာချင်တယ် သူလုပ်ခဲ့တဲ့ ရေသန့်အလုပ်က သူငယ်ငယ်ကတည်းက အခုချိန်ထိပေါ့..

အလုပ်ထပ်ရှာတယ် တက်ကသိုလ် တစ်ခုမှာ မအောင်မြင်တဲ့ အသင်းတစ်သင်းမှာ နည်းပြကလဲ တစ်ချိန်ကအောင်မြင်ခဲ့ပေမဲ့ အရင်းနှီးဆုံးသူက

သစ္စာဖာက်ခံခဲ့ရပြီ ကြောက်စိတ်ဝင်ခဲ့တာပေါ့.. သူလဲ အဲဒီမှာပဲ အလုပ်စလုပ်ခဲ့တယ်.. အလုပ်ဝင်တဲ့နေမှာ သူဘ၀ပြောင်းလဲမှုတစ်ခု စတင်ခဲ့တယ်.. သူကို အားလုံးက ၀ိုင်းပြီး နှိမ်ကျရင်းနဲ့ သူဒေါသကို မထိန်းနိုင်ပဲ ကစားသမားတွေထဲက အကြံခိုင်ဆုံး ကစားသမားကို တွန်းလှဲပစ်လိုက်မိတယ်... အဲဒီမှာပဲ နည်းပြက သဘောကျပြီး ကစားသမားအဖြစ်ကစားဖို့ ပြောခဲ့တယ်.. သူက သူအမေကိုကြောက်ရကြောင်း ပြောခဲ့တယ်. နည်းပြကလဲအိမ်လိုက်ပြောကြည့်တယ် သူအမေကြီး က မရဘူးဗျ.. ဒါနဲ့ပဲ နည်းပြကိုပြန်ပို့ခိုင်းတဲ့အချိန်ကျတော့ နည်းပြကြီးက တစ်ခုပြောပြခဲ့တယ် သူငယ်ငယ်က အမေက တက်တူးပေးမထိုးဘူးတဲ့ ဒါပေမဲ့ သူအမေမမြင်တဲ့ နေရာထိုးခဲ့တယ် အမေမသိအောင်လုပ်ရင်

ပြသနာမရှိပါဘူးတဲ့.. အဲဒီက စပြီး သူကစားခဲ့တယ်.. (တက်တူး ထိုးထားတဲ့နေရာကိုတော့ မပြောတော့ဘူးနော် ဟီး)

တစ်ကယ်တမ်းကစားတော့ ပြသနာအနည်းငယ်ရှိတယ် ကြောက်စိတ်ပေါ့ ဘယ်လို့မမအောင်မြင်ဘူး ဒါနဲ့ပဲ နည်းပြ က စိတ်ထဲကို တစ်ခုရိုက်သွင်းလိုက်တယ်ဗျ မင်းကိုနှိမ်တဲ့လူတွေရဲ မျက်နှာတွေ မင်းကို ချိုးချိုးဖဲဖဲပြောတဲ့လူတွေရဲ မျက်နှာတွေကိုကြည့်ပြီး ကစားကြည့်တဲ့

သူနည်းကအောင်မြင်တယ်ဗျ ဒေါသတွေအားလုံး သူကစားတဲ့ဘောလုံးထဲကို နှစ်စထားလိုက်တယ်ဗျ ..။အဲဒီအချိန်က စပြီးသူက အောင်မြင်လာခဲ့တယ်..။ နိုင်ပွဲမရှိတဲ့ အသင်းကလဲ နိုင်လာခဲ့တယ်..။

ကျွန်တော်ပြောချင်တာက ကစားပွဲအကြောင်းမဟုတ်ဘူးဗျ။။။

ကိုယ်ရဲ့အားနည်းချက်ကို အင်အားတစ်ခု အဖြစ်အသုံးချပြီး ဘ၀ကို လက်တွေကျကျ ယှဉ်ပြိုင်ရင်း အနိုင်ရခဲ့တာလေးကိုပါပဲ...။

ဘ၀မှာ ဘယ်လောက်ပဲ အားနည်းချက်ရှိရှိ အဲဒီအားနဲချက်ကို အသုံးချပြီး လူတကာရှေ့မှာ ဂုဏ်ယူအားကျအောင် လုပ်နိုင်ဖို့ပဲ

လူတွေမှာ ကြောက်စိတ်ကိုယ်စီရှိကြမှာပဲလေ အားငယ်စိတ်လဲ ရှိတယ်။ အဲဒီ အားငယ်မှုနဲ့ ကြောက်စိတ်တွေကို အင်အားအဖြစ်အသုံးချပြီး ကိုယ်လိုချင်တာကို ကိုယ်ဖြစ်ချင်တာကို အရယူတတ်ဖိုပဲလိုပါတယ်..။

လူဖြစ်လာပြီဆိုရင် မသိလိုက်တဲ့ အားသာချက်တွေရှိတယ် စွမ်းအားတွေရှိတယ် .. ဒါတွေကို အသုံးချတတ်ရမယ်..။

အားငယ်နေယုံနဲတော့ မှိုင်တွေနေယုံမျှနဲတော ဘာမှဖြစ်မလာနိုင်ဘူးလေ...

ကျွန်တော်တို့ကိုလောကကြီးက စွမ်းအားတွေပေးထားတယ် ပြီးတော့ အလုပ်တွေလဲပါလာတယ်လေ သူတို့ကို ကိုယ်မှာရှိတဲ့

အင်အားတွေနဲ့ အနိုင်ယူနိုင်ရင်တော့ အရှင်သခင်ဖြစ်လာနိုင်တယ်.

ဒီလိုမှမဟုတ်ရင်တော့ ကျေးကျွန်သာ ဖြစ်လိမ့်မယ်...

ဒါကြောင့် အကျိုးရှိရှိအသုံးချရင်း ဘ၀ရဲ့ အရှင်သခင်များဖြစ်ကြပါစေ.။

. သူငယ်ချင်းများအားလုံးအတွက်.

နဲနဲပြောတာများသွားပြီလား သိဖူး ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတို့ အသိတစ်ခုရစေချင်ယုံပါ...။

Phoenix Lay@လေပြည် (03/12/2011--09:35AM)

ရင်ဝေးကြယ်...

ခလေးဘ၀က တေးလေးတွေဆို

အိုအေး..အေးအို လို့ ချောသိပ်တဲ့အမေကို

မသိခဲ့ပေမဲံ့ လူဖြစ်အောင်မွေးပေးတဲ့အမေကို

ကန်တော့လိုက်ပါတယ် အမေ...............

လောကလူဘ၀ကို အံတုဖို့

ရောက်ရှိလာပေမဲ့ အမေဆိုတာ

ငါ့ဘ၀ရင်ခွင်မှာ မရှိခဲ့ပေမဲ့

အမေဆိုတာ ကို မျှော်ရင်းတွေဆ သားကန်တော့ပါတယ် အမေ..........

မြင့်မိုရ်တောင်မက

မြင့်တဲ့အမေအကျေးဇူးတွေ

ဆပ်ချင်လို့

အမေကို

တမ်းတ ကာ

ငိုခဲ့ရပါတယ် အမေရယ်....

သားချောတေး

တွေ သား ကြားတိုင်းလဲ

ငိုခဲ့ရပါတယ် အမေရယ်......

ကျောင်းဆင်းချိန် တွေ

ကျောင်းတက်ချိန်တွေမှာ

လာကြိုကျတဲ့

မိဘတွေကို မြင်တိုင်း

သားဘဝ

အားငယ်ခဲ့ရပါတယ် အမေ...........

အမေရယ်

အားငယ်ချင်းတွေကို

မေ့ဖျောက်ကာ

ဘ၀ကို ရုန်းကန်ခဲ့တာ

သားအသက် ၂၀ ကျော်ပါပြီ

အမေရယ်.......

အမေ အနားမှာ

နေခွင်မရှိပေမဲ့

အမေကို ချစ်တဲ့

သား စိတ်တွေက

အမေအနားမှာ

အမြဲတမ်းရှိတယ်....

မိဘတွေအစုံအလင်နဲ့

ပျော်ရွင်တဲ့မိသားစုတွေကို

အားကျနေခဲ့တယ်.............

အဆင်မပြေတဲ့

မိသားစုတွေ

နားလည်မှုလွဲနေတဲ့

မိသားစုတွေ

အားလုံး အဆင်ပြေစေချင်တယ်.

သား ငယ် စဉ်ဘ၀ကို

မြင်ရောင်တိုင်း

အဖေမသိ

အမေမရှိတဲ့ဘ၀ကို

မရောက်စေချင်ဘူး

အဖေဆိုတာကိုလဲ

သား ကန်တော့လိုက်တယ်........

အမေ နဲ့ အဖေ

ကျန်းမာချမ်းသာပါစေကြောင်း

မြတ်ဘုရားရှေ့မှာ

ဆုတောင်း အခါခါ

လက်ဆယ်ဖြာမိုး ရှိခိုးလိုက်ပါတယ်....

ရင်ဝေးကြယ်များအားလုံးအတွက် ခံစားရေးဖွဲသည်....

မိသားစုအားလုံးသာယာပျော်ရွှင်တဲ့ဘ၀များ ပိုင်ဆိုင်ကျပါစေ...

Phoenix Lay@လေပြည် (20/11/2008)

Edit & Update (03/12/2008--8:46 AM)

ဒွိဟ...

သံယောဇဉ်................

လုပ်ယူမွေးဖွားလာတာ

မဟုတ်ခဲ့သလို့

တမင်ဖန်တီးခဲ့တာလဲ

မဟုတ်ခဲ့ဘူး...

မင်းအပေါ်

အလိုလိုတွယ်တာခဲ့တာပါ...

အချစ်..........

လာခဲ့ဘာလို့လဲ

မခေါ်ခဲ့ဘူး...

ငြင်းဆန်နိုင်ခြင်းမရှိသလို့

စွဲလန်းမှုအားကြီးရင်း

မလွန်ဆန်နိုင်ပဲ

အလိုလို

ခေါင်းငြိမ်ရင်း

မင်းကိုချစ်ခဲ့မိတာပါ..

ခွဲခွာခြင်း..........

မဖြစ်လာစေချင်ပေမဲ့

အလိုလိုဖြစ်လာခဲ့တယ်...

ထွက်မသွားစေချင်ပေမဲ့လည်း

ငါဘ၀ထဲက

အပြီးအပိုင်ထွက်သွားခဲပြန်တယ်...

ရင်ခွင်ရဲ့

အဝေးတစ်နေရာ

အဖြေရှာ ငေးမောရင်း

အတွေးတစ်ပိုင်းတစ်စနဲ့

အပယ်ခံဘ၀လေးတစ်ခု

အလွမ်းတွေနဲ့

ဒွိဟဖြစ်နေတုန်းပါပဲ....

Phoenix lay@လေပြည် (05/12/2011---01:50PM)

တွေးမိသော ချစ်ခြင်း အပိုင်းအစများ...

တည်ငြိမ်မှုမရှိ ရွေလျားမှုမရှိ အကောင်အထည် ပြလိုမရတဲ့ အချစ်ကို အသေအချာထုတ်ပိုးပြီးမှလက်ဆောင်ပေးစေလိုတာလား.....

ဒါမှမဟုတ် သရုပ်မှန်မတဲ့လုပ်ကြံမှုရောတဲ့ အပြောတွေကြားမှာ မင်းပျော်မွေခဲ့လို့များလား.....

အမှန်ကိုတန်ဖိုးထားတတ်အောင်ပဲ နားမလည်ခဲ့လို့များလား...

ရင်ထဲမှာထားတဲ့ တန်ဖိုးထားမြတ်နိုးမှုချစ်ခြင်းတွေအားလုံးကိုချစ်သူ မြင်တွေစရာမလိုသလို့ဆုတ်ကိုင်ထားဖို့လဲ မလိုအပ်ပါဘူး...

ရင်ဘတ်နဲ့ခံစားပြီး နှလုံးသားနဲ့ နားလည်ခဲ့ရင်သာကြင်သူတို့နှစ်ဦးလက်တွဲမြဲကာ မခွဲအတူရှိနေကျမှာပါ...

ချစ်ခြင်းဟာ နတ်ဘုရား တစ်ပါးလား ဒါမှမဟုတ် အရာအားလုံးကိုပြောင်းလဲစေသူလား...

သိမ်မွေမှုကိုလဲ ပေးတတ်သလို့ ကြမ်းတမ်းမှုကိုလဲ ဖြစ်ပေါ်စေတယ်...ကိုယ်တိုင်ကပဲ အချစ်လို့ အမည်တတ်ပြီး

ရူးမိုက်နေကျတာပဲလား...

ဘယ်လိုပဲဖြစ်ဖြစ်လေ နူးညံမှုနဲ့ ချစ်ခြင်းတွေကပေါက်ဖွားလာတဲ့ ချစ်ခြင်းတွေကို လောကီသားတွေက ခံယူခဲကြတာမို့

အပြစ်ကင်းကင်း ချစ်ခြင်းတွေက အနည်း အများတော့ ကွဲပြားခဲ့ကြမှာပါ..

အခုဆို နှစ်ပေါင်းများစွာ ရှိခဲ့ပြီ...

ချစ်ပါတယ်ဆိုတာကို သက်သေပြနေကျတဲ့ လူတစ်ချို့ကတော့ ရူးမိုက်ခြင်းတွေနဲ့ ဘ၀ကိုစတေးသွားကျတာပဲလား

သူတို့တစ်တွေကချစ်ခြင်းအတွက် လက်ဆောင်တစ်ခုလား သက်သေပြချက်တစ်ကြောင်းလားရယ် လို့ သူတို့ကိုယ်တိုင်ကလွဲပြီး

ကျွန်တော်တို့ ဝေဖန်မှု သနားမှု လေးစားမှုတွေကို သိမှာမဟုတ်တော့ပါဘူး..

အေးချမ်းသွားကြတာလား ပူပန်မှုတွေနဲ့ နောင်ဘ၀တွေကို ဖြတ်သန်းကျတာလား... ဒွိဟတွေနဲ့ အားလုံးက ချစ်ခြင်းမှာ

ပျော်ဝင်သွားခဲ့တာဟာ အမှန်တရားတစ်ခုပါပဲ....

သက်သေပြချက်မရှိရင် အချစ်မစစ်ဘူးလို့မထင်နဲ့နော် မလိုအပ်တဲ့ သက်သေပြချက်မျိုးကို မပြသပဲ လူတစ်ယောက်ကို

အရမ်းချစ် မြတ်နိုးတဲ့လူတွေလဲ၇ှိပါတယ် သူတို့ရင်ထဲမှာ ချစ်သူပေါ်ထားတဲ့ ချစ်ခြင်းက အမှန်တစ်ကယ် တန်ဖိုးထားခြင်း

မြတ်နိုးခြင်း ဒါဟာလဲ အမှန်တရားတစ်ခုပါပဲ....

သံယောဇဉ်တွေရောနှောထားတဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ရင်း ပေါင်းစပ်ခြင်း နိဂုံး နဲ့ ဇာတ်သိမ်းကျပါစေ...

သူလက်ကိုဆွဲ သူလက်ကိုတွဲလို အိုသွားတဲ့ရုပ်ရည်တွေကို ပိုင်ဆိုင်ကျတဲ့ခါ မအိုမင်းတဲ့ ချစ်ခြင်းတရားနဲ့လောကကို အေးချမ်းစွာ နေထိုင်သွားကြပါစေ...

Phoenix Lay@လေပြည်(05/12/2011----09:29 AM)

မပြောင်းလဲပါ ချစ်သူ...

အမြင်အာရုံထဲ

တ၀ဲလည်လည်

သူပုံရိပ်ရယ်...

မေ့မရသူတစ်ယောက်

အလွမ်းများ

ရင်ထဲရောက်လို့

သတိရခြင်းတွေ

ပြည်နှက်နေတယ်...

ချစ်ခြင်းနဲ့

မုန်းခြင်းကြား

လွန်ဆွဲရင်း

ကံတရားမပါတဲ့

ငါအဖို့

ခွဲခွာခြင်းနဲ့

အဆုံးသတ်

အမုန်းဇာတ်နဲ့

လမ်းခွဲလေသတည်းတဲ့လား...

ကြာလာသမျှ

နည်းလာတဲ့

နင်ရင်ထဲက

ငါအတွက် ခံစားမှုတွေ

အပြစ်တင်မစောတဲ့

ဟောဒီရင်မှာ

ဝေဒနာတစ်ပုဒ်ကို

ပြဇာတ်လုပ်ကာ

ကပြနေလေရဲ့....

သိပါရက်နဲ့

ခွဲ....။

မရှိခဲ့တဲ့

ချစ်ခြင်းအတွက်

ငြင်းပယ်ခံ

ဘ၀မို့

တွဲလက်ကို ဖြုတ်...

အရုပ်တစ်ရုပ်လို့

နင်စေကစားခဲ့တာ

ချစ်လိုသီးခံ

လွမ်းလွန်းလို့

ငြိမ်နေခဲ့တာပါ...

အံတုကာ

မာန်ကိုခဲ့လို

အပြတ်အသတ်

မေ့မရဆဲမို့

အပျက်ပျက်

နှလုံးသွေးရပ်ခဲ့တာ

ငါပါဟာ...

လမ်းခွဲရုံ

ကြုံခဲ့တာပေမယ့်

အသဲ နှစ်ချမ်းကွဲကာ

ဗျမ်းဗျမ်းမမြည်ယုံသာ

ကြုံရတဲ့

လက်တွေဘ၀က

ခါးသက်မှုနေ့ရက်

အသက်ဆက်နေရတာ........

ကြင်သူ မင်းပျော်နေတာ

အလွမ်း သဲ့သဲ့မှ

မကြားလေသလား

ရင်မှာ နာကျဉ်းစိတ်

အလျဉ်းမရှိ

ချစ်နေဆဲမို့

ရက်တွေဝေးနေခဲ

အသစ်တွေပြောင်း

လတွေဟောင်းခဲ့လဲ

မပြောင်းလဲပါ ချစ်သူ...

Phoenix Lay@ လေပြည်(04/12/2011---01:28 AM)

မြူနှင်းတို့ ငိုသံ လား ကျွန်တော် တမ်းတမှုပဲလား..........

ငြိမ်သက်စွာ ချစ်သူနဘေး မှီခိုရင်း

အပြင်ဖက်က ဆောင်းညကို

တသသ မေ့မရလေအောင်

အမှတ်တရ သိမ်းထားလိုက်မိတယ်.....

နှင်းမြူမှုန်မှုန်

လေမြူးခေါ်ရာ

လွင့်ပါးရှာတော့

အဖော်နဲ့ဝေး

မဆုံနိုင်အရေးမှာ

မြူနှင်းတို့ ငိုနေပြီ...............

အော်........မြောက်ပြန်လေးမြူး

နွေဦးလို လေရူးတွေမဟုတ်တဲ့

ဆောင်းညကို သတိရစရာ

အကြောင်းတွေနဲ့ မေ့မရခဲ့ပါဘူး...

တရိပ်ရိပ်နဲ့ ချစ်သူအနား

ခိုနားခဲ့တာ သတိရလာတော့

နှင်းစက်တွေလား မျက်ရည်လား

ဝေခွဲမရတော့ဘူး

ကျွန်တော် ပါးပြင်အထက်က စိုစွတ်မှုကို.......

မဆုံနိုင်လို့ဝေးခဲ့ပါပြီ

မကြုံနိုင်တော့တဲ့ လောကလမ်းမကြီးမှာ

ဒီဇင်ဘာရဲ့ အမှတ်ရစရာ

နှလုံးသားဒဏ်ရာတွေနဲ့ သူရဲ့အဝေးမှာ

ကျွန်တော်နေထိုင်အသက်ရှင်နေခဲ့ပါပြီ..

မြူနှင်းတို့အဖော်ဝေးလို့ ငိုသံတွေပဲလား

ဒါမမဟုတ်

အခန်းကျဉ်းလေးထဲက

ကျွန်တော်မဟုတ်ခဲ့တဲ့

ကျွန်တော်ရဲ့ ငိုညည်းသံတွေလား......

ဆောင်းက မပြောင်းလဲပဲ

မြူနှင်းတွေ ဝေနေဆဲ ကြွေနေဆဲပါပဲ....

ထို့အတူ ကျွန်တော်လဲ

မျက်ရည်စက်တို့ ဝေလိုက် ကြွေလိုက်

ချစ်သူကို လွမ်းချင်းတွေနဲ့

လွမ်းမောဖွယ် ဘ၀ကို ချိနဲ့နဲ့ ဖြတ်ကျော်နေရတယ်...

မြူနှင်းတို့ ငိုသံနဲ့ အတူ

ဆောင်းည ရဲ့ အေးစက်စက်ကို

အံတုရင်း

ဒဏ်ရာ ပြည်နှက်နေတဲ့

လူတစ်ယောက်

မင်း တစ်ယောက်တည်းကို

တမ်းတမှု အပြည့်နဲ့

လွမ်းစွတ် နေခြင်းကို

ချစ်ရသော မင်းတစ်ယောက်

မြူနှင်းတွေသာ

မင်းအနားရောက်ရင်

ငါ အလွမ်းအငွေ့ငွေ့

မင်းအပေါ် မကျရောက်ပါစေနဲ့..............

ချစ်သူမှီခိုခဲ့တဲ့ ငါဖခုံးနှဘေး

အမှတ်တရလေးတွေကို

နွေးထွေးစွာ သိမ်းထားဆဲမို့

အမြဲတမ်း လွမ်းချင်းကို

တမ်းတရင်း ကျွန်တော်စွဲလန်းမှုမှာ

သူပရောဂ မပါခဲ့သလို

ချစ်သူက အပြစ်ကင်းစင်ခဲ့ပါတယ်...

ထိုကြောင့် ယနေ့အလွမ်းများအားလုံးသည် ချစ်သူ၏ စေခိုင်းမှု တစ်စုံတစ်ရာမရှိပဲ တစ်ယောက်တည်း လွမ်းချင်းသာဖြစ်ပါတော့သည်....

Phoenix Lay@လေပြည်(08/12/2011---10:24 AM)

ဒေါသကို ခပ်ပါးပါးလှီးကြည့်ခြင်း

ပြသနာကို

အလုပ်လို့

ခေါင်းစဉ်တပ်ထားတဲ့အောက်မှာ

ခေါင်းမထောင်နိုင်အောင်

ပြောဆိုမှုတွေကြား

ငါတို့

ဒွိဟဖြစ်ရင်း

နောက်ကျောက

ဓားတွေနဲ့

ပြသနာတွေကို

ဖြေရှင်းနေရတယ်...

လက်တွေ့ဆန်ဆန်

အရာမထင်တဲ့

ထင်ကြေးတွေနဲ့

ဓနရှင်တွေကြား

ကိုယ်စားလှယ်လုပ်မိနေရင်း

အချင်းချင်း

ငြင်းခုံခဲ့ရုံမှတစ်ပါး

ငါတို့

နောက်မှာ လှောင်ပြောင်မှု

လက်ခုပ်သံတွေ

ဖြောင်းဖြောင်းမြည်နေရဲ့...

အံသြမှုမရှိတော့ဘူး..

တုန်လှုပ်မှုမရှိတော့ဘူး..

ဘာလို့လဲဆိုတော့

ငါတို့ က

ပဲကြီးလှော်ကြားက

ဆားတွေပဲလေ...

ဟုတ်ကဲ.. ဆိုတဲ့စကားလုံးကို

အလွတ်ကျက်ရင်း

အမှန်တရားကို

ရင်ထဲမှာမျိုချ

သောက်နေကျ

ရေတွေတောင်

ဟုတ်.. ဟုတ်.. လို့မြည်နေပြီ..

တရုတ်ဆိုလဲ အဖေခေါ်

ကုလားဆို အမျိုးတော်ရမလိုပဲ

မြန်မာချင်းချင်း

ရိုင်းပင်းချက်ကတော့

ပင့်သက်တွေတောင်

ကြွေမတက်ပဲ

တစ်ကွက်မှားရင်

အစားခံရမဲ့

ဘ၀တွေပါလား...

ဆိတ်ဆိတ်နားထောင်

ယောင်လို့

ပြန်ပြောရင်

ထိုးနှက်တဲ့ စကားလုံး

အဖြေရှိပေမဲ့

အဖြေမသိသလို့နေခဲ့ရတာလဲရှိတယ်...

လွန်ဆွဲပွဲတွေကြား

ဟိုဘက်လိုက်ပြော

ဒီဘက်လိုက်ပြောနဲ့

ဒီလိုဘ၀တွေကို

ကျေနပ်အောင်နေနေရပြန်ပြီ...

ခက်လိုက်တာ

လွယ်တာလေးတွေကို

ရှုပ်အောင်လုပ်

ခေါင်းရှောင်

ခေါင်းဆောင်ကောင်းတွေကို

တွေနေရင်းက

သင်ခန်းစာ တစ်ပုဒ်ကို

ငါ အဖြေ မထုတ်တော့ဘူး

အမှန် အမှား

မသိတဲ့ လူတစ်စုအတွက်ပေါ့....

(ဘယ်သူကိုမှ ရည်ရွယ်ထားခြင်းမရှိပါ.. စိတ်ထဲရှိတာလေးကို ကောက်ရေးမိတာပါ အမှားပါရင်လဲ ခွင့်လွတ်စေချင်ပါတယ် )

Phoenix Lay@လေပြည် (07/12/2011--- 01:30 PM)

ရင်ထဲက မပြောင်းတဲ့ ဆုတောင်း...

တစ်ဖြည်းဖြည်းနဲ့

ဝေးကွာခဲ့တာ

ဆယ်စုနှစ်တစ်ခု

ရှိခဲ့ပါပြီ

မောင်ရယ်...

မောင်ထားခဲ့တဲ့နေက

ကျွန်မ

အတင်းလိုက်ခဲ့ပါရစေလို့

ပြောခဲ့ဘူးလား...

စေရာမှာနေရင်း

ထားရာမှာ

ကျေနပ်ခဲ့သူပါမောင်..

အခက်ခဲတွေ

မောင်နဲ့ကျွန်မကြား

ရှိစဉ်တုန်းက

ညည်းတွားရင်း

မောင် ရှောင်ဖယ်သွားခဲ့တယ်လေ...

ဒါပေမဲ့

မောင်အတွက်

အပြစ်ဆိုဖွယ်ရာမရှိပါဘူး...

အရာအားလုံးက

အစီစဉ်တစ်ကျ

ဖြစ်လာတာမှမဟုတ်ခဲ့တာ....

မိန်းမသားတစ်ယောက်မို့

မျက်ရည်စတွေကလွဲလို့

သိက္ခာနဲ့

အရှက်တရားကြားမှာ

နေထိုင်ကျန်ရစ်ခဲ့ရသူမို့

ချစ်ခြင်းတွေပွေ့ပိုက်လို့

ရင်နစ်အောင်

ချစ်ခဲ့ရသူပါမောင်ရယ်...

ပန်းမြိုင်တော့မှာ

နွမ်းကြွေခဲ့တဲ့

ချစ်ပန်းတစ်ပွင့်က

မောင်မသိအောင်

တိတ်လေးငိုကြွေးနေတုန်းပါ....

မောင် ရယ်...

ထွက်ခွာသွားခဲ့ခြင်းကို

မတားရပ်ခဲ့သူ

ကျွန်မ အဖို့

မတတ်သာလို့

မောင်အနားက

ခပ်ခွာခွာနေရင်း

တစ်စိမ်းပြင်ပြင်

စိမ်းနေလေတော့

အတွေးထဲက

မောင်ကို မေ့ပျောက်ဖို့

မကြိုးစားပါဘူး.....

ဒါပေ့မဲ့

ချစ်နေယုံလေး

ချစ်နေခွင့်လေးတော့

မောင်မသိတဲ့အရပ်မှာ

ဆက်ချစ်ခွင့်ပြုပါနော် မောင်.....

လွမ်းလို့...

ကျတဲ့

မောင် အတွက်

မျက်ရည်စ...

အတိုင်းအစမရှိ

သတိရနေတဲ့

မေ့မရခြင်းတွေကြား...

ကျွန်မ

နေသားကျနေပါပြီ.....

ပျော်ရွှင်မှုတွေနဲ့

သာယာမှုတွေဆင့်ကာ

ခိုင်မြဲတဲ့ ချစ်ခြင်း

်ရှာဖွေရင်း

အစစ်မှန်တဲ့

ချစ်ခြင်း မပျက်ရွင်းပဲ

ပိုင်ဆိုင်ရပါစေနော်

မောင်.........

Phoenix Lay@လေပြည်(07/12/2011---09:00 AM)

ချစ်သူလက်ခုပ်ထဲကငါး

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက

ငါ့အီးမေးလ်ကို မင်း ဝင်စစ်တော့မယ် ဆိုတာ

ဆေးလိပ်ကလေးတွေ ငါ့နှုတ်ခမ်းပေါ် ပြည်ဝင်ခွင့် ပိတ်တော့မယ် ဆိုတာ

ဒီပုလင်းကြီးနဲ့ငါ ရှင်ကွဲ ကွဲတော့မယ်ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက

မနက်စောစော ဘုရားရှိခိုးဖို့ လှမ်းနှိုးတော့မယ် ဆိုတာ

ညနေစောင်းဆို လာလာကြိုခိုင်းတော့မယ် ဆိုတာ

ငါ့တနင်္ဂနွေတွေ ဟိုကောင်တွေနဲ့ ထွေရာလေးပါး နေလို့ မရတော့ဘူး ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက

သဒ္ဓါထက်ထက် ကောင်မလေးတွေရဲ့

လမ်းပေါ်က ဖက်ရှင်ရှိုးကို FOC ခံစားခွင့်

မင်းမသိအောင်ဘဲ ရတော့မယ် ဆိုတာ ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက

ခင်တတ်လွန်းတဲ့ငါနဲ့ တချို့ညီမလေးတွေ ဆက်ဆံရေး

ခပ်တန်းတန်းလေး နေရတော့မယ် ဆိုတာ….

မင်း နဲ့ ငါ ချစ်သူဖြစ်ပြီ ဆိုကတည်းက

ဘဝကို မောင်းချင်သလို မောင်းပြီး

ရပ်ချင်တဲ့နေရာ ထိုးရပ်ထားလို့ မရတော့ဘူးဆိုတာ….

သိပါတယ်

သိပါတယ် ။

သိပါတယ်

(သဲကိုးဖြာလေးရယ်)

မင်းလက်ခုပ်လေး ကို

မဟာသမုဒ္ဒရာလို့ ငါအမှတ်မှားမိလိုက်ကတည်းက

ငါ့တစ်ဘဝလုံး မင်းရဲ့ ကိုလိုနီအဖြစ် ပေးပစ်လိုက်ရတော့မယ်ဆိုတာ

ငါ သိပါတယ်လေ….။

ကြိုက်လွန်းသိမ်းထားတာပါ တိုက်ဆိုင်မှုရှိတဲ့လူတိုင်းခံစားနိုင်ကျပါစေဗျာ... ရေးသူကိုတော့မသိပါဘူးခင်ဗျာ..

Phoenix Lay@လေပြည်

အဖြူရောင် အလွမ်းနေများအား တမ်းတခြင်း.....

အဖြူအစိမ်းနဲ့

မတိမ်းမယိမ်းအရွယ်လေး

ဖြူစင်စွာ

လက်တွဲ အတူမြဲ

ပျော်စရာတွေနဲ

ကျောင်းသားဘဝ

ကျော်ဖြတ်လာခဲ့ရတယ်......

ပင်အိုရွက်ကြွေ

နွေရောက်ရင်

အလွမ်းမပြေခဲ့တဲ့

ကျောင်းဖွင့်ချိန်လေး

မျှော်ခဲ့ရပြန်

မိုးဝသန်ကိုပေါ့.....

လွယ်အိမ်ကလေး

ဘေးမှာလွယ်လို့

စာတွေလေလာ့ခဲ့ရ

ရှေ့ဆက်မယ်ဘ၀အတွက်....

ကိုယ်စီ အခက်ခဲ့တွေ

ဘ၀မှာ မတွေ့အောင်ပေါ့.....

ပညာတွေကိုယ်ဆီပိုက်လို့

လမ်းခွဲလေးတစ်ခုကနေ

လက်တွဲတွေဖြုတ်ကာ

ဘ၀ကို ရုန်းကန်ခဲ့ရတယ်....

အဖြူရောင် အကြင်နာတွေကိုထားကာ

လောကကြီးကို

တို့အတူ

အရောင်လှလှလေးတွေ ချယ်နေကြရပြန်တယ်...

ခဏတာခွဲခွာခဲ့ရတဲ့

အဖြူရောင် သူငယ်ချင်းများနဲ့

ကျောင်းတော်ကြီးကို

လွမ်းဆွတ်နေမိတယ်....

ဟိုးတစ်ချိန်က

ကျောင်းသားဘဝ

ကျွန်တော်တို့အားလုံး

ပြန်တမ်းတကြတဲ့အခါ

မေ့မရတဲ့

အမှတ်တရလေးတွေကို

သတိရရင်း

ကဗျာလေးနဲ့

ကျောင်းသားဘ၀ကို

တမ်းတမိနေပါတော့တယ်......

အဖြူရောင် အလွမ်းနေများအား တမ်းတခြင်း.....Phoenix Lay@လေပြည်(09/12/2011--02:07PM)

ချစ်သူပေးတဲ့ အလွမ်းကဗျာ....

ချစ်သူဓာတ်ပုံလေး

ငါ့ငေးကြည်ရင်း

ဖျောက်ဖျက်လို့မရတဲ့

သူအကြောင်းတွေကို

တွေးနေမိတယ်.....

မယုံနိုင်လောက်အောင်

လွမ်းဆွတ်မှုကို

အံသြစွာ

မျိုသိပ်ထားခဲ့ရသူပါ....

ချပြခွင့်မရှိတဲ့

လွမ်းချင်းတွေကို

တမ်းတချင်း

ကဗျာတစ်ပုဒ်အဖြစ်

ငါ

ရေးသားမိနေတယ်.....

ကျေနပ်စွာနေခဲ့သူ

မဟုတ်ခဲ့ပေမဲ့

ဖြစ်သလို

နေခဲ့ရသူပါ....

လိုချင်တတ်မက်မှုထက်

စွန့်လွှတ်ချင်းသာ

ကံတရားပေးခဲ့တော့

အဖြေမရှိတဲ့

ညတွေဆို

ခလေးတစ်ယောက်လို့

ငိုရှိုက်နေမိတယ်.....

မမျှော်နေမှန်းသိပေမဲ့

မျှော်နေခဲ့သူပါ...

သတိမရမှန်းသိပေမဲ့

သတိရနေခဲ့တာပါ...

မေ့နေလောက်ပြီဆိုတာ သိပေမဲ့

မေ့မရခဲ့သူပါ....

ပြန်မလာတော့ဘူးဆိုတာ သိပေမဲ့

စောင့်နေခဲ့သူပါ...

အမှတ်တရဆိုလို

မင်းပေးခဲ့တဲ့

ဓာတ်ပုံလေးတွေသာ

ငါအနားမှာ

တယုတယ

သိမ်းထားခွင့်ရှိနေခဲ့တယ်...

အရာရာပျက်သုဉ်း ခဲ့ပြီ

ဒါပေမဲ့

နှလုံးသား မြိုဟောင်းမှာ

ချစ်သူခြေရာ လိုက်ရှာနေမိတယ်..

ကြိမ်ဖန်များစွာပါပဲဟာ.....

Phoenix Lay@လေပြည်(08/12/2011---01:58 PM)

ငါပေးနိုင်သော မင်းအတွက်နူတ်ဆက်ခြင်း....

ဆုံတွေခွင့်တွေကို

ရှောင်လွှဲလို့

မဖြစ်နိုင်တဲ့နေက

နင်နဲ့ငါက

ရိုးရိုးလေး

ခင်မင်ခဲ့ကျတယ်...

အဖြူရောင်ရဲ့

စည်းတစ်ဖက်ကို

ကူးခပ်လာတဲ့နင်ကို

ငါကလဲ

စိတ်ဝင်စားမှုနဲ့

နင်ပေးတဲ့

အကြင်နာချစ်စကားကို

ခေါင်းညိတ်ခဲ့ယုံပဲ

ငါမငြင်းဆန်နိုင်ခဲ့ဘူး....

ငါလဲနင်ကို သိပ်ချစ်နေခဲ့တာကို....

လှည့်စားမှုမပါတဲ့

လမ်းခွဲခြင်းမှာ

ခြေရာ ဖျောက်ခဲ့တဲ့

နင်ကိုလိုက်ရှာဖို့

ကြိုးစားကြည့်ပါသေးတယ်

မနေချင်လို့

ပြေးထွက်သွားတာကို

ရှာရင်းမောနေတဲ့ငါက

မေ့မရတဲ့အပြင်

လွမ်းတောင်လွမ်းနေခဲ့သေးတယ်....

နေကြာလာတော့လဲ

မိန်းမသားတစ်ယောက်အနေနဲ့

စွဲလန်းမှုနဲ့နာကြင်ခြင်းက

မနေသာအောင်

ရင်ထဲမှာရှိခဲ့တာလေ..

အခုတော့

နှလုံးသားတစ်ခုလုံး

ထုံနေခဲ့ပါပြီ...

ငါရှေ့မှာ

အတူပြန်တွဲဖို့

ရောက်လာတဲ့မင်းကို

ဘယ်လိုများ

ယုံကြည့်ရတော့မလဲ

မကြိုးစားပါနဲ့တော့ဟာ

နင်နဲ့ပတ်သတ်တဲ့

ခံစားမှုအားလုံးဟာ

လစ်လျူရှူတတ်သွားပြီ...

အရမ်းချစ်ခဲ့တာ

မှန်ပေမဲ့

ဒဏ်ရာတွေနဲ့

နှလုံးသားက

လုံးဝ နင်ကို

လက်မခံနိုင်တော့ပါဘူးဟာ...

မာနအောက်က

မျက်ရည်စတွေနဲ့

ကင်းလွတ်ခဲ့တာကြာခဲ့ပြီ

နင်အတွက် ဥပက္ခာနဲ့

ဂရုမစိုက်မှုတွေ သာ

ငါရှိမှာရှိတော့တယ်

မမျှော်လင့်နဲ့တော့နော်......

နင်အတွက် နူတ်ဆက်စကားပဲ

ငါရင်ထဲမှာ ကျန်တော့တယ်...

ဒီတော့ တွေရင်နူတ်ဆက်

အပြုံးမပျက်ပဲ

ထွက်သွားပါတော့နော်....

Phoenix Lay@လေပြည်(09/12/2011---02:20 PM)

ဝေးခဲကြပြီ...

ခဏလေး...

တစ်ကယ်ကို

ခဏလေးပါ

ငါတို့ ချစ်ခြင်းက

အပြစ်ကင်းစင်ခဲ့ပါတယ်...

မြူတိမ်တွေနဲ့

ကောင်းကင်ကြီးကို

မောကြည့်ရင်း

စကားတွေ

ဆိုဖြစ်ကျသေးတယ်...

အဲဒီညက

ကြယ်တွေစုံညီနေတယ်....

လေညင်းတွေက

အေးစိမ့်စိမ့်

နှင်းတွေလဲ

စိုနေပီ......

တွဲထားတဲ့ လက်နှစ်စုံ

မခွဲပဲ လျှောက်လမ်းရင်း

လမ်းစုံတစ်ခုမှာ

အတူတူ

ခွဲရတော့မယ်...

နူတ်ဆက်ရင်း

အပြုံးမရှိတဲ့

အေးစက်စက်

မျက်ဝန်း နှစ်စုံနဲ့အတူ

ကိုယ်စီ

လမ်းတွေရွေးရင်း

ဝေးခဲ့ကြပြီ......

ခဏလေး...

တစ်ကယ်ခဏလေးပါပဲ

ဝေးခဲ့ကြပြီ......

သို့သော်လည်း

ခဏလေးမဟုတ်တဲ့

ဝေးကွာခြင်းတွေနဲ့အတူ

လွမ်းခြင်းတွေကတော့

ခဏလေးမဟုတ်ခဲ့ဘူး...

တစ်ကယ်ပါ

ခဏလေး မဟုတ်ခဲ့ပါဘူး....

Phoenix Lay@လေပြည်(14/12/2011---11:30 AM)

ထိန်းသိမ်းကြပါစို့....

ယဉ်ကျေးမှု အနုပညာ

ရောယှက်နွယ်ရင်း

မြန်မာ ဟန်ပန်

မြန်မာ ဆန်ဆန်လေးတွေ

တော်တော်လေးကို

ပျောက်ကွယ်လုနီးပါး

ရှိခဲ့ပြီ......

အချိန် ရေစီးနဲ့

ခေတ် ကမြောလိုက်ရင်း

ယနေ့ကိုပြောင်းလည်း

လိုက်မယ်ဆိုရင်

ကိုယ့် အမျိုး

ကိုယ့် အနုပညာ

ကိုယ့် ယဉ်ကျေးမှု

အစုစုဟာ

ပြတိုက်မှာသာ

သွားရှာရမလို့

စိုးရိမ်မှုပန်မိပါရဲ့....

ရှေးအခါက

လုံမပျို....

မြင်စမ်းကြည့်ပါ

ပင်နီ အကျီင်္

ချည်လုံချည်နဲ့

ဆံထုံးရယ်

တစ်ပွင့်ပန်းနဲ့

တင်ဆန်းလှပါပေဘီ....

အမြင်ဆန်းတဲ့

ယခုအခါ

ယှဉ်ဆန်းပ

ရှေးအခါနဲ

တွေးစရာ အတိနဲ့

ထိန်းသိမ်းကြပါ

ကိုယ့် ပိုင် ယဉ်ကျေးမှု.....

ရင်မောစရာ

နောက်ကာလမှာ

ဘယ်ဟာကို

လက်ညိုးထိုးလို့

ဒါဟာ

မြန်မာမျိုးလို့

မဖြစ်ရအောင်

ကျွန်တော်တို့အားလုံး

ကိုယ့် ပြည်..

ကိုယ့် ယဉ်ကျေးမှု

ကိုယ့် အနုပညာကို

ချစ်မြတ်နိုးရင်း

ထိန်းသိမ်း ကြပါစို့...

မြန်မာဆိုတာ အစဉ်အလာမညိုးတဲ့ မင်္ဂလာရှိတဲ့ မျိုးနွယ်တွေမို့

ကိုယ်မြေ ကိုယ်ရေ ကိုယ် ယဉ်ကျေးမှု အနုပညာကို

စောင့်ရှောက်နိုင်ကျပါစေ....

မြန်မာဆန်ဆန် ကျက်သရေရှိလှတဲ့ အမေစုပုံအား တင်ထားမိပါသည်..

Phoenix Lay@လေပြည် (14/12/2011---10:30 AM)

ချစ်သူပေးခဲ့သော နွေပုံပြင်တစ်ပုဒ်

ဟိုးတစ်ချိန်က သူနဲ့ကျွန်တော် ကဗျာတွေ အကြောင်း စာတွေအကြောင်း လောကကြီး အကြောင်းကို အတူတကွ ငြင်းခုံခဲ့ကျဘူးတယ်.

ရော်ရွက်တွေကြွေတဲ့ နွေကို ရောက်တိုင်းလဲ ပူပြင်းတဲ့ နေရောင်အောက်မှာ လမ်းတူလျှောက်ကြရင်း လက်တွဲမြဲခဲ့ကြတယ်...

အခုတော ဥသြ သံတွေက အလွမ်းတွေကို သယ်ဆောင်လေလားမသိဘူး.. သူနဲ့ကျွန်တော်နဲ့ အမှတ်တရတွေကို

ရုပ်ရှင်ဆန်ဆန် ပြန်တွေးကြည့်နေမိတယ်...

အရူးတစ်ယောက်ကို နွေက ပိုပြီး ရူးစေခဲ့တာလား ဒါမဟုတ် သူမက ကျွန်တော်နဲ့ဝေးရာကို ထာဝရခွဲခွာသွား ခဲ့လိုသလားမသိဘူး..

နွေက သူနဲကျွန်တော်အတွက် အမှတ်တစ်ရတွေ ပိုများနေခဲ့တယ်.. နွေတစ်ရက်မှာ သူလောကကြီးက အပြီးအပိုင်ထွက်သွားခဲ့တယ်...

လက်တွဲခဲ့တဲ့ နေရက်တွေတုန်းက ဝေဒနာကို မပီပြင်အောင် ဟန်ဆောင် အပြုံးတွေနဲ့ ကျွန်တော်အနားသူနေခဲ့တာကို ကျွန်တော်

တစ်ကယ်မသိခဲ့ပါဘူး..

တစ်ကယ်လိုသာ ပြောင်းလဲ ခွင့်ရမယ်ဆိုရင် သူနေရာမှာ ကျွန်တော်ဖြစ်လိုက်ချင်ပါတယ်...

အသေချာမသိပေမဲ့ သူမျက်နှာလေးကို နောက်ဆုံးအကြိမ် ငေးခွင့်လေးတော့ သူပေးခဲ့ပါတယ်...

အိပ်ပုတ်ကြီးတဲ့ ခလေးတစ်ယောက်လို့ သူလှုပ်တောင်မလှုပ်ခဲ့ဘူး..

သူအေးဆေးတည်ငြိမ်နေပြီ.. ပတ်ဝန်းကျင်က ဆူညံမှုတွေကို လဲ သူမကြားတော့ဘူး...

မျက်ရည်စတွေကြားက ငေးမောနေတဲ့ ကျွန်တော်ကို သူတစ်နေရာရာကတွေရင် သူကျွန်တော်အနားမှာ ရှိနေအုန်းမလားလို့

တွေးရင်း စိတ်မကောင်းဖြစ်နေမိတယ်...

သူနဲ့ထိုင်နေကျ ခုံတန်းလေးပေါ်မှာ ရွက်ကြွေတွေရှိနေခဲ့ပြီ...

သူကြိုက်တတ်တဲ့ အရာတွေအားလုံးကို သူထားခဲ့ပြီ...

သူခဏခဏပြောတဲ့ လမ်းမခွဲကြေးဆိုတာတောင် သူကိုတိုင်မေ့သွားခဲ့တာလား

သူပြောခဲ့တဲ့ သူအကြောင်းလေးထဲမှာ သူခံစားမှုကို ဖော်မပြခဲ့တာကို ကျွန်တော် မရိပ်မိခဲ့ဘူး ဒါဟာကျွန်တော် ညံခဲ့လိုနေမှာပါ..

ကျွန်တော်ချစ်ရတဲ့ သူမ..

နွေရဲ့ ပူလောင်မှုနဲ့အတူ လွမ်းဆွတ်မှုတွေကို ကျွန်တော်ထံ အပ်နှံရင်း လောကကြီးက သူမြန်မြန် နူတ်ထွက်သွားခဲ့တယ်..

သစ်ရွက်တွေကြွေတဲ့ အချိန်မှာ သူမ ၀ိညဉ်လေးလဲ အဝေးကို ထွက်သွားခဲ့တယ်...

ရွက်ကြွေတဲ့ လမ်းမှာ ငါတို့ ပြန်ပြီး လက်တွဲလို့ လမ်းမလျှောက်ရတော့ဘူးလား...

အတူထိုင်တဲ့ ထိုင်ခုံလေးမှာ သူမကို လွမ်းတိုင်း ထိုင်နေမိနေပြန်တယ်...

ကျွန်တော် လွမ်းသမျှ သတိ၇သမျှတွေကို သူကိုမသိစေချင်တော့ပါ ဘာကြောင့်လဲဆိုတော့

တစ်ခြားဘုံဘ၀ကို အေးချမ်းသာယာစွာနေထိုင်ဖို့ မျှော်လင့်မိလို့ပါ...

ဘုရားထံ ဆုအခါခါတောင်းမိတယ် ကောင်းရာဘုံဘ၀ ရောက်ပါစေလို့ သူမကြိုက်တတ်တဲ့ စံပယ်ပွင့်လေးတွေနဲ့ပေါ့...

အခုဆို ကျွန်တော်အတွက် သူပေးခဲ့သော နွေပုံပြင်တစ်ပုဒ်ကို ရေးရင်း ကျန်ရစ်သူ နှလုံးသား မင်းအတွက် ထာဝရဆိုတာ

မင်း နားလည်ပါတော့နော်.. အဝေးတစ်နေရာက ချစ်ရသူရေ....

နွေကို မမုန်းခဲ့သလို့ နွေကပေးတဲ့ အမှတ်တ၇တွေကလဲ ပူလောင်မှုမရှိပါဘူး သိမ်းထားတဲ့ နှလုံးသား တစ်နေရာက ချစ်သူပြောခဲ့ဘူးသော

နွေအကြောင်းတွေနဲ့ ဥသြသံလေးတွေနားစွင့်ရင်း ချစ်သူကို ရှာဖွေနေမိပါတယ်...

နွေ ပုံပြင်ကို ပြန်ပြောမိတဲ့ ကျွန်တော်..

သူပုံရိပ်တွေနဲ့ တမ်းတနေတဲ့ ကျွန်တော် ..

အခုတော့ ကျွန်တော်နဲ့ကျွန်တော်သာ ကျန်ရစ်ခဲ့ရပြီ..

Phoenix Lay@လေပြည်(07/12/2011--02:30 PM)

မျှော်ကာတွေး သာမန်နေထိုင်ရေး....

ရှေးသရောအခါ

ပြည်မြန်မာဝယ်

ရွှေရောင်ပြောင်ဆင်း

စပါးခင်းနဲ့

ကောက်ပဲသီးနှံ

ပေါလျှံခဲ့တယ်...

ယခုအခါ

ဆန်စပါးကောင်း

နိုင်ငံခြား ဂျောင်းကာ

ပုစွန်တုတ်ကြီး

ပြည်ကြီးဆီသွား

တို့နည်းတူပဲ

ကောင်းတာအများ

ကောင်းရာသွားကျ............

တို့များပြည်သူ

ဝမ်းမီးပူကို

ငကျွဲဆန် စပါးလုံးနဲ့

ငပိရည် ကျဲကျဲ

ဆီမပါ ဟင်းနဲ

အရွက်ကို ရေလုံပြုတ်

ဟင်းလုပ်လို့ လွေးရတယ်......

ကြွေးမှီမကင်း

စိတ်အားပူပန်

ယနေ့မနက်ဖြန်

ရက်ဆက်လာပြန်တော့

ပေါင်နှံထား ရှိသမျှလေး

အတိုးပေါ် အတိုးတက်လို့

လုံးလုံးပျောက်ခဲ့ရပြီ....

မလွန်ဆန်နိုင်

င်္သခါရတရားကို

လက်ဝယ်ထားရင်း

ကံအကြောင်းမလှ

ကံကိုပုံချရင်း

ဆင်းရဲနွံမှ

လွတ်ကင်းဖို့ရာဝေး......

သြော်..........

တို့ပြည်တို့ဆီ တို့ပြည်ဝယ်

ဆန်ရေစပါး ဈေးများကာ

ဆီများမပေါ ဖယောင်းတိုင်ကဈေးကြီး

လူဦးရေနဲ့အတူ ကုန်ဈေးနူန်းကပြိုင်တိုးလို့

မျှော်ကာတွေးရင်း ကျွန်တော်တို့ရှေရေးက

မတွေးဝံစရာအတိပါတကား......

မမျှော်သာ သာမန်ဘ၀မို့ မတန်ရာကို မာန်မခဲ့ချင်ပေမဲ့

သာမန်နေနိုင်ဖို့အရေး တွေးကာရေးမိ အမှားပါရှိက

သီးခံပေးကျပါရန် တောင်းပန်အပ်ပါသည်.....

Phoenix Lay@ လေပြည် (16/12/2011--04:34PM)

နွေည...

ဆိုးဝါးလှသော နွေတစ်ညမို့

လေရူးက သုန်သုန်

မြူမှုန်ရယ်က ဝေး

အဖော်ဝေး သူအဖို့

တမ်းတခြင်းတွေအပြည်.......

မျှော်မှန်းကာ

အရှေဆီက

နေမင်းက ပူတောက်တောက်

ချစ်သူက ခြေရာ ဖျောက်ခဲ့ပြန်ပေါ့......

ဖြေမဆယ်နိုင် သံသရာပါမဲ့

အလွမ်းမို့ ကမ်းစပ်ကို

ရေလှိုင်းခပ်သလို့ သောင်ပြင်က

ငေး.. ရင်း စောင့်နေရသူပါ။..

မျှော်သလို့ မဖြစ်တော့လဲ

ဖြစ်သလို့ မျှော်တတ်နေပါပြီ...

ဝေးရတဲ့အကြောင်းကိုတွေးရင်း

အကြောင်းမရှိပဲဝေးခဲ့ရသူပါ.....

တောင်ရယ် မြောက်ရယ်

ဘယ်အရပ် ဆီမှန်းမသိပါဘူးဆိုမှ

ခြေစုံရပ်ကာ

မျှော်နေတတ်သေးတယ်......

အခုအချိန် နွေဦးပေါက်မှာ

လေရူးတွေခြောက်လှန့်သမျှ

ကြောက်နေယုံမှတစ်ပါး

အခြားသောအရပ်

မေ့အားရက်စွာ

ပျော်နေပါသော

သူတစ်ယောက်အား

ဂရောင် ခြောက်ခြား

အမြဲတစေ

မှန်းစ တမ်းတ

သတိရ အခါခါ

လွမ်းရတဲ့ နွေညအား

ကုန်ဆုံးလွန်မြောက်ပါစေတော့.....

Phoenix Lay@လေပြည်(16/12/2011--01:22 PM)

အလွမ်းအကြွေး....

ဘာသာ ပြန်ဖို့ မလွယ်ဘူး.....

နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်ခဲ့ဘူး...

ထုတ်ဖော် ပြောခွင့်မရှိဘူး...........

ဆွံအ နေသော

နူတ်ခမ်း တစ်စုံနဲ့

သူပြောသမျှ

ခေါင်းညိတ်ခဲ့တဲ့

ငါ....

သူစေရာ နေ

သူလုပ်သမျှ ကျေနပ်ယုံ

ဖြေသိမ်တတ်တဲ့

ငါ...

အခုတော့လောကကြီးမှာ

ကိုယ်တိုင်ကပဲ နားထောင်ကောင်းသူပဲဖြစ်ခဲ့တာလား

အားလုံးကို မငြင်းခုံချင်တော့တာလား

ငါကိုယ်တိုင် ဝေေ၀ ၀ါးဝါး ပါပဲ.....

ပျော်ရွှင်စရာ မလိုဘူး

ငြင်းခုံစရာ မရှိဘူး

အားလုံးကို

သဘာဝဆန်ဆန်လေးပဲ

အထီးကျန်ဆန်စွာနဲ့

အလွမ်းတွေကို စားသုံးရင်း

ဘာလို့လိုနဲ့

နှစ်တွေကြာမြင့်ခဲ့ပြီပဲ...

သူမသိခဲ့ဘူး....

သူမရှိခဲ့ဘူး.....

ဒါပေမဲ့

တမ်းတတိုင်းလည်း သူပါခဲ့တယ်...

သတိရတိုင်းလည်း သူပါခဲ့တယ်...

အသက်ရူသံတွေနဲ့ ထပ်တူ သူက ပါနေပြန်ရော.....

လွမ်းယုံသာ

ပြင်မရတဲ့ဘ၀မို့

တင်သမျှ အလွမ်းအကြွေး

တစ်ဖြည်းဖြည်း

ငါပေးဆပ်သွားမှာပါ......

Phoenix Lay@လေပြည်(15/12/2011---11:05 AM)

ကျေနပ်စွာနဲ့ နေတတ်ခဲ့ပါပြီ.....

အစတည်းက အဆုံးကို

မတွေးခဲ့မိတာ

ငါ အမှားပါပဲ....

ပတ်သတ်မှုကိုစခဲ့တုန်းက

ပျော်ရွှင်မှုတွေ ထုံမွှန်းနေခဲ့လို့လား

ငါကိုယ်တိုင် ၀မ်းနည်းမှုဆိုတာ

မတွေးခဲ့မိဘူး.....

လက်တွေ့မှာ ၀မ်းနည်းမှုတွေနဲ့

ကြုံလာတဲ့အခါ

ခလေးတစ်ယောက်လို့

ငိုမဲ့မဲ့နဲ့

နေရစ်ခဲ့ရသူပါ.....

အဖြေကရှင်းရှင်းလေးပါပဲ

လက်တွေတည်ဆောက်ထားတဲ့

ဘ၀ဟာ အခုဆို

လွမ်းမောဖွယ်ရာတွေနဲ့

ထာဝရ အဝေးကကြည့်နေယုံပါပဲ...

အမြဲတမ်းပေးဆပ်ပြီးသားမို့

ပိုင်ဆိုင်ဖို့ထက်ကို

ငါဖြစ်ချင်ခဲ့တာက

မင်းဘ၀လေး သာယာပျော်ရွှင်ဖို့ပါပဲ....

ငါနှလုံးသားက

တစ်ဖြည်းဖြည်းနဲ့

အဆင်ပြေသွားမှာပါ

နောက်ကို ပြန်လှည့်မကြည့်ပါနဲ့တော့....

မျက်ရည်စတွေနဲ့

ခြားနားသွားတဲ့

ဘ၀တွေကြား

နေစဉ် လွမ်းဆွတ်ချင်းတွေ

သတိရခြင်းတွေနဲ့သာ

ဘ၀ကို ထိန်းကျောင်းရင်း

ငါ ဟာ ကျေနပ်နေတတ်ခဲ့ပါပြီ...

ငါအတွက်တော့

အရှုံးအနိုင် မလိုအပ်ပါဘူး ကျေနပ်ပါတယ်....

အရာမထင်ခဲ့တဲ့

ငါချစ်ခြင်းတွေနဲ့ အဝေးနေချစ်နေယုံနဲ့ ကျေနပ်နေပါပြီ......

Phonix Lay @လေပြည် (19/12/2011--03:47 PM)

နူတ်ဆက်စကား....

မြင်သမျှက ရင်နာစေခဲ့တယ်...

မင်းနဲ့ပတ်သတ်ပြီးကြုံတွေသမျှက ငါအတွက်အံသြစေခဲ့တယ်...

မင်းရဲ့ပြောင်းလဲမှုက ငါရဲ့စွဲလန်းမှုဆိုတာကို မျက်လှည်ပြခဲ့တယ်...

အချစ်ဆိုတာ ခဏတာ တက်မက်မောမှုကို ခေါင်းစဉ်တပ်ခဲ့တားလား...ဒါဆို ငါတို့အမှားပေါင်းများစွာကို ကျူးလွန်နေကြတာပေါ့....

တစ်ချိန်တစ်ခါတည်းမဟုတ်တဲ့ ရက်စပ်မှုတွေက အကြိမ်တစ်ရာမက ရင်နာစေခဲ့တယ်............

သေချာပါပြီ တို့နှစ်ယောက်ကတွက် နူတ်ဆက်စကား ငါစပြီးမပြောခင် နင်ပြောခဲ့ပါတော့ဟာ...

ချစ်လွန်းလို့ရှောင်ဖယ်ကာ အမှောင်ကွယ်ရာ တစ်နေရာက စောင့်ကြည့်နေမိအုန်းမယ်ထင်တယ်...

ပြန်လာဖို့ ဖိတ်ခေါ်ခြင်းမရှိစေရ ဒါပေမဲ့ စောင့်ကြိုနေဆဲပါပဲဟာ......

အပိုတွေသာ မဆိုခဲ့ရင် လိုနေတာ နင်ပါပဲဆိုတာကို

တစ်နေရာ တစ်ကွေ့ တစ်နေနေ နင်သိလာရင်

ငါချစ်ခဲ့တာ နားလည်ပါစေ.....

အမှတ်တမဲ့ရခဲ့တဲ့ အမှတ်တရာတွေကို အတူလိုက်ကောက်ခဲ့တုန်းက တို့နှစ်ယောက် အားလုံးထက်ကို ပျော်ရွှင်ခဲ့ကျတယ်...

အခုတော့လဲ အမှတ်မရှိတဲ့ လူတစ်ယောက်အဖို့ အမှတ်တ၇တွေကိုသာတွေးရင်း ငိုရှိုက်နေမိပြန်တယ်....

အရာရာက ဒီမနက်နဲ့ ဒီညနေတောင် မတူတော့ဘူး ...... ဘာပဲဖြစ်ဖြစ် နာကြင်စေခဲ့ပြီးမှတော့ ဘယ်သူကြောင့် ဘာကြောင့် အပြစ်တွေ

မဆိုတာ့ပါဘူး ငါ သိပ်ချစ်တဲ့ နင်အတွက် နားလည်းမှုနဲ့ အရာရာကို နားလည်ပေးခဲ့ပါပြီ.. ပျော်ရာမှာပဲ ပျော်ရွှင်စွာ နေထိုင်ရင်း ဒဏ်ရာတွေမဲ့တဲ့ ချစ်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေကွယ်.....

Phoenix Lay@လေပြည်(19/12/2011---09:45 AM)

သူမသိခဲ့သော်လည်း.........

လိုချင်တပ်မက်မောလို့

ရက်ရောတဲ့

ချစ်ခြင်းတွေကို

အပြစ်ကင်းကင်း

ချပြခဲ့ပေမဲ့

ဥပက္ခာနဲ့ မသိဟန်လွဲ

အမြဲပဲ

ဟန်ဆောင်ကောင်းခဲ့တယ်နော်....

ထားပါလေ ဒါဟာလည်း

အလွဲမှားမှု တစ်ခုပေါ့....

ယုယမှုတွေနဲ့

နီးစပ်ဖို့

ကြိုးစားတိုင်းလည်း

တိုးပွားလာခဲ့တဲ့

မုန်းခြင်းတွေသာ

ရစေခဲ့တယ်....

ရိုးသားစွာ

ဝန်ခံပါတယ်

မေ့မရအောင်

ချစ်နေပါတယ်.....

ဒါတွေဟာ

ကိုယ်အတွေးနဲ့ကိုယ်တော့

ဟုတ်နေခဲ့တာပဲ...

ဆိုင်သူမသိတဲ့

ချစ်ခြင်းကို

တစ်ဖက်သက်

ကြိတ်မျိုသိပ်ရင်း...

အဖြေပေးတဲ့နေကို

စောင့်နေချင်ပေမဲ့

အတွေးထဲတောင်

အဝေးမှာနေတဲ့

မင်းကို

နီးစပ်ဖို့ရှာဝေးပေါ့......

ဘယ်လိုများမျှော်လင့်ရမလဲ...

ခက်ထန်တဲ့ ဒေါသမာန်တွေကို

လက်တွေဆန်ဆန်

မငြင်းပယ်ခဲ့လို့လား...

လိုရင်းမရောက်

ဆိုရင်း မေ့သွားတဲ့

သီးချင်းတွေကို

ငိုရင်း ညည်းနေမိပြန်ပြီ...

အခုဆို ဆိုင်သူမသိတဲ့

အလွမ်းတွေနဲ့

ပိုင်ဆိုင်ဖို့ရာဝေးတဲ့

အစွန်းတစ်ဖက်မှာ

လွမ်းလျက်သာ

ကျန်ရစ်ခဲ့ရသူမို့

သြော်...

ချစ်ရတဲ့သူတိုင်း

ပေါင်းစပ်ကျရပါစေ......

Phoenix Lay@လေပြည်(20/12/2011--04:45 PM)

ဝေဖန်သုံးသပ်ကြည်ရအောင်.....

သူတစ်ပါးကို လက်ညိုးထိုးတဲ့အခါ ကိုယ်ဆီမှာ လက်ချောင်း ၄ ချောင်းပြန်ရှိနေတယ် သတိထားမိလားသူငယ်ချင်းတို့.... ထားပါတော့နော် ပြောချင်တာကို စပြီးပြောတော့မယ်ဗျာ...ဟီး...

ခဏလေးလောက် ကျွန်တော်တို့ ကိုကိုယ့်တိုင် ဝေဖန်ကြည့်ရအောင်...

ဒါပေမဲ့ ကျွန်တော်တို့ ဟာ ဝေဖန်ရေးသမားတွေတော့ မဟုတ်ပါဘူး ရိုးရိုးလေးပဲ အချိုးအကွေ့တွေမှာ ဖြစ်ခဲ့တာကို ဝေဖန်ကြည့်မယ်...

ကျွန်တ်ာတို့မှာ အမှားကိုယ် စီရှိခဲ့ဘူးကြလိမ့်မယ်..

မှန်သော အမှားတွေရှိမယ်..

မမှန်တဲ့ အမှားတွေရှိတယ်...

ကဲ့ ကျွန်တော်တို့ ဝေဖန်မှာကသူများအမှားတွေ မဟုတ်ဘူးနော် ကိုယ်တိုင်မှားခဲ့တဲ့ အမှားတွေကိုပါ.. ဘာလို့လဲ ဆိုတော့ လူဆိုတဲ့ အမျိုးက သူများ အမှားပဲ မြင်တတ်ကြတယ်လေ ကိုယ်တိုင် အမှားကို မသိကြဘူး ...

အခုလို့ ဖြစ်လိုက်ပျက်လိုက် မတည်ငြိမ်တဲ့ လောကကြီးမှာ ကိုယ်ဖာသာကို ဝေဖန်တတ်အောင် လေ့လာရမယ်..

သူများကကိုကိုယ့် ဝေဖန်လာတဲ့အခါမှာလဲ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် ခံနိုင်ရည်ရှိအောင်ကြိုးစားရမယ်..

ကောင်းတာကိုလက်ခံနိုင်ရင်လည်း ဆိုးတာကိုလည်း လက်ခံနိုင်ရမယ်.. တစ်ချို့တွေကတော့ ဝေဖန်တဲ့အခါ အမှားကို ထောက်ပြတယ်..

တစ်ချို့ကြတော့ သူကိုယ်တိုင်လဲ ဘာဆိုတာ မသိဘူး ဒါပေမဲ့ အပြင်းအထန် ဝေဖန်ခံရတတ်တယ်.. ကြိုတင်ပြင်ဆင်ထားသင်တယ်..

"မမှားသော ရှေ့နေ မသေသော ဆေးသမား" တဲ့ စကားပုံတောင်ရှိပါသေးတယ် လူမှန်ရင် အမှားမကင်းပါဘူးဗျာ.....ဒါကြောင့်

အမှားကို သိ လို့ ပြင်ဆင်ကြရင် အရာရာ အဆင်ပြေသွားမယ် လို့ ကျွန်တော်ထင်တယ်ဗျ..... ဒါလဲ ကျွန်တော် ရဲ့ အတွေးလို့ပဲထင်မိတယ် သူငယ်ချင်းတို့ကော ဒီလို့တွေးမိလား ....! တစ်ခြားသူကို လိုက်ပြီးဝေဖန်ဖို့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေပေးပြီး သူကို သတိထားကြည့်နေရမှာလေ.. တမင်တကာကြီး မဟုတ်တောင် သိထားကြည့်ရမှာပဲ ..သူငယ်ချင်းကော့ အဲလိုမျိုးလုပ်မိနေပြီလား ဒါဆို ချက်ခြင်း ပြင်ဆင်လိုက်နော် ကိုအချိန်တွေက တန်ဖိုးရှိပါတယ်ဗျာ... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုကိုယ့်လာဝေဖန်ပေးတဲ့ လူကိုကျေးဇူးတင်တယ်ဗျ သူတန်ဖိုးရှိလှတဲ့ အချိန်ထဲက ဖဲ့ပေးထားလို့လေ.. ကျွန်တော်ကိုယ်တိုင်ကတော့ ဘယ်သူကိုမှ မဝေဖန်ချင်ပါဘူး... ဒါဟာလဲ ကိုယ်တိုင်ဝေဖန်ဖို့ ကိုကိုယ့် အချိန်ပေးနေရလို့ပါ သူငယ်ချင်းတွေကော့ ကိုယ်တိုင်ဝေဖန် သုံးသပ်ဖို့ အချိန်ပေးကြည့်ပါလား.. ဘယ်တော့မှ မပြည်စုံတဲ့ ကျွန်တော်တို့ ဘ၀တွေဟာ အမြဲလိုအပ်နေမှာပါ ဒါကြောင့် ပြီးပြည်စုံတဲ့ ဘ၀ကြီးမဟုတ်တော့ သူများထက် ပြည်စုံတဲ့ အသိဥာဏ် နဲ့ သူများထက်သာတဲ့ ဘ၀လေးတွေ ဖြစ်စေလိုပါတယ်.. ဒါကြောင့် သူငယ်ချင်းများလဲ တစ်ခြားသူကို ကောင်းတယ် ဆိုးတယ်လို့ ဝေဖန်နေတာထက်ကို ကိုယ်တိုင် ဝေဖန်ရေးသမား အဖြစ်လည်းကောင်း ကိုယ်တိုင် ဝေဖန်ခံ တစ်ယောက်အဖြစ် ကြိုးစားကြည့်နော်... တစ်ခါတစ်လေ လူဆိုတာ သူများကိုဝေဖန်တဲ့ အခါ မညာမတာပြောခဲ့ပေမဲ့

ကိုယ်တိုင် ခံစားရတဲ့အခါကြတော့ အလူးအလည်းခံရတာရှိတတ်ပါတယ်.. ကြာမှန်ရင် နွံမနစ်ပါဘူး ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှု

အောက်ကနေပြီးတော့ အမှန်ဆုံး လွတ်မြောက်ကြရင်း ကိုယ်တိုင် ဝေဖန်ပြီး အချိန်ကို တန်ဖိုးထားချစ်မြတ်နိုးပြီး ရှေ့ဆက်ရမဲ့ ဘ၀တွေအတွက် ရုန်းကန်ရင်း အဖိုးတန်သော ဘ၀လေးတွေကို အသိဥာဏ်အပြည့်နဲ့ ရှေ့ဆက်နိုင်ကြပါစေ....

အားလုံးကိုအတွက် စေတနာ အမှားလေးတွေပါရင် သီးခံပေးစေလို့ပါတယ်....ချစ်သော မန်ဘာများနဲ့ စာဖတ်သူများအားလုံး သာယာ ပျော်ရွှင်နိုင်ကျပါစေ...

Phoenix Lay@လေပြည်(20/12/2011)

သို. ... ကို

မချစ်ဖူးတော့

ရူးခဲ့သော ကျွန်မ..

ချစ်ဦးသူမဟုတ်ခဲ့သော

ကို.နဲ့ ခုတော့လည်း ဆွေး..

အခုတော့လည်း ဝေးခဲ့ပါပြီ..

ထူးဆန်းမှု

အံသြမှုတွေနဲ့

ကျွန်မအဖို့တော့

ကို.ပေးခဲ့သော

အရာရာဟာ

လွမ်းစရာအတိပါလား....

လှမ်းမျှော်ယုံ

ကျွန်မအဖို့...

ကို.ထားခဲ့တဲ့နေရာကနေ

တမ်းတရုံသာ

ရှိနေခဲ့ပါတယ်...

ပျော်လည်းမပျော်

မှိုင်တွေစရာ

အတွေးတွေနဲ့

ကျွန်မအဖို့တော့

ရိုးမသွားတဲ့

ချစ်ခြင်းတွေနဲ့

မျှောင်လင့်ခြင်းကတစ်ဖက်ပေါ့.....

ကျွန်မချစ်သော ကို.အပေါ်မှာ

လိုချင်တပ်မက်မှုတွေရှိခဲ့ပေမဲ့

ထားရစ်ခဲ့တာကို

အပြစ်မဆိုချင်တော့ပါဘူး...

ပျော်ရာမှာနေတတ်တဲ့ ကို.အဖို့

ကျွန်မအနားကလွဲလို့

တစ်ခြားနေရာမှာ

အမြဲတမ်းအဆင်ပြေပါတော့...

မျက်ရည်စတွေနဲ့ ကျွန်မအဖို့

ငိုညည်းချင်းတွေ

ရက်ဆက်ခဲ့ပေမဲ့

ကို..တစ်ယောက်ကတော့

ကျွန်မအနား

ပြန်ရောက်မလာခဲ့ပါဘူး...

ကို..အခုဆို

ကျွန်မတို့ဝေးခဲ့တာ

ခုနှစ်တစ်ခုတောင်

ကျော်သွားခဲ့ပြီနော်.....

အလွမ်းမျက်ရည်စတွေနဲ့

ကျွန်မ

ကို.ကိုလွမ်းနေဆဲပါ...

မိန်းကလေးတယောက်ရဲ. ခံစားချက်ကို တွေးကြည့်ရင်း ရေးမိသောကဗျာလေးပါ..

22/12/2011--04:35 PM (လေပြည်)

စိုးရိမ်မှုနဲ့ လွမ်းခြုံသော လွမ်းခြင်း........

ညို့အား ပြင်းတဲ့ သူလည်းမဟုတ်ဘူး....

ရှောင်လွဲမရတဲ့ မျက်ဝန်းပိုင်ရှင်လည်းမ ဟုတ်ဘူး....

ငေးလောက်အောင်လှတဲ့ သူလည်း မဟုတ်ဘူး....

ဒါပေမဲ့

ကျွန်တော်ချစ်ရတဲ့ သူဟာ သာမန် မိန်ကလေးတစ်ယောက်ပါပဲ...

အရာရာကို သူအတွက် ကျွန်တော်ပေးဆပ်ချင်ခဲ့သူပါ...

ထူးမခြားနား ဘ၀တွေမို့လည်း တစ်ခါတစ်လေ အခက်ခဲ့ကိုယ်စီရှိခဲ့ဘူးပါတယ်..

ဒါပေမဲ့လည်း

သူအနားမှာ ကျွန်တော် အားပေးမှုတွေနဲ့ သူဘ၀အခက်ခဲ့တွေကို ၀င်ရောက်ဖြေရှင်းခဲ့ပါတယ်....

သူပျော်ရွှင်နေတဲ့အချိန်မျိုးမှာ ကျွန်တော်ကိုသတိရလား မရလားမသိပေမဲ့ ကျွန်တော်ပျော်ရွှင်မှုတွေ ရှိနေတဲ့အခါမျိုးမှာ

သူကိုအမြဲတမ်း မျှဝေခဲ့သူပါ.....

ဘာမှန်းမသိပဲ ဒေါသထွက်တတ်တဲ့ သူကို ဒေါသတွေလျောချဖို့ ကျွန်တော်ကိုယ်တိုင် ၀င်ရောက်စတေးခံခဲ့ပါတယ်...

လိုချင်တာမှန်သမျှကို ရအောင် မပေးနိုင်ခဲ့ပေမဲ့ ရနိုင်သမျှကိုတော့ ကျွန်တော်ကြိုးစားပေးခဲ့ဘူးပါတယ်...

သူကိုကျွန်တော် အပြည့်အ၀နားလည်မှုတွေပေးရင်း ကျွန်တော်အတွက် ပျော်စရာနေ့ရက်တွေကို သူပေးခဲ့ဘူးပါတယ်..

ငို ရင်ချောလိုက်.. ပြုံးရင် ပျော်ရနဲ့ စိတ်ညစ်ရင် ဖြေသိမ့်လိုက်နဲ့ ကျွန်တော် မအားလပ်နိုင်အောင်ပဲ သူကို ပေးဆပ်ခဲ့ရပါတယ်..

တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင် ပျော်ရွင်မှုကိုေ၀၀ါးမှု ဒွိဟတွေလည်းမရှိခဲ့ပါဘူး....

အလုပ်တွေကြားက တစ်ခါတစ်လေ ကျွန်တော်သူကို ပစ်ထားမိခဲ့ရင်လည်း ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်...

အချိန်တွေက ခဏလေးလို့ပဲ ကုန်ဆုံးလွယ်လိုက်တာ သူဘေးနား နေရချိန်ဆို ခဏလေးလိုပါပဲ....

ဒီလိုနဲ့ပဲ

တစ်နေမှာတော့ ကျွန်တော်ကို သူက မလိုအပ်တော့ဘူး ဆိုတာကို ပြောလာခဲ့တဲ့အခါ ကျွန်တော်

မျက်ရည်အ၀ိုင်းသားနဲ့ ပြုံးပြပြီး သူထွက်သွားတာကို ကြည့်ရင်း ကျန်ရစ်ခဲ့ရပါတယ်...

ထားဆီးထားချင်ပေမဲ့လည်း ကျွန်တော်ထက်သာတဲ့ နေရာတစ်ခုကို သူသွားခဲ့ပါပြီလေ...

ကျွန်တော် ထက်ပျော်ရွှင်ချင်းတွေ ရခဲ့မယ်ဆို ကျေနပ်ပါပြီ..

ကျွန်တော်ကို ထားခဲ့လို့ သူကို မမုန်းရက်ခဲ့ပါဘူး..

ဒါပေမဲ့

သူအတွက်တော့ ကျွန်တော်စိုးရိမ်နေမိတယ်...

အခက်ခဲတွေကြုံတဲ့ အခါ ကျွန်တော်လို့ သူကို နှစ်သိမ့်ပေးနိုင်ပမလား....!

သူဒေါသထွက်တဲ့ အခါ မျိုးမှာကော့ ကျွန်တော်လို့မျိုး ဖြည့်ဆည်းပေးနိုင်ပမလား...!

သူလိုချင်တာလေးတွေကိုကော့ ပေးနိုင်ပမလား...!

တစ်ကယ်လို့များ ကျွန်တော်ချစ်ရသော သူ တစ်ခြား သူကြောင့် ငိုခဲ့ရမယ်ဆိုရင်

ကျွန်တော် ပိုပြီး ၀မ်းနည်းနေရမှာပါ...

အရာအားလုံး အဆင်ပြေစွာ နေထိုင်ရင်း လိုအင်မှန်သမျှရပါစေတော့ လို့ သူကို ကျွန်တော် ဆုတောင်းပေးလိုက်ပါ၇စေတော့.....

အဝေးရောက်ခဲ့ရသော ကျွန်တော်....

နောက်ဆုံး လွမ်းရက်တွေဆက်ခဲ့ရတဲ့ ကျွန်တော်..

ပျော်ရွှင်မှုတွေကင်းမဲ့ခဲ့ရသော ကျွန်တော်...

သူ သာ လျှင် အချစ်ဆုံး မို့ ကျွန်တော်ဟာ အခုချိန် အထိ လွမ်းနေခဲ့ရသူပါပဲ..........

Phoenix Lay@ လေပြည်(23/12/2011--04:00PM)

သုညနဲ့စ သုညနဲ့ဆုံးသော.....

လက်ဗလာ ကိုယ်ဗလာ နဲ့ ကျွန်တော်တို့ ဘ၀ကို စတင်ဝင်လာခဲ့ကြတယ် အကြောက်တရားကို ဂရုမစိုက်ဘူး...အရှက်တရားဆိုတာလည်းမရှိခဲ့ကြသေးဘူး...

ကျွန်တော်တို့တစ်တွေအားလုံး တစ်ဖြည်းဖြည်းနဲ့ အကြောက်တရားတွေရှိလာခဲ့တယ်... အရှက်တရားတွေလည်းရှိလာခဲ့တယ်..

ငိုကြွေးရင်း နဲ့ လိုချင်တာကို တောင်းလာခဲ့ကြသေးတယ်... ကိုယ်တိုင်မသွားနိုင်တဲ့နေရာကို အကူညီအနဲ့ သွားခဲ့ကြရပြန်တယ်...

ဒီလိုနဲ့ တစ်ဖြည်းဖြည်း စူးစမ်းမှုတွေ လေ့လာမှုတွေကိုစတင်လာကြပြန်တယ်...

အဲဒီစူးစမ်းမှုတွေမှာ အရောင်တွေ ကာလတွေ ၊ ချစ်စရာ ၊ငိုစရာ စသဖြင့် အားလုံးအားလုံးပေါ့...

အဆင့်ဆင့်ကို လေ့လာ သင်ယူရင်းဖြတ်သန်းလာရင်း အရှက်တရားတွေ ပိုလာခဲတယ်.. အကြောက်တရားတွေလည်းရှိလာတယ်..

လိုချင်မှုတွေလဲများလာတယ်... ချစ်တတ်လာကြသေးတယ် မုန်းတတ်လာကြသေးတယ်....

အရာအားလုံးကို နားလည်လာတဲ့အခါမှာတော့ ကျွန်တော်တို့လေ့လာမှုဟာ တော်တော် ကြီးကို ခရီးရောက်နေခဲ့ပြီလေ...

မာနတွေထားတတ်နေပြီ..ဂုဏ်ဓနချင်းပြိုင်နေတတ်ကြပြီ...ပြိုင်ဆိုင်မှုတွေပြင်းထန်လာကြတယ်..

မနာလိုမှုတွေနဲ့ တစ်ဖက်သားကို ချောက်ချမှုတွေ ပါဝင်ရောယှက်လာခဲ့တယ်...

ဒါတွေအားလုံးကို လုပ်နေတဲ့သူတွေကော ကျွန်တော်တို့ကိုယ်တိုင်ကော ဘာအတွက် လုပ်နေတယ်ဆိုတာကို

အဖြေရှာကြည်ခဲ့ဘူးလား...အဖြေရှိတဲ့လူလည်းရှိမှာပါ.. မရှိတဲ့လူလည်းရှိမှာပါ

ဘယ်သူကိုမှ အပြစ်တင်လို့မရဘူးလေ ကျွန်တော်တို့ ဟာ လူတွေဖြစ်နေကြတာကိုး...

အားနည်းသူကို နှိမ်ချင်လာကြတယ် အားကြီးသူကို မြှောက်ပင့်လာကြတယ်...

လူလူချင်း သနားစာမှုဆိုတာ မရှိကြဘူး လေ့လာမှု သင့်ယူမှုလွဲမှားခဲ့ကြတာလား ..

ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့ လူနဲ့တူနဲ့လူ ဖြစ်အောင် ကျွန်တော်တို့ကြိုးစားသင့်ပါတယ်...

ကျွန်တော်ကိုယ်တိုင်လည်း မပြည့်စုံသေးပါဘူး လေ့လာနေတုန်းပါပဲ..

အဲဒီလေ့လာသင့်ယူမှုလေးတွေမှာ ရင်ဘတ်နဲ့ သင်ယူရတဲ့ အခါတွေရှိတယ်... ဒီလိုပဲ တစ်ခါတစ်လေ ရင်ဘတ်ဆုတ်ပျက်သွားတာလည်းရှိတယ်...ဒါဟာ သင်ခန်းစာတစ်ခုပါပဲလေ..

ဘ၀အတွက် သင်ခန်းစာကို လက်တွေဘ၀မှာ သင်ပေးခဲ့ကြတဲ့ လူတွေလည်းရှိပါတယ်.. လွဲမှားတဲ့လမ်းတွေပေါ်မှာ

ကျွန်တော်တို့ လျှောက်ရတဲ့အခါလည်းရှိတယ်.. ကောင်းတဲ့လမ်းမှာလည်း လျောက်ခဲ့ကြရပါသေးတယ်...

ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက စူးစမ်းတတ်တဲ့လူသားတွေပဲ...

ဘ၀မှာ သင်ယူစရာတွေများသလို့ နာခံစရာတွေ မှတ်သားဖွယ်ရာတွေ အဖုံဖုံကို ဆည်းပူးနေကြရတာလေ..

ခလေးဘ၀၊လူငယ်ဘ၀၊လူကြီးဘ၀ အဆင့်ဆင့်ကိုဖြတ်ကျော်ရတယ်...

တစ်ချို့ဘ၀တွေ့က ရွေးချယ်လို့မရဘူး တစ်ချို့ဘ၀တွေက ရွေးချယ်လို့ရတယ်...

ဒါကြောင့် ရွေးချယ်လို့မရတဲ့ လမ်းမှာလျှောက်ခဲ့ကြရပေမဲ့ ငိုကြွေးနေယုံ တမ်းတနေယုံနဲ့မရဘူးလေ..

ဆက်လျှောက်ကြရရုံပေါ့ ကိုယ်သွားခဲ့တဲ့လည်းကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်လို့ရပါသေးတယ်....

လမ်းတွေအမှားကြီးရှိနေတာကို မသွားခဲ့ရတဲ့ လမ်းအတွက် ကျွန်တော်တို့ မှိုင်နေလို့မဖြစ်ဘူး ရပ်နေလို့မဖြစ်ဘူး

တစ်ခြားလမ်းတွေကို လျောက်ကြည့်ရင်း အောင်မြင်မှုတွေနဲ့ လူပီသတဲ့ လူတစ်ယောက်အဖြစ်ပိုင်ဆိုင်ဖို့ကြိုးစားကြရမယ်...

ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ အသိဥာဏ်နဲ့ စဉ်းစား ဆင်ခြင်မှုတွေရှိတယ်...

ကျွန်တော်တို့အားလုံးက လူလူချင်းစာနာမှုတွေ အားပေးမှုတွေနဲ့ ရှေ့ဆက်ကြရမယ်..

ဂုဏ်ဓနတွေ၊မာနတွေ အားလုံးက ကျွန်တော်တို့ အရင်သေသွားခဲ့တဲ့ လူတွေမှာ ပါသွားခဲ့လားဆိုတာကို လေ့လာကြည့်ပါ..

ဗလာနဲစတဲ့ ဘ၀ဟာ ဗလာနဲ့ပဲ အဆုံးသတ်သွားရတယ်... မပြီးဆုံးတဲ့ သံသရာတဲ့မှာ လူတွေအားလုံး

လူပီသကြမယ်ဆိုရင် အကောင်းဆုံးပါပဲ...

သင်သေသွားသော် သင်၏သားမြေး သင်နဘေးမှာ ငိုကြွေးယုံမှတစ်ပါး ထားရစ်ခဲ့ရတယ်..

သင်သေသွားသော် သင်၏ ချစ်သူ ကြင်နာသူလည်း ထားရစ်ခဲ့ရ....

သင်သေသွားသော် သင်၏ဂုဏ်ဓနနှင့် မာန အဖုံဖုံ ထားခဲ့ကြရ...

သင်သေသွားသော် သင်နှင့်သင်သာ ပါသွားခဲ့ရာ သင်ဟာ ဗလာ.. ဘာမှ မပါခဲ့တော့ပါဘူး...

ကျွန်တော်တို့ရဲ့ အားလုံးသော ကျန်ရစ်တဲ့ ဘ၀တွေမှာ လေ့လာသင်ယူရင်း ကောင်းသော အကျင့် မြတ်သောအကြံ

ဖြူသော နှလုံး နှင့် သူတော်ထုံးကို ကျင့်ကြံအားထုတ် နိုင်ကြရင်း ပျော်ရွင်စွာဘ၀ကို ဖြတ်သန်းနိုင်ကြပါစေ....

Phoenix lay@လေပြည်(24/12/2011--09:45 AM)

လွမ်းသူက ကျွန်ုပ်..

အိုဘယ် အလွမ်းရှင်

ကျွန်ုပ်သည်

သူအပေါ် သစ္စာထား

အချစ်သဒ္ဒါပွား၍

အမြဲအစဉ်သာ

ချစ်လျက်ရှိပါသည်....

ကျွန်ုပ်မေတ္တာ

စစ်ခဲ့ပါလျှင်

အလွမ်းသင့်နှလုံးသားအား

အမုန်းမပွားပဲ

ကျွန်ုပ်ထံ

ပြန်လာပါစေကြောင်း

ဆုတောင်းမိ အခါခါ......

အကြိမ်တစ်ရာမက

ဆုတောင်းလည်း

မပြောင်းလည်းပဲ

တစ်ခြားနေရာ

တစ်ခြားရင်ခွင်မှာ

ပျော်နေရှာသော

သူထံသို့

ဥသြမှတစ်ဆင့်

ခွန်းဆင့်ချွေမှာ

သာယာပါစေ......

အော်....

အလွမ်းမှုစာခွေ

လွမ်းစာတွေသီရင်း

လွမ်းခြင်းတွေက

မညီမညာနဲ့

နှလုံးသားအပြင်ဖက်

ရှာရင်းမောကာ

လွမ်းသူက ကျွန်ုပ်...

မည်သိုပင် အရင်ချိန်က သာယာခဲ့ပါစေ

အခုဆို ကျွန်ုပ်သည်

အလွမ်းမြိုင်တောမှာ

ဖော်ငယ်ဝေးလို့

လွမ်းခြင်းကဗျာ သီခဲ့တာ

အတော်ကြာခဲ့ပါပြီ.......

ကျွန်ုပ် လွမ်းသမျှ........

တမ်းတသမျှ..........

သတိရသမျှ.......

ဒါတွေကြောင့်

သူ ပျော်ရွှင်မှုတွေ

မထိခိုက်စေလိုကြောင်း

ဆုတောင်းမိသည်.........

Phoenix Lay@လေပြည်(21/12/2011--02:38 PM)

လွဲမှားခဲ့သော နူတ်ဆက်ခြင်း.....

နူတ်ဆက်တယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ခဏတာခွဲခွာရတာပဲ ဖြစ်ဖြစ် ဒါမဟုတ် အပြီးအပိုင် ခွဲခွာရတဲ့အခါမှာပဲဖြစ်ဖြစ် နူတ်ဆက်ကြတယ်....

မင်းကိုယ့်ကို နူတ်ဆက်တုန်းက ငါတို့ ခဏတာလေး ခွဲကြရမယ်ထင်တားခဲ့တာ

ဒါပေမဲ့လည်း အပြီးအပိုင် ဝေးကွာခြင်းအတွက် နူတ်ဆက်ခဲ့ကြတာဆိုရင်

ကျွန်တော် ဘယ်လို့လုပ် နူတ်ဆက်မှာလည်း.....

အရာရာဟာ နောက်ကျသွားခဲ့ပြီဆိုတာ ကျွန်တော်နားလည်ခဲ့တဲ့ အချိန်က ကျွန်တော်အတွက် အရမ်းနောက်ကြခဲ့ပြီလေ...

နေရောင် မှိန်မှိန်အောက်က အိမ်ပြန်ချိန်ဟာ ဆည်းဆာတစ်ခု မဟုတ်ခဲ့သလို့ အထီးကျန်မှု သက်သက်နဲ့သာ

လွမ်းမောစရာကောင်းစွာ ဖြတ်သန်းခဲ့တာ နှစ်ပေါင်းများခဲ့ပါပြီ.....

ကဗျာမပီတဲ့ ရင်ထဲက စကားတွေကို ချရေးရင်း ကျွန်တော်တို့ နူတ်ဆက်ခြင်းဟာ သံသယမရှိလောက်အောင်ပဲ

ဖြူစင်ခဲ့ကြပါတယ်..

ချစ်ခဲ့ကြတုန်းကလဲ နောင်တမရှိခဲ့ကြပါဘူး .. ပျော်ရွှင်လိုက် ရန်ဖြစ်လိုက်နဲ့ သာယာတဲ့ ညနေတွေ ပျော်စရာကောင်းတဲ့ နေတွေကို

အတူတူဖြတ်သန်းခဲ့ကြဘူးတာကိုး....

အရာရာဟာ ခြောက်သွေ့သွားမယ်... အထီးကျန်သွားမယ်ဆိုရင်... ကျွန်တော် သူကို နူတ်ဆက်မိမှာမဟုတ်ဘူး....

ဘာပဲဖြစ်ဖြစ်လေ အရာရာကို တမ်းတနေယုံနဲတော့ သူကျွန်တော်အနား ပြန်လာမှာ မဟုတ်တော့ပါဘူး....

စကားလုံးတွေ ထပ်နေတဲ့ နူတ်ဆက်ခြင်းဆိုတာကို ကျွန်တော်ကိုယ်တိုင် လေ့လာသုံးသပ်နေမိပြန်တယ်....

စကားလုံးက ၂ လုံးထဲပါပဲ .....

နူတ် ==== စွံအသွားသော ကျွန်တော် နူတ်ခမ်းတွေက

ဆက်====ဆက်ရန်မရှိတော့သော ကျွန်တော်တို့ နှစ်ယောက်

အခုဆို ကိုယ်လမ်းကိုလျှောက်ကြရင်း အပြီးအပိုင် နူတ်ဆက်သွားခဲ့ပြီ.....

နူတ်ဆက်ခြင်းတွေက ကျွန်တော်အတွက် ထာဝရ ဝေးကွာခြင်းနဲ့ အပြီးအပိုင် ထားခဲ့ခံရခြင်းကို ပိုင်ဆိုင်စေခဲပြီ........

ချစ်တိုင်းလည်း မညားခဲ့သလို့ ညားတိုင်းလည်း မချစ်တဲ့

ဒါပေမဲ့ ကျွန်တော်က တော့ ချစ်တိုင်းညားကြပါစေ..

ညားတိုင်းလည်း ချစ်ကြပါစေတော့လို ဆုတောင်းနေမိတယ်....

ကျွန်တော် ခံစားမှုက လိမ်ညာမှု တစ်ခုမဟုတ်ခဲ့ဘူးဆိုရင် နူတ်ဆက်ခြင်း တွေ နဲ့ ကင်းဝေးရပါစေတော့...........

နောက်ဆုံးတော့ အလွမ်းကို ရင်ဝယ်ပိုက်လို့ ထားခဲ့တဲ့နေရာမှာ နေရင်း ဆွေးမြေ့ဖွယ်ကောင်းစွာ သူအကြောင်းကို

ကျွန်တော် စဉ်းစားရင်း ... စဉ်းစားရင်း.. ကျွန်တော် ချစ်နေတုန်းပါပဲ..........

Phoenix Lay@လေပြည်(21/12/2011-04:53AM)

အဝေးရောက်ချစ်သူများ အတွက်....

တစ်မြေခြားနေခဲ့လို့လား

ဒါမှမဟုတ်

တစ်မြေထဲမှာပဲ ဝေးနေရလို့လား................

အကြောင်းအမျိုးမျိုးကြောင့်

ဝေးနေရလို့

ကိုယ့်ချစ်ရသူကို လွမ်းနေကြပြီလား.............

ချစ်သူအကြောင်းလေးတွေးပေးပါ...

အဆင်ပြေလား မေးပေးပါ...

ချစ်သူကို နားလည်မှုအပြည်ပေးလိုက်ပါ...

ဘာလုပ်လုပ် စိတ်ထဲက အမြဲတိုင်ပင်ပါ(လူကိုယ်တိုင် ပြောဖို့ အခွင့်မသာတဲ့အခါမျိုးမှာပါ)

စိတ်ချယုံကြည့်မှု ချစ်သူအပေါ်အမြဲထားပေးပါ....

အဝေးမှာနေရတာ သူလဲ ပင်ပန်းမှုတွေ အဆင်မပြေမှုတွေ ရှိကောင်းရှိပါလိမ့်မယ်...

ဒါပေမဲ့ ကိုယ်တိုင်းပြည် ကိုယ်လူမျိုးမဟုတ်တဲ့ လူမျိုးခြားတွေနားမှာဆိုတော့ ပိုပြီး အခက်ခဲတွေ ပိုရှိမှာပါ...

ဒါကြောင့် အားပေးစကားလေး အမြဲပြောဖြစ်အောင်ကြိုးစားပါ.....

တစ်မြေထဲမှာ ရှိကြတဲ့ ချစ်သူတွေဆိုပိုပြီး အဆင်ပြေပါတယ် အားပေးစကားပြောဖို့ အရာရာကိုကျော်ဖြတ်နိုင်ဖို့

ခွန်အားတွေ ဝေမျှပေးလိုက်ပါ...

ချစ်သူကိုတစ်ကယ်ချစ်ရင် သံယထားတဲ့ မျက်လုံးနဲ့ လိုက်မကြည့်ပါနဲ့

အဲဒီ မျက်လုံးက အဝေးဆုံးကို တွန်းပို့တတ်ပါတယ်...

ဘာအကြောင်းပဲ ဖြစ်ဖြစ် စိတ်ညစ်စရာ ချစ်သူမှာကြုံခဲ့ရင် ပြသနာကို အဖြေရှာပြီး စိတ်ညစ်မှုကို ကူညီပြီး ဖြေရှင်းပေးပါ...

စိတ်ချမ်းသာစရာ အကြောင်းလေးတွေ ပျော်စရာလေးတွေကို ဖန်တီးပေးပါ...

ချစ်တဲ့သူတိုင်းက ကိုယ်ချစ်သူ အမြဲပြုံးနေတာလေးကို တွေချင်ကြမှာပါ..

ဒါကြောင့် ကိုယ်ချစ်သူနဲဆုံတွေဖို့ကြိုးစားနေတဲ့ အဝေးရောက်ချစ်သူတွေအားလုံး ပြန်လည်နီးစပ်ပြီး

ပျော်ရွှင်စရာ အချစ်နေ့ရက်လေးတွေကို တွေးထားတဲ့ အတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ....

အဝေးရောက်နေသာ ချစ်သူတွေကော့ အနားနီးမှာနေခွင့်ရတဲ့ ချစ်သူတွေပါ ယုံကြည်မှုနဲ့ ချစ်ခြင်းတွေကို တည်ဆောက်ရင်း

အမြန်ဆုံး ဆုံတွေကြပါစေ....

ကျွန်တော်တို့ အိမ်လေးထဲမှ Member(Marlu Nyi) ရဲ့ ချစ်သူကိုလွမ်းနေကြောင်းလေးကို ဖတ်မိရင်း ဒီစာလေးတွေကိုရေးဖြစ်ပါသည်...

Phoenix Lay@လေပြည်(22/12/2011--10:12 AM)

အမြဲတမ်း မင်းအတွက်...

ဟိုးတချိန်က

အမှတ်တရတွေက အခုချိန်မှာ

သတိရခြင်းတွေဖြစ်ခဲပြီ...

မှုန်ဝါးဝါးအတိတ်ဟာ

အခုဆို

အမြဲတမ်း

ငါနဘေးနား

ကပ်လိုက်ပါနေခဲ့တယ်..

လူတိုင်းလူတိုင်းက

ပျော်ရာမှာနေချင်ပေမဲ့

တော်ရာမှာနေကြရတယ်....

အနီးအနားမှာ

မပြီးသွားတဲ့

လွမ်းဆွတ်မှုတွေကို

ရွတ်ပြရင်း

နင်ဘေးနား

ချွဲနွဲ့ချင်သေးတယ်.....

တွဲခဲ့ဘူးတဲ့

လက်တစ်စုံရဲ့

ခွန်အားဟာ

ဘယ်လောက်ထိ

အရေးပါခဲ့တယ်ဆိုတာကို

အခုချိန်မှာ

ငါကောင်းကောင်းနားလည်ခဲ့ပါပြီ......

သင့်ယူမှု

ညံတဲ့ငါအဖို့တော့

စိုးရွားတဲ့

လွဲချော်မှုတွေနဲ့

မင်းအကြောင်းမေ့ဖို့ ခက်နေပါပြီ.....

မေ့ပျောက်ဖို့ ကြိုးစားတိုင်း

တိုးလာတဲ့ နင်အပေါ်ထားတဲ့

သံယောဇဉ်တွေက

ရုန်းထွက်မရအောင်ပဲ

ငါတစ်ဖြည်းဖြည်း

နစ်မွန်းနေပါပြီ..............

စိတ်ကူးတိုင်းက

အကောင်အထည်မပေါ် ဘူးလေ...

ဒါကြောင့် ပြန်လာဖို့ စိတ်ကူးတွေထက်

နေရစ်ခဲ့တဲ့ နေရာလေးကပဲ

လွမ်းနေ၇တော့မဲ့

ငါအဖို့

တစ်နေတစ်ရက်

မမုန်းရက်ပဲ

တိုးလိုလာတဲ့

ချစ်ခြင်းတွေဟာ

အမြဲတမ်း နင်တစ်ယောက်တည်းအတွက်ပါ...

Phoenix Lay@လေပြည်(22/12/2011--02:30 PM)

အကြွေပန်းလေးရဲ့ မျှော်လင့်ခြင်း

လေပြည်လေညင်းတွေကြားမှာ စီးမျောရင်းလိုက်ပါတဲ့ ခရေပန်းပင်ပေါ်က ခရေပန်းပွင့်လေးတွေ

ဟိုဒီပျံကျဲရင်း မွှေးရနံထုံသင်းနေလေရဲ့...

ခရေပင်ကြီးက နှစ်ပေါင်းအတော်ကြာနေပါပြီ..

အဲဒီခရေပင်ကြီးအောက်မှာ ပုံပြင်ပေါင်းများစွာနဲ့ အဖြစ်ပျက်ပေါင်းများစွာရှိနေတယ်....

စုံတွဲတွေရဲ့ အချစ်ကို စတင်ခြင်းကော လမ်းခွဲခြင်းတွေကော အားလုံးအပါဝင်ပေါ့...

...................

...................

မနက်အာရုံဝေလီ ဝေလင်းမှာ ခရေပင်ကြီးအောက်မှာ အရိပ်တစ်ခုကို ၀ိုးတ၀ါးတွေနေရတယ်....

ဟော.. ကောင်လေးတစ်ရောက် ပန်းပွင့်လေးတွေကို တယုတယ ကောက်နေတယ်..

ပတ်ဝန်းကျင်တောင် ဂရုစိုက်မိမယ် မထင်ဘူး....

သူအာရုံနဲ့သူပန်းတွေကို ကောက်နေတယ်...

ပန်းလေးတွေကို ကောက်ပြီး သီနေတယ် ပန်းကုံးလေးလည်း ရကော့ ကောင်လေး အေးဆေးတည်ငြိမ်တဲ့ အပြုံးလေးနဲ့

သူပြုံးနေတယ်.. မျက်လုံးထဲမှာလည်း တစ်ခုခုကို မျှော်နေတဲ့ မျက်ဝန်းလေးနဲ့ အဝေးတစ်နေရာကို သူကြည့်နေတယ်...

နေမင်းကြီးက အရှေ့ရပ်ကနေပြီး ထွက်လာပြီ...

အရာအားလုံးကို သဲသဲကွဲကွဲ မြင်နေရတဲ့ အခြေအနေရောက်နေပြီ...

လူငယ်လေးတစ်ယောက် အသက်က ၁၇၊၁၈ အရွယ်လေး သူလက်ထဲမှာလည်း ပန်းကုံးလေးနဲ့...

ခရေပင်ကြီး အရှေ့ဆီမှာ ကောင်မလေးတစ်ယောက် တစ်ဖြည်းဖြည်းလျှောက်လာတယ်...

ကောင်လေး မျက်နှာလည်း ၀င်းလဲ့လာတယ်......

ကောင်မလေး အနားကိုရောက်တောင် ကောင်လေးလည်း ခရေပန်းကုံးလေးကို ခေါင်းမှာ စွပ်ပေးပြီး

ကောင်မလေးကို ငေးကြည့်ရင်း သူတို့ စကားလက်ဆုံကြနေတယ်...

အချိန် ခဏလေးအတွင်းမှာပဲ သူတို့ တစ်ယောက်လက်ကို တစ်ယောက် နွေးထွေးစွာကိုင်တွယ်ပြီး

ကြည်နူးစွာ ထွက်ခွာသွားလေရဲ့.....

ဒီလိုနဲ့ ခရပင်ကြီးအောင်မှာ ကောင်လေးဟာ နေစဉ် နေမထွက်ခင်ပန်းကောက်ပြီး

ချစ်သူလာရင်ပန်ပေးရင်းနဲ့ပဲ အချိန်က ကာလတစ်ခုကိုဖြတ်ကျော်သွားခဲ့တယ်......

မိုးတွေက သည်းထန်စွာရွာသွန်းနေ .. အညိုးကြီးကြီးကို ရွာနေတာ..

ဒါပေမဲ့ ခရေပင်ကြီးအောင်မှာ ပုံရိပ်တစ်ခုကရှိနေသေးတယ်...

လက်နှိပ်ပြီးလေးနဲ့ ရေပေါ်မှာပေါ်နေတဲ့ ပန်းလေးတွေကိုကောက်နေတယ်..

အမြဲလာနေကျကောင်လေးတစ်ယောက်ပါပေါ့ဗျာ...

မိုးကာအကျီ င်္ ကိုဝတ်ထားပေမဲ့ တစ်ကိုယ်လုံးမိုးတွေရွဲနေခဲ့တယ်.....

ဒါပေမဲ့ သူပန်းကုံးလေးပြည့်အောင် ကောက်ပြီးသီးကုံးထားကာ ချစ်သူကိုမျှော်နေတယ်ထင်ပါတယ်...

အဲဒီနေက ကောင်မလေးမလာခဲ့ဘူး ကောင်လေးလည်း အတော်ကြာကြီးကို စောင့်ပြီး ပြန်သွားခဲ့တယ်...

နောက်တစ်နေ.......

မိုးမရွာပေမဲ့ မိုးတိမ်တွေထူထပ်နေတော့ မနက်ဝေလင်းဝေလင်းဟာ အမှောင်ထုကြီးအဖြစ်ဖုံးလွမ်းနေတယ်...

ဒါပေမဲ့ ခရေပင်ကြီးအောက်မှာတော့ မှိတ်တစ်ချက်လင်းတစ်ချက်နဲ့ ပန်းကောက်နေတဲ့ ကောင်လေးပေါ့..

ဒီနေသူကို ကြည့်ရတာ နေမကောင်းသလို့ပဲ ဒါပေမဲ့ ပန်းတွေကိုကောက်ပြီး သီနေတုံးပါပဲ...

ချစ်သူလာရာအရပ်ကို မျှော်ရင်း ပန်းကုံးလေးကိုင်ကာ စောင့်နေခဲ့ပြန်တယ်..

နေရောင် ထိန်လင်းသွားတဲ့ အချိန်အထိကောင်မလေး မေ၇ာက်လာခဲ့ပြန်ဘူး.......

မျက်နှာမကောင်းပဲ ကောင်လေးက ပန်းကုံးလေးကို ကိုင်ရင်း ပြန်သွားခဲ့ပြန်တယ်...

နောက်တစ်နေ့........

ခရေပင်ကြီးအောက်ကို သူရောက်နေပြန်တယ် ခရေးပန်းတွေကောက်နေတဲ့ ကောင်လေးပါပဲ...

ဒီနေကောင်လေး သိပ်ကိုပင်ပန်းနေသလိုပါပဲ အရင်ကလို သွက်လက်စွာ ပန်းလေးတွေကို

မကောက်နိုင်တော့ဘူး လက်တွေကလည်းတုန်ရီနေတယ်...

ပန်တွေကို ကောက်နေရင်း ကောင်လေး ရုတ်တရက် လဲသွားတယ်...

လက်ထဲက ပန်းလေးတွေက မြေပြင်ပေါ် ပြန်ပြီး ပျံကျဲသွားတယ်...

ကောင်လေး အသက်ရူသံတွေက ပုံမှန်မဟုတ်တော့ဘူး...

မျက်လုံးတွေတဖြည်းဖြည်း မှေးမှိန်လာပြီး လက်ထဲက ပန်းလေးတွေကို ထပ်ပြီးဆုပ်ကိုင်ထားတယ်...

ကောင်လေး လုံးဝကို ငြိမ်သက်သွားပြီ..

အမှောင်ထုကြီး ဖုံးကွယ်ထားတဲ့နေရာ ဓာတ်ပြီးတစ်လက်ပဲ လင်းနေတယ် ခရေပင်ကြီးရဲခြေရင်းမှာ

ငြိမ်သက်နေတဲ့ ကောင်လေး......

မနက်လင်းတော့ ကောင်လေး .. လုံးဝကိုအသက်မဲနေခဲ့ပါပြီ...

အနီးအနားက ဖြတ်သွားဖြတ်လာ လူတွေက ကောင်လေးကို ဆေးရုံကို လိုက်ပို့ခဲ့ပါတယ်..

ဒါပေမဲ့ ကောင်လေး အသက်မရှိတော့ပါဘူး....

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.. ကောင်လေး ကိုဆေးရုံသယ်ပြီးသွားတဲ့အခါမှာ

ခရေပင်အောက်ကို ကောင်မလေးရောက်လာခဲတယ်...

ဟိုဒီကြည့်ရင်း ပန်းတွေကျဲနေတာကိုပဲ သူတွေလိုက်တယ်..

မျက်နှာကလည်း ဒေါသရိပ်ခလေးတွေနဲ့.....

ခဏလောက်စောင့်ပြီးတော့ ကောင်မလေး ပြန်သွားတယ်...

ပါးပြင်မှာလည်း မျက်ရည်စတွေနဲ့.....

နောက်နေ.................

ကောင်းကင်ကြီးမှာ ကြယ်ရောင်တွေ ရှိနေတယ် လရောင်ကလည်း အရာအားလုံးကို

ကောင်းစွာမြင်နိုင်တဲ့ အခြေအနေပေါ့.....

ခရေပြင်ကြီးအောက်မှာ အရိပ်တစ်ခုကို ၀ိုးတ၀ါးတွေနေရတယ်.....

ဟော.. ကောင်လေးပါလား.. ပန်းတွေကို သူကောက်နေတယ်..

ဒီနေ့ကောင်လေးမျက်နှာက ၀င်းလဲနေတယ်.. ပေါ့ပါးနေတယ်...

အရင်လိုပဲ သူပန်းတွေကောက်နေတယ်.....

မနက် အာရုံတက်ဖို့ အလင်းတန်းရောက်လာတော့ ကောင်လေးထွက်ခွာသွားတယ်...

မျက်နှာမသာမရာနဲ့ ဘယ်ဆီသွားမှန်းလည်း မတွေ့လိုက်ရဘူး...

ဒါပေမဲ့ ပန်းကုံးလေးကိုတော့ ခရေပန်းပင်အောက်မှာတော့ ထားရစ်ခဲ့တယ်....

ကောင်မလေး တစ်ဖြည်ဖြည်း ညင်သာစွာ ရောက်လာတယ်....

ပန်းကုံးလေးကို ကောက်ယူလိုက်တယ်... ဟိုဒီလိုက်ရှာကြည့်သေးတယ်...

နောက်ဆုံးတော့ ကောင်မလေး စိတ်ဆိုးပြီး ပန်းကုံးကို လွတ်ပလိုက်တယ်...

ပြီးတော့ မျက်ရည်တွေနဲ့ အဝေးဆုံးကို ပြေးထွက်သွားတယ် ခရေပန်းပင်ကြီးကိုကောခိုင်းပြီပေါ့.....

ဒီလိုနဲ့ နေစဉ်တိုင်း

ခရေပင်ကြီးအောက်မှာ ကောင်လေးတစ်ယောက်ကို မနက်စောစောဆို တွေနေရတယ်ဆိုတဲ့ သတင်းတွေကြားလာခဲ့ရတယ်...

ပန်းကုံးလေးကိုလည်း ခရေပင်ကြီးအောက်မှာ နေတိုင်းတွေရတယ်တဲ့......

အချိန်တွေသာ ကြာညောင်းခဲ့တယ် ကောင်လေး သေပြီး နောက်နေကစပြီး ကောင်မလေးလည်း ပျောက်သွားခဲ့တယ်....

ဒါပေမဲ့ ပန်းကုံးတစ်ကုံးနဲ့ ကောင်လေးတစ်ယောက်ကိုတော့ ယနေ့အထိ တွေ့နေ၇တုန်းပါတဲ့......

ပန်းတွေကို သီရင်း ကောင်မလေးအလာကို မျှော်နေရှာတဲ့ ကောင်လေး.....

ချစ်သူရဲစိတ်နာခြင်းတွေနဲ့ အမုန်းတွေ၊ အထင်လွဲမှုတွေနဲ ရှင်းခွင့်မရလိုက်တဲ့ ကောင်လေး.....

ဒါပေမဲ့ သူချစ်သူအတွက် ပန်းတွေကို သီကုံးထားရင်း စောင့်မျှော်နေခဲ့တယ်ဆိုတာကို ကောင်မလေးသာ သိခဲ့ရင်....

မြေခနေတဲ့ ခရေပန်းတွေကို ကောက်ယူထွေးပွေ့ရင်း ချစ်သူကိုမျှော်နေခဲ့တဲ့ ကောင်လေးအကြောင်းကို

ခရေပင်ကြီးက ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြနေရင်း ပန်းတွေကို ပွင့်လိုက်ကြွေလိုက်နဲ့ ကောင်လေးအတွက်

ဆက်ပြီးလျှိုဝှက်ချက်ကို ထိန်းထားခဲ့တယ်...

Phoenix Lay@လေပြည်(ခံစားရေးဖွဲ့သည်)(29/12/2011--03:03 PM)

....နွယ်....

တိမ်လွာ တိမ်လိပ်လေးတွေက ဟိုဒီပြေးလွား ဆော့ ကစားနေခဲ့တယ်.....

ကင်းကောင်ကြီးက နေမင်းရဲ့အလင်းနဲ့ တောက်ပကာ ကြည်လင်လှပနေခဲ့တယ်.....

ဂရုစိုက်ပြီး လိုက်ကြည့်နေမိသူက ကျွန်တော်.....

ပတ်ဝန်းကျင်ကို လိုက်ကြည့်နေပေမဲ့ ကျွန်တော် သူကို လွမ်းနေမိတယ်...

သူအကြောင်းတွေကို သတိရနေတဲ့ ကျွန်တော်....

ကျွန်တော် စဉ်းစားနေတဲ့ သူဆိုတာ ကျွန်တော် အရမ်းချစ်ရတဲ့ " နွယ်" ဆိုတဲ့ကောင်မလေးပါ...

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကြား စင်းနေတဲ့ နှာတံလေးတွေနဲ့ နွယ်....

အခုတော့ နွယ် ကို လွမ်းနေရယုံကလွဲပြီး ကျွန်တော် ဘာမှမတတ်နိုင်တော့ပါဘူး...

ကျွန်တော်နဲ့ နွယ်ရဲ့ ဇာတ်လမ်း အစလေးက ...........

ဒီနေ့ကျွန်တော် ကျောင်းသွားရအုန်းမယ် ဟူး... မိုးတွေကလည်း သည်းနေလိုက်တာ...

တက္ကသိုလ်ကျောင်းတွေ ဖွင့်ထားတာ သိပ်မကြာသေးဘူး ဆိုတော့ အိပ်ရာကနေ မထချင်ထချင်နဲ့ ထလာရတယ်...

ကျောင်းကား အမှီ မိုးရေးထဲမှာ ပုဆိုးလေးမပြီး လွယ်အိပ်ကို ပိုက်လို့ ကျောင်းကို ထွက်လာခဲ့တယ်.....

တစ်လမ်းလုံးလည်း ရွာလိုက်တဲ့မိုးတွေဆိုတာ ပြောမနေနဲ့တော့ .. ကျွန်တော်တို့ ဖယ်ရီကားက ဒိုင်နာ ကြီးဆိုတော့ ပိုဆိုးတယ်...

ကားပေါ်ရှိသမျှလူအားလုံး မိုးတွေကို ရွဲနေကော...

ပြောရင်ဆိုရင်း ကားကြီးက ကျောင်းဝန်းထဲကို ၀င်လာခဲ့ပြီ....

ဖယ်ရီဝင်း အတွင်းကို ကားကြီးက ထိုးတဲ့ အချိန်မှာ ထီးလေးတွေကိုယ်စီ ဖွင့်ကာ ကိုယ်သက်ဆိုင်တဲ့ အဆောင်တွေဖက်ကို

သွားနေကြတယ်.. လူတွေ အများအပြား ထီးတွေရောင်စုံပေါ့...

ကျွန်တော် ခပ်သုတ်သုတ် အဆောင်ဖက်ကို ဦးတည်ရင်း လျှောက်လာခဲ့တယ်.. မိုးရေတွေနဲဆိုတော့ ခရီးတော့ သိပ်မတွင်ဘူး..

လမ်း လျှောက်လာရင်း ကောင်မလေး တစ်ယောက်ဗျ မိုးရေထဲမှာ သစ်ပင်ကြီးကြီး တစ်ပင်အောက်မှာ ခိုနေရင်း မျက်နှာလေးက

ငိုမဲမဲလေးဖြစ်နေတယ်... ဒါနဲ့ ကျွန်တော် အပင်ရှေ့က လျှောက်ဖို့ ဟန်ပြင်လိုက်တဲ့အခါမှာ အသံတစ်သံကို ကြားလိုက်ရတယ်...

အကို.. အကိုရေ...တဲ့...

ဒါနဲကျွန်တော် အပင်ဘက်ဆီသို့ ပြန်လှည်လိုက်တယ်...

...ဟုတ် ပြောပါ .. ကျွန်တော် ဘာကူညီပေးရမလည်းပေါ့ (မြန်မာကားတွေထဲက မင်းသားတွေလိုပေါ...)

...ညီမ Physics ဆောင်ကို သွားချင်လို့ပါ ထီးက ကျိုးသွားတာ ဆောင်းလို့မရတော့ အဲဒါလမ်းကြုံရင် လိုက်ခဲ့ချင်လိုပါ...

.. အော်.. ညီမကလည်း အကိုတို့ အဆောင်ကပဲကိုး .. အင်း ဒါဆိုလည်း ရပါတယ် .. လိုက်ခဲ့လေ.....

...............

ကျွန်တော် ရဲ ထီးအောက်ထဲကို သူဝင်လာတဲ့အခါ မိုးတွေ အရမ်းသည်းလာတယ်ဗျာ တိုက်ဆိုက်တာပဲလား တမင်တကာ

အညိုးနဲပဲရွာနေတာလားတော့ မသိဘူး..

ထီးတစ်ချောင်းအောက်မှာ အတူတူလျှောက်လာရင်း ကျွန်တော် ရင်ထဲမှာ တစ်မျိုးတော့ခံစားခဲ့ရတယ်...

ဘာမှန်းမတော့ မသိခဲပါဘူး...

ဒီလိုနဲ့ အဆောင်ဆင်ဝင်အောက်လည်းရောက်ကော...

သူက ကျွန်မနာမည်က နွယ် ပါ.... အကိုနာမည်ကကော့..

ဟုတ် ကျွန်တော်က မိုးစက် ပါ...

နောက်ကို တွေရင် နွယ်ကိုခေါ်ပါနော်.. နွယ်က အခန်း ၁၄ မှာ .. အကိုကကော့..

ကျွန်တော် လည်း အဲဒီအခန်းမှာပါပဲ နွယ်...

ဟုတ်လား ဒါဆို သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့ နော်...

ကျွန်တော် ပြုံးပြရင်း အခန်းထဲသို့ ၀င်လာခဲ့တယ်..

နွယ်က နောက်ကလိုက်လာခဲ့တယ်...

.........

ကျွန်တော် သူထိုင်နေတဲ့ နေရာလေးကို ခဏ ခဏ ကြည့်ဖြစ်နေတယ်...

အချိန်က တော်ကြီးကို အကုန်မြန်သွားတယ်..

အရင်နေတွေက ဆို ကျောင်းဆင်းချိန်ေ၇ာက်ဖို့စောင့်လိုက်ရတာ.. ဒီနေတော့ ကျောင်းက စောစောကြီးဆင်းသွားသလိုပဲ...

ဖယ်ရီကားဝင်ဆီသို့ ဦးတည်ရင်း လှေကားထစ်တွေကို မြန်မြန် ဆင်းလာခဲ့တယ်...

ရှေ့မှာ နွယ် ပါလား တစ်ယောက်တည်း ပုံမှန်လေးရောက်နေတယ်..

ဒါနဲ့ ကျွန်တော်လည်း ခြေလှမ်းနဲနဲတင်ရင်း သူအနားကို လျှောက်သွားတယ်...

နွယ်.. တစ်ယောက်ထဲလား.. ဟုတ်တယ် အကို..

အင်း နွယ်က ဘယ်ကားဝန်းကို ပြန်မှာ လည်း ၀န်း ၄ ပါ အကို...

ဒါဆို အကိုနဲ အတူတူပဲပေါ့...

ဟုတ်လား အကို...

ကျွန်တော်နဲ့ နွယ်နဲ့ စကားတွေ အများကြီးပြောရင် လမ်းဆုံးသွားတဲ့ အထိလျှောက်လာခဲ့ကြတယ်...

နောက်ပိုင်းတွေမှာ ကျွန်တော်နဲ့ နွယ်တို့ အတူစား အတူလာ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတယ်...

တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံပဲ နေခဲ့ကြတယ်....

စာမေးပွဲတွေလည်းနီးလာခဲ့တယ်...

ကျောင်းပိတ်ချိန်တွေလည်း တစ်ဖြည်းဖြည်း နီးလာတယ်.....

အချိန်ရထားက ပုံမှန် လည်ပတ်နေတာပါပဲ ဒါပေမဲ့ ကျွန်တော်နဲ့ နွယ် အတွက် ပိုမြန်လိမ်မယ်ဆိုမှန်ပါတယ်..

စာမေးပွဲတွေ ဖြေပြီးလို နောက်ဆုံး နေ့မှာ ကျွန်တော် နွယ် အခန်းရှေ့မှာ သွားစောင့်နေခဲ့တယ်...

နွယ် ထွက်လာတော

့ ဖြေနိုင်လား နွယ်...

မိုးစက်ရယ် နဲနဲတော့ မရခဲ့ဘူး..

ဘာပဲဖြစ်ဖြစ် နွယ်က တော်ပါတယ်.. အောင်မှာပါ..

မိုးစက်ကော့..ဖြေနိုင်လား

ဟုတ် ဖြေနိုင်ပါတယ် နွယ်.....

နွယ် ကျောင်းပိတ်ရင် နင် နယ်ပြန်မှာပေါ့နော်...

ဟုတ်တယ် မိုးစက်ရဲ့ အိမ်ကိုပြန်ရမယ်လေ...

မိုးစက်ကော့.. အင်း အိမ်မှာပဲပေါ့...

နွယ် ကိုကော့ သတိရနေမှာလား..

အင်း သတိရနေမှာပေါ့ နွယ်ရယ်....

ကျန်မာရေးကို ဂရုစိုက်နော် နွယ်...

နောက် နှစ်ဝက်ပြီးရင် ကျွန်တော်နဲ့ နွယ် မတွေရတော့ဘူးနော်...

ဟုတ်တယ်နော် မိုးစက်...

ကျွန်တော် မျက်ရည် ၀ဲတက်သွားတယ်. နွယ်လည်း အတူပါပဲ...

ကျွန်တော်တို့ ဒီအချိန် အထိ သူငယ်ချင်းတွေပါပဲ.....

တတွတ်တွတ် မှာရင်း နွယ် နဲကျွန်တော် ဖယ်ရီးကားဝန်ကို ရောက်ပြီး

တစ်ယောက်ကို တစ်ယောက် နူတ်ဆက်ရင်း .. အိမ်ပြန်လာခဲ့ကြတယ်...

နေ ကပဲပူတာလား...

ဒါမမဟုတ် အချိန်တွေကပဲ ကြာနေတာလား.....

ကျွန်တော် အကြာကြီးစောင့်နေခဲ့ရတယ်...

အချိန်တိုင်းလည်း နွယ်ကို ကျွန်တော် သတိရနေတယ်...

လွမ်းတယ်လို့ အမည် တပ်ရင်လည်း ရပါတယ်...

ကျွန်တော် နွယ်ကို လွမ်းနေတယ်...

ဟုတ်ပါတယ်....

ဒီဇင်ဘာကျောင်းဖွင့်ရက်နီးလာလေလေ အချိန်က ပိုကြာလေလေ ဖြစ်နေတယ်....

ဒီနေ့ ကျွန်တော် မျှော်နေတဲ့ နေရက်လေးရောက်လာပါပြီ.....

ပထမဆုံး ကျောင်းဖွင့်ရက် ဒီဇင်ဘာရဲ့ အေးချမ်းမှုလေးနဲ့အတူပေါ့....

ကျွန်တော်အစောကြီးနိုးနေတယ် .. ကျွန်တော်နွယ်ကိုတွေဖို့ ပြင်ဆင်ရင်း

ကျောင်းကို စောစောသွားခဲ့တယ်...

ဖယ်ရီဝင်းထဲမှာ နွယ်တို့ ကားအလာကိုစောင့်နေခဲ့တယ်....

ကားတွေတစ်စီးပြီးတစ်စီးေ၇ာက်လာတယ်...

အချိန်အကြာကြီးစောင့်သလိုခံစားနေရပေမဲ့ ကျွန်တော်ပျော်နေတယ်...

နွယ်.. ဆင်းလာခဲတယ်...

နွယ်... ဆံပင်လေးတွေလေထဲမှာ ဆော့ကစားနေတယ်...

အမှတ်မထင်ငေးနေမိတယ်....

သူ ကျွန်တော် ရှိလျှောက်လာခဲ့တယ်....

ကျွန်တော် သူကို စခေါ်လိုက်တယ် နွယ်...နွယ်..ရေ

မိုးစက်...

နွယ် နေကောင်းရဲ့လား...

ဟုတ် ကောင်းပါတယ် မိုးစက်..

မိုးစက်ကော...

ကောင်းပါတယ်..

အဲဒီမနက်လေးတင် စကားတွေ အများကြီးပြောခဲ့တယ်...

အစုံပါပဲဗျာ အဝေးကြီးက တစ်ယောက် နဲတစ်ယောက် ပြန်ဆုံကြသလိုပါပဲ...

ကျွန်တော်နဲ့နွယ် အခန်းထဲမှာ ဘေးချင်းကပ်တိုင်ရင်း စကားတွေပြောလိုက်စာသင်လိုက်နဲ့...

အတော်ပျော်စရာ အချိန်တွေဖြစ်လာခဲ့တယ်....

မြန်တယ်လို ထင်ရတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တွေ.....

နွယ်.. ရင်ခုန်သံတွေကကော့ ပုံမုန်ရှိရဲ့လား...

အရေးမကြီးပါဘူးလေ...

ကျွန်တော်ရင်ထဲမှာတော့ နွယ်အကြောင်းတွေကြီးပဲ.....

လောကကြီးမှာ အချစ်ကအရေးကြီးလား...!

ဒါပေမဲ့ ကျွန်တော်မသိဘူး... နွယ်ကတော့ ကျွန်တော် အတွက် တော့ အတော်ကြီးကို အရေးကြီးတယ်

ဒါဆို ကျွန်တော် နွယ်ကို ချစ်နေမိပြီပေါ့..

ဒီလိုနဲ့ ကျောင်းတော်ကြီးကိုထားခဲရဖို့ အချိန်တွေနီးလာခဲ့တယ်....

ကျွန်တော် တဖြည်းဖြည်း နွယ်ကို မခွဲချင်တော့ဘူး..

အိမ်ရောက်ရင်းလည်း နွယ်ကို ပဲ သတိရတယ်

အချိန်တိုင်းလည်း နွယ်ကို လွမ်းနေမိတယ်...

ကျွန်တော်ဆုံးဖြတ်လိုက်တယ်နွယ်ကို ဖွင့်ပြောလိုက်မယ်လို့...

စာမေးပွဲဖြေဖို့ ကျောင်းတွေ ခဏ ပိတ်ထားခဲ့တယ်....

စာမေးပွဲဖြေမဲ့နေကိုရောက်လာပါပြီ..

အရင်လိုပဲ နွယ်လာနေရာကပဲ စောင့်နေခဲ့တယ်....

နွယ်.... ဆင်းလာပါပြီ

အရင်လို တစ်ယောက်တည်းတော့မဟုတ်ဘူး.. ဘေးမှာလည်း ကောင်လေးတစ်ယောက်နဲ့..

ကျွန်တော်ဆီကို နွယ်တို့ နှစ်ဦး လျှောက်လာတယ်...

နွယ်က ကျွန်တော်ကို စပြီးခေါ်တယ်....

မိုးစက်.. ရောက်နေတာကြာပြီလား..

ဟုတ် မကြာသေးပါဘူး နွယ်...

အော်.. မိုးစက်ကို မိတ်ဆက်ပေးရအုန်းမယ် ဒါက နွယ် နဲ့လက်ထပ်မဲ့သူလေ နွယ်ချစ်သူပေါ့......

လောကကြီးတစ်ခုလုံး အမှောင်ကျသွားသလို့ ခံစားလိုက်ရတယ်.. ရင်ထဲမှာလည်း ပူထူသွားခဲ့တယ်...

မျက်ရည်မကျအောင်ထိန်းရင်း နွယ်ကို အားတင်းပြုံးပြကာ နူတ်ဆက်ပြီး ကျွန်တော် စာမေးပွဲခန်းဆီကို လျှောက်သွားခဲ့တယ်..

အရာအားလုံးက တိတ်ဆိတ်နေသလိုပဲ...

ကြိုးစားပြီး စာမေးပွဲဖြေရင်း မြန်မြန်ထွက်လာခဲ့တယ်...

ကျွန်တော် နွယ် အခန်းကို သွားကြည့်ပြီး ပြန်လာခဲ့တယ်....

ပြောမပြတတ်အောင် ကျွန်တော်ခံစားနေခဲ့ရတယ်..

အံကိုကြိတ်ရင်း ပြောဖို့ ကြံရွယ်ထားတဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်တယ်.....

ဒီနေက စာမေးပွဲနောက်ဆုံးရက်....

ကျွန်တော်စာမေးပွဲဖြေပြီး အခန်းအပြင်ကို အထွက်..

နွယ်.. ကိုတွေလိုက်တယ်..

နွယ်.. စာမေးပွဲဖြေနိုင်လား

ဖြေနိုင်ပါတယ် မိုးစက်ရယ်...

မိုးစက်ကော့ ...အင်းဖြေနိုင်ပါတယ်...

ဒါနဲ့ မိုးစက်ကို မတွေရလို့ လာခဲ့တာ...

မိုးစက် ဘာတွေဖြစ်နေလို့လည်း နွယ်ကိုတောင် မစောင့်တော့ဘူးနော်...

မဟုတ်ပါဘူးနွယ် လာတာလည်း နောက်ကျနေတာရယ် စာတွေမရသေးလို့ပါနွယ်..

ဟုတ်ပါပြီ မိုးစက် ဘာမှမဖြစ်လည်း ပြီးတာပါပဲ..

နွယ်.. ကျွန်တော်ကို ဖုန်းဆက်လိုက်နော် မင်္ဂလာဆောင်ရင်..

အခုတော့ မိုးစက်အိမ်ကို စောစောပြန်ရမှာမို့လိုပါ...

နွယ်ကို ကားဝန်းကို လိုက်ပို့်ပေးမယ်လေ..

ဟုတ် မိုးစက်..

ကျွန်တော်နဲ့ နွယ် အတူတူ လမ်းတွေလျှောက်ရင်း တစ်လမ်းလုံးက တိတ်ဆိတ်နေတယ်..

စကားသံတွေလည်း မရှိတော့ဘူး...

ဘာမှမဖြစ်ဘူးလို့ ပြောနေပေမဲ့ ကျွန်တော် စိတ်ထဲမှာ နွယ်ကို ထာဝရခွဲရပြီ ...

ထာဝရဆုံးရှုံးခဲ့ရပြီ.. ကျွန်တော် မြတ်နိုးတဲ့ နွယ် မျက်နှာလေးကို တိတ်တိတ်လေး ငေးနေရင်း

နောက်ဆုံးအနနဲ့ နွယ်ကို နူတ်ဆက်ခဲ့တယ်....

နွေ ကပဲ ပူလောင်လွန်းတာလား

ကျွန်တော် ရင်ထဲကပူလောင်ခြင်းတွေကြောင့်လား မသိဘူး

နွယ်ကို အရမ်းသတိရပြီး လွမ်းနေမိတယ်...

အရာရာတိုင်းကို လုပ်နေရပေမဲ့ စိတ်တွေအားလုံးက နွယ်.. ဆီမှာပါပဲ...

သူငယ်ချင်းအဆင့်မှာသာ ရပ်နေခဲ့၇တယ်...

နွယ်တစ်ယောက် လက်ထပ်သွားပြီလား ....

အချိန်တွေသာကြာသွားတယ်...

နွယ် အပေါ်မှာထားတဲ့ ကျွန်တာ် အချစ်တွေကတော့ အံသြစရာကောင်းတယ်..

မပြောင်းလည်းသွားဘူး...

အခုထိ နွယ်ကို ချစ်နေသေးတယ်ဆိုလည်း ဟုတ်ပါတယ်....

အောင်စာရင်းတွေ ထွက်ပြီးတဲ့နေကလည်း နွယ်ကို မတွေ့ခဲ့ဘူး...

နွယ်ကော ကျွန်တော်ကော အောင် ခဲ့ပါတယ်...

ဘွဲယူတဲ့နေကကော့ နွယ်ကို မတွေ့ခဲ့ဘူး...

အခုဆို နွယ် ကို ကျွန်တော်မတွေခဲ့တာ ဆယ်စုနှစ်တစ်ခု ဖြတ်ကျော်ခဲ့ပါပြီ...

နွယ်..ဆိုတဲ့ နာမည်လေးတစ်လုံးနဲ့ သူနဲ့ပတ်သက်ခဲ့တာလေးတွေသာ အမှတ်တရကျန်နေခဲ့ရတယ်....

မပြောင်းလည်းသေးတဲ့ စိတ်တွေနဲ့ကော့ မဟောင်းသွားတဲ့ အချစ်တွေနဲ့ နွယ်ကို

ရင်ထဲမှာ အခုထိရှိနေတုန်းပါပဲ...

ကျွန်တော် မပိုင်ဆိုင်ခဲ့ပါဘူး.. ဒါပေမဲ့...နွယ်ကို အခုထိ မှတ်မှတ်ရရ ပုံရိပ်တစ်ခု နယ် ရင်ထဲမှာ ကျန်ရစ်နေခဲ့တယ်....

ကျွန်တော်အရမ်းချစ်၇တဲ့ နွယ်ဆိုတဲ့ကောင်မလေး အခုဆို အဆင်ပြေနေလောက်ပါပြီ.....

အ၇မ်းချစ်ရတဲ့ နွယ်...

မေ့မရခဲ့တဲ့ နွယ်....

ကျွန်တော် ရင်ထဲက နွယ်လေးတစ်မျှင်ဟာ သံယောဇဉ်ခိုင်မာခဲ့လို့လားမသိဘူး အချစ်တွေလည်း မပြောင်းနိုင်ခဲ့ပါဘူး...

နွယ်အကြောင်းတွေကို စဉ်းစားနေမိဆဲပါပဲ...

ကျွန်တော်ကိုယ်တိုင် စဉ်းစားနေတဲ့ နွယ်အကြောင်းတွေကို ရင်ထဲမှာ နွယ်ကို ချစ်တယ်ဆိုတဲ့စကားလုံးနဲ့အတူ

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ထာဝရ သိမ်းထားခဲ့ပါပြီ...

Phoenix Lay@လေပြည်(30/12/2011_04:47 PM)

ကျွန်တော်ရဲ ၄ ပုဒ်မြောက် ဝတ္ထုတို့လေးကို သီးခံပြီး ဖတ်ပေးကြပါအုန်းနော်...

အဝေးကြီးက သတိရသူ.. သို့...............

လွတ်မြောက်ခြင်းတွေနဲ့ အဝေးကိုထွက်သွားစေခဲ့ပေမဲ့လည်း

ရင်ထဲကနာကြင်ခြင်းတွေနဲ့ အဝေးပြေးသူကို လိုက်ရှာကြည့်နေမိသေးတယ်....

မြတ်နိုးမှုသက်သက်နဲ့ မျှော်နေတဲ့ မျက်ဝန်းတစ်စုံကို

တမင်တကာရှောင်ဖယ်ရင်း မသိသလိုနေသွားခဲ့သေးတယ်.....

မငိုတတ်တဲ့ခလေးတစ်ယောက်လို့ နာကြင်မှုကို အံကြိတ်ရင်း

မျက်ရည်ဝဲခဲ့ယုံလေးပါ....

ရွက်ဟောင်းတွေကြွေသွားတဲ့ အခါ သစ်ပင်ကြီးကမလွမ်းပေမဲ့

ထားခဲ့ခံရတဲ့ ကိုယ်ဟာ မင်းအတွက်နေရာပေးထားရင် အပင်အိုကြီးတစ်ပင်လို ခြောက်သွေနေခဲ့ပါပြီ..

နေမင်းကြီးကပူလောင်ခြင်းတွေပေးနေတဲ့ဆိုပေမဲ့ သူမမြင်ရတဲ့ ညမှာသာတဲ့ လမင်းကြီး

မသိမသာ သူခွန်အားတွေနဲ့ ထွန်းလင်းခွင့်ပေးထားတယ်...

ကိုယ်ကလည်း မင်းမရှိတဲ့နေရာကနေ မင်းရှိတဲ့အရပ်ဆီကို အကြင်နာတွေနဲ့ အေးချမ်းမှုကို လိုလားသူမို့

အချစ်တွေပေးဆပ်ထားခဲ့တာကို ပူလောင်ခြင်းလို့ အမည်မတပ်ရပ်ပါဘူး......

ခက်တော့ခက်သား...

မေ့ပြစ်ဖို့လား..

ဒါမဟုတ်...

ခဏခဏ လွမ်းခြင်းတွေလား...

တွေးရင်းတွေးရင်း စိုတက်လာတဲ့

မျက်ရည်တွေကို သုတ်ရင်း

ရှုပ်နေတဲ့ ဘ၀ကို

အလွမ်းတွေသာပေါင်းရင်း

ခပ်ခွာခွာ သူအနားကနေ

ခိုးခိုးငေးနေမိတော့တယ်.....

သူမရဲ့ ဓာတ်ပုံလေးကိုသာပေါ့.......

Phoenix Lay@လေပြည် (02/01/2012)

ယုံကြည်ပေးပါချစ်သူရယ်.....

ချစ်သူရေ..မင်းကိုငါ

အချိန်တိုင်းမိနစ်တိုင်းစက္ကန်.တိုင်းမှာ

အရင်လို မြတ်နိုးတမ်းတနေတုန်းပါ

မင်း ဘယ်လိုပဲ ငါ့အပေါ်ပြောင်းလဲ ပြောင်းလဲ

ငါကတော့ မင်းအပေါ်မပြောင်းလည်းနိုင်ခဲ့ပါဘူး........

သိပ်ချစ်တယ်လို.မင်းပြောခဲ့တဲ့စကားတွေကို

ငါ့နားထဲမှာ

အကြိမ်ဖန်ထောင်သောင်းမက

ကြားနေဆဲပါ..

ချစ်တယ်ဆိုတဲ့စကားတွေပဲကြားချင်နေခဲ့တာပါ...

မင်းစိတ်ဆိုးတဲ့အချိန်ဆို ငါ့အတွက် အဲ့စကားက

အဝေးကြီးကိုရောက်သွားခဲ့တယ်လေ....

ငါ့ကိုအရင်တုန်းကလိုချစ်သေးရဲ.လား

အရင်လိုရင်ခုန်သံတွေရှိသေးလား

ဒီစကားလေးတော့ပြောပါကွယ်

အမှန်အတိုင်းကြားချင်တယ်..

အချိန်တွေကြာရင်

ငါ့ကိုမေ့သွားမလား

တွေးကြောက်နေမိပါတယ်

ဘယ်လိုမှမင်းကိုမေ့လို.မရဘူး

င့ါရဲ.အချစ်တွေက မင်းအတွက်သက်သေပါ

မင်းရဲ.အချစ်တွေက

ငါ့အတွက်ပျော်ရွှင်ခြင်းတွေပါ

မင်းကြောင့်ဒဏ်ရာတွေငါ့မှာရခဲ့လည်း

အာဒံနဲ.ဧ၀လိုအချစ်မျိုးတည်ဆောက်မယ်....

သူများနဲ.မတူတဲ့

အချက်တွေကြောင့်

အခက်တွေအားလုံးကို

တူတူကျော်ဖြတ်မယ်

မတွေ.ရရင်တော့စိတ်တွေပူ

င့ါရင်ထဲမှာတော့ဗလောင်တွေစူပေါ့...........

အမြဲတမ်း အမြဲတမ်းငါ့ရဲ.အချစ်က

မင်းအတွက်ထာဝရ ရှိနေမှာပါ

မင်းနဲ.တွေ.ဆုံခွင့်ရလို.

လောကကြီးကိုကျေးဇူးတင်မိပါရဲ.

ဒါပေမဲ့

ငါအချစ်ကိုတော့

ယုံကြည်ပေးပါချစ်သူရယ်.....

အမှားပါတာရှိရင် မသိချင်ယောင်ဆောင်ပေးကြပါရှင်..

ပျော်ရွှင်သာယာဖွယ် Monday လေးဖြစ်ကျပါစေနော်..

P3

သူ နဲ့ ကျွန်တော်

မဝေးချင်သော်လည်း

ဝေးခဲ့ရသည်...

ထားခဲ့သော်လည်း

လွမ်းနေတုန်းပါ...

မေ့ပစ်ဖို့မကြိုးစားလို့

ပိုပြီး တမ်းတမိတယ်....

လွမ်းကာနေသော

ကျွန်တော်အဖို့

သူပေးခဲ့သော

အမှတ်ရစရာလေးတွေကိုသာ

အမှတ်တရ

သိမ်းဆည်းထားနေမိဆဲပါ...

ဖြည်မဆည်နိုင်

လွမ်းသမျှကို

တမ်းတနေသော

ကျွန်တော်အဖို့

သူကိုမြတ်နိုး

တန်ဖိုးထားနေတုန်းပါပဲ....

သူအတွက်

မလိုအပ်တော့သောကျွန်တော်နှင့်

သူကိုလိုအပ်နေသောကျွန်တော်...............

Phoenix Lay@လေပြည်(26/12/2011-- 01:20 PM)

မပြောင်းလည်းသေးတဲ့ နှစ်ကူး.........

တစ်ဖြည်းဖြည်း

နှစ်သစ်ကူးပြောင်းဖို့

ရောက်လာပြန်ပြီ....

အဟောင်းဟောင်းတွေကို

အသစ်ပြောင်း

နှစ်ဟောင်းမှာထား

နှစ်သစ်မှာပျော်ရွှင်ဖို့

လူတိုင်း

စိတ်ကူးထားမှာပေါ့...

ချစ်သူရေ..

ရင်ခွင်ဟောင်းက

မပြောင်းလည်းခဲ့သလို့

အသစ်တွေပြောင်းဖို့

စိတ်ကူးကောင်းလည်း

မရှိခဲ့သေးဘူး....

အလွမ်းဟောင်းကို

အသစ်ပြောင်း

နှစ်ဟောင်းကထက်

ပိုပြီး ချစ်ကာ

ပိုလွမ်းလာမှာပါ..

ဆိုင်သူမပါတဲ

နှစ်ကူးကို

အရူးတစ်ယောက်လို့

မင်းကို

တမ်းတရင်း

နှစ်သစ်ကို

အလွမ်းတွေနဲ့

ငါ ကူးပြောင်းရတော့မယ်....

မထူးဆန်းတော့တဲ့

ငါရဲ့ နှစ်ကူးပေါင်းများစွာဟာ

မင်းကိုလွမ်းစိတ်တစ်ခုနဲ့သာ

အခုချိန်ထိ

ဖြတ်သန်းနေတုန်းပါ....

Phoenix@လေပြည်(26/12/2011--03:12 PM)

လွမ်းစေခဲ့သူ.....

ပွင့်ဖတ်တွေ ကို

ချွေချ

မျက်ရည်တွေကို

မြေ ခ စေခဲ့သူ......

စကားလုံးတွေ

ပျောက်ရှ

နှလုံးသားကို

ကွဲရှ စေခဲ့သူ....

ရင်ဘတ်နဲ့ရင်းလည်း

နှလုံးသားကို

စုံကန်

အဝေးကို ပြေးခဲ့သူ....

ထပ်မတွေးချင်ပေမဲ့

ထပ်တွေးဖြစ်အောင်

စိတ်ထဲမှာ

အမြဲရှိနေ ခဲ့သူ.......

မျှော်လင့်ချက်ကို

ရိုက်ချိုးခဲ့ပေမဲ့

မျှော်လင့်ချက်

အပိုင်းအစတွေနဲ့

မျှော်လင့်စေခဲ့သူ.....

ချစ်တတ်အောင်သင်ရင်း

အလွမ်းအကြောင်းတွေ

ညပ်ပြောခဲ့တဲ့သူ.......

အခုတော့

လက်တွေ့ဘ၀မှာ

လွမ်းစေခဲ့ပြီပေါ့.......

အကျွမ်းဝင်

ရင်းနှီးသွားတဲ့

အလွမ်းနဲ့

ဘ၀ဟာ

ပုံမှန်လည်ပတ်နေခဲ့ပါပြီ......

Phoenix Lay@လေပြည်(27/12/2011--01:05 PM)

အဖြစ်ဆိုးများနဲ့ ကင်းဝေးနိုင်ကြပါစေ..

မကြာသေးခင်လေးကမှာ ရန်ကုန်မြို့ လှည်းတန်းက အများသုံးအိမ်သာမှာ ဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်...

ဒီမနက် ကြားရတဲ့ သတင်းတွေကလည်း မနှစ်မြို့ဖွယ်ရာပါပဲ စိတ်မကောင်းခြင်းများစွားနဲ ရင်ထဲမှာစို့နစ်နေမိတယ်ဗျာ...

ဝမ်းနည်းမှုတွေနဲ့ ပြည်သူတွေထဲက ကျွန်တော်အပါဝင် ပြည်သူတစ်ယောက်မို့ ဒီအဖြစ်ဆိုးတွေကို မတွေချင်ပါဘူး..မကြားချင်ပါဘူး..မကြုံစေချင်ဘူးဗျာ...

မီးဘေးသင့်ပြီဆိုထဲက အိုးအိမ်စည်းစိမ်တွေကော အသက်တွေပါ ပေးဆပ်လိုက်ရတာမျိုးကြီးပါပဲ မီးဘေးဆိုထဲက ဘာမှမကောင်းပါဘူး...

အခုဆို မီးဘေးသင့်ပြည်သူတွေရဲ့ ဒုက္ခတွေ ပူပန်မှုတွေ နဲ့သူတို့ ဘယ်လောက်အားငယ်နေမလည်းနော်...

တွေးကြည့်ယုံနဲ့ ၀မ်းနည်းမှုကို ခံစားနေရတယ်.. သူတို့နေရာတွေမှာဆို ဘယ်လောက်များ ၀မ်းနည်းနေမလည်းနော်....

သေဆုံးသွားကြတဲ့ ပြည်သူတွေရဲ့ မိသားစုတွေကော့ မီးသတ်ဝန်းထမ်းတွေရဲ မိသားစုတွေကော့ ဘယ်လောက်များခံစားနေရမလည်း

နာကျဉ်းနေကြမလည်း.... လူတစ်ဦးပေါ့ဆမှုကြောင့် လူပေါင်းများစွာ အိုးအိမ်တွေ ပျက်စီး စည်းစိမ်တွေပျောက် အသက်တွေပါ ပါသွားခဲ့ရတယ်...

အဲလို သာဓကတွေရှိလည်း ဒီအဖြစ်မျိုးတွေ့ကြုံနေကြရသေးတယ်.. ဒါပေမဲ့ ဒီတစ်ခါ အဖြစ်အပျက်ကအတော်ဆိုးရွားတဲ့ သတင်းတစ်ခု

ဖြစ်ရပ်တစ်ခုပါ.. အသက်ပေးသွားခဲ့တဲ့ ရဲဘော်တွေကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ အလေးပြုပါတယ် ဂုဏ်ယူပါတယ်.. ဒါပေမဲ့

နောင်ဘ၀တွေမှာ ဒီအဖြစ်ဆိုးမျိုးကင်းပါစေ... မီးဘေးသင့်ရင်း သေဆုံးခဲ့သော ပြည်သူတွေအားလုံးကိုလည်း ကောင်းရာဘုံဘ၀ရောက်စေချင်ပါတယ်...

နောင်ဘ၀မှာ ဒီအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပါစေ.. ဒဏ်ရာရရှိတဲ့ ပြည်သူများလည်း အားလုံးလည်း အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေဗျာ.. ပြီးတော့

မီးဘေးကြောင့် အိုးအိမ်မဲ့ ဖြစ်နေသော ပြည်သူများလည်း အကူညီများရရှိကြပြီး အမြန်ဆုံးဘ၀တွေထူထောင်နိုင်ကြပါစေဗျာ...

ဒီနေလောကကြီးမှာ ဆိုးဝါးတဲ့ ဖြစ်ရပ်တွေနဲ့ အားလုံးသော သက်ရှိလူသားများကင်းဝေးနိုင်ကြပါစေ

ဝမ်းနည်းခြင်းများစွားနဲ့ ကျွန်တော်ဒီစာလေးကို ရေးသားမိပါတယ် အမှားပါလည်း ၀မ်းနည်းမှု၊စိတ်မကောင်းမှုတွေနဲ့

ရေးသားခြင်းကြောင့် နားလည်ခွင့်လွတ်ပေးရင်း ဖတ်ပေးပါရန်တောင်းဆိုပါတယ်....

Phoenix Lay@ လေပြည် (29/12/211--10:31 AM)

မြတ်နိုးနေမိတုန်းပါ.....

အဝေးကြီးကိုမျှော်ရင်း

အနီးနားက

ငါကို တမင်တကာ

ထားရစ်ခဲ့တာလား......

တွေးရင်လည်း

မင်းအကြောင်း

စဉ်းစားလည်း

မင်းအကြောင်း

ဘာလို့

မပြောင်းလည်းခဲ့တာလည်...

ခံစားနေရလိုမဟုတ်ဘူး

လွမ်းနေရလို့မဟုတ်ဘူး

တမ်းနေလို့မဟုတ်ဘူး

အချိန်တိုင်း

ရင်ထဲမှာ

ရှိနေခဲ့ရလိုပါ....

တမ်းချင်းတွေကို

ညည်းနေရင်း

လွမ်းနေတဲ့သူကို

လှည့်တောင်

မင်းမကြည့်ခဲ့ဘူးနော်.....

တစ်ဖြည်းဖြည်း

ဝေးရင်းဝေးရင်း

အဝေးဆုံးတွေ

ဖြစ်ခဲ့ရပြီ.....

နာရီတိုင်းရဲ့

အစမှာ

မင်းကိုသတိရတယ်..

အဆုံးသတ်တော့လည်း

မင်းကို လွမ်းနေရပြန်တယ်.....

ပြန်လိုချင်လို့မဟုတ်ပေမဲ့

အခုထိ

မြတ်နိုးနေခဲ့သူပါ......

Phoenix Lay@လေပြည် (28/12/2011--11:30 AM)

အတူရှိတဲ့ သတိရခြင်း.....

အဖော်ရယ်ဝေး

ကြယ်တွေမစုံ

လရောင်က

လွမ်းစေ.......

လမ်းတွေက

မှောင်မိုက်

အရောင်မဲ့တဲ့

ဘ၀က

မဲမှောင်......

အမြဲရောင်ရမ်း

တမ်းတ

သတိရခဲ့တာက

မင်း....

အထီးကျန်မှုအောက်က

လွမ်းဆွတ်မှုနံရံကိုမှီရင်း

မင်း ဓာတ်ပုံလေးကို

ငေးနေခဲ့သူက ငါ့.....

အဖြူရောင်စာရွက်ပေါ်မှာ

အကြိမ်ဖန်များစွာ

ချရေးနေမိတာက

မင်းနာမည်လေး.....

နိဒါန်းပျိုးပြီး

နိဂုံးကို

ငါ ဇာတ်သိမ်းဖို့

ဒဏ်ရာတွေကို

သိမ်းထားရင်း

အလွမ်းနဲ့

အခန်းဆက်ကာ

ဘ၀ရဲ့

ရှေ့ဆက်ရမဲ့လမ်းကို

တမ်းတခြင်းကို အဖော်ပြုကာ

သတိရခြင်းတွေနဲ့အတူ

ငါ လက်တွဲသွားတော့မယ်.....

Phoenix Lay@လေပြည် (28/12/2011---02:00 PM)

ကောင်းကင်ပျောက်ခဲ့သော တာရာ...

လှိုင်းလေးတွေက ကမ်းနဖူးကို လာရိုက်ခတ်လိုက် ပင်လယ်ကြီးဆီ ပြေးသွားလိုက်နဲ့ ပျော်မြူးနေလိုက်တာ...

ပင်လယ်ပြင်ကြီးရဲ့ လက်ဆတ်တဲ့လေညင်းတွေက ညနေဆည်းဆာကို အသက်ဝင်အောင် ဖန်တီးနေလိုက်တာ

အလွန်ကိုလှပတဲ့ ညနေခင်းတစ်ခုပါပဲ....

နေမင်းကြီးကလည်း အိပ်တန်းဝင်ဖို့ ပင်လယ်ပြင်ကြီးဆီ ခေါင်းမှီရင်း နေ၀င်ဆည်းဆာကို လှပအောင်ဖန်ဆင်းကာ

တစ်နေ့တာအတွက် နူတ်ဆက်သွားနေလေပြီ...

ဒီလိုနဲ့ကျွန်တော် အတွေးတွေလည်း တစ်ချိန်တစ်ခါဆီကို ရောက်မှန်းမသိရောက်နေခဲ့ပါတယ်....

ကျွန်တော်ရဲ့ ပင်လယ်ပြင်ကြီးဆီကို ပထမဆုံးရောက်ခဲ့ဘူးတဲ့နေပေါ့.

အခန်းမရသေးလို့ ထွက်ကြည့်နေရင်းကနေ

ကျွန်တော် ပင်လယ်ပြင်ကြီးဆီကို ပြေးဆင်းချင်နေမိတယ်...

ဟိုဒီလိုက်ကြည့်နေမိတယ်...

ရေထဲတွင်ဆော့သူက ဆော့ ..

ကမ်းစပ်မှာ လမ်းလျှောက်သူက လျှောက်နဲ့....

မြင်ကွင်းဟာ တော်တော် လှပနေတယ်....

စိတ်တွေကလည်း လွတ်လပ်ပေါ့ပါးနေမိတယ်....

အတွေးလေးမဆုံးခင်မှာပဲ အခန်းရပြီဆိုတဲ့ အသံကြားလို့ အရမ်းပျော်သွားခဲ့တယ်...

အခန်းရှိရာကို ချီတက်လာရင်း ပါလာတဲ့ အထုပ်အပိုးတွေကိုနေရာချပြီး

ကျွန်တော် ပင်လယ်ကြီးကို ထွက်လာခဲ့ပါတယ်....

နေကပူနေပေမဲ့ ပင်လယ်ကလာတဲ့ လေနုအေးလေးတွေကြောင့်

ပင်ပန်းမှုတွေပျေက်သွားသလို့ပါပဲ.....

ပင်လယ်ကြီးဆီကို ငေးရင်း ကျွန်တော်လျှောက်လာရင်း ကမ်းစပ်အနားကို မရောက်ခင်မှာ

အမှတ်မထင် စက်ဘီးတစ်စီးက ကျွန်တော်ဆီကို

တည့်တည့်ကြီးတိုးလာနေခဲ့တယ်... ကျွန်တော်လည်း ရှောင်တော့ရှောင်လိုက်တယ်

ရှောင်ပြီးပြန်ကြည့်တော့ စက်ဘီးလေးက မှောက်သွားတယ်.. မိန်းကလေးတစ်ယောက် စက်ဘီးဘေးမှာ....

ဒါနဲ့ကျွန်တော်လည်း စက်ဘီးပေါ်က လူကို သွားပြီးထူပေးဖို့ သွားလိုက်တယ်...

လောကကြီး က အခိုက်တန့်ရပ်သွားသလို့ပဲ..

သူမျက်ဝန်းလေးတွေကို ငေးမိတဲ့ခဏမှာ.....

ကျွန်တော်လည်းငေးနေတာကို ရပ်လိုက်ပြီး

"ဟေ့ မင်းဘာဖြစ်သွားသေးလည်း"

"အင်း နဲနဲပဲနာသွားတယ် အကိုကော့ ဘာဖြစ်သွားသေးလည်း "

"ဘာမှ မဖြစ်ပါဘူး .... ဘာကူညီပေးရအုန်းမလည်း.."

"နဲနဲလောက် စက်ဘီးကို ထူပေးပါလား ကောင်းကင် ကတော့ရပါတယ်..."

ကျွန်တော်စက်ဘီးကို ထူပေးပြီး ကိုင်ထားရင်း

"ဒါနဲ့ နာမည်က ကောင်းကင်တဲ့လား"

"ဟုတ်ပါတယ်.. အကိုကော့"

"ကျွန်တော်က တာရာ ပါ... တာရာလိုပဲခေါ်ပေါ့"

"အင်း.. ကောင်းကင်က ဒီ Max မှာပဲတည်းတယ်.. အကိုကကော့"

"ကိုလည်း Max မှာပဲတည်းနေတာပါ..."

"ညနေကြရင် တာရာအားရင် ဟိုးနားက ခုံလေးမှာ တွေမယ်လေ ....

ကောင်းကင်စောင့်နေမယ်နော်.. အခုတော့သွားပြီ တာရာရေ..."

ပြောပြောဆိုဆိုပဲ စက်ဘီးကို ယူပြီး ထွက်သွားတယ်....

ကျွန်တော်လည်း ကောင်းကင်ဆိုတဲ့ မိန်းကလေးကို လိုက်ကြည့်နေမိရင်း ခြေထောက်ကို ရေလှိုင်းလေးတွေလာထိမှ

သတိပြန်ဝင်သွားတယ် မြင်ကွင်းတစ်ဆုံးကို ငေးလိုက်မိတာ ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘူး......

ကောင်းကင် ဆိုသော သူမနာမည်ကို ရွတ်ရင်း အခန်းဆီသို့ ကျွန်တော်ပြန်လာခဲ့တယ်....

အချိန်က ပင်လယ်လေနဲ့အတူ ညနေဖက်သို့ရောက်လာခဲ့တယ်.....

ပင်လယ်ဆီသို့လှမ်းမျှော်ရင်း ကောင်းကင်ဆိုသောကောင်မလေး ချိန်းထားသော ခုံလေးဆီသို့

ကျွန်တော် ထွက်လာခဲ့ပါတယ်....

ကောင်းကင်နဲ့ တွေပြီးထဲက သူကို သတိရမှုတွေ က စိတ်ထဲမှာ လွမ်းမိုးခဲ့တာကို ကျွန်တော်ကိုတိုင် မသိခဲ့သေးပါဘူး...

သာမန်ဖြစ်ရပ်တစ်လို့သာ ထင်ခဲ့မိတာပါ....

ခုံတန်းလေးမှာ ထိုင်နေရင်း ပင်လယ်ပြင်ကြီးကို ငေးရင်း ဆော့ကစားနေတဲ့လူတွေကို လိုက်ကြည့်နေမိတယ်...

ပင်လယ်လေညင်းတွေနဲ့ အတူ ကျွန်တော် ဆီကို ရနံတစ်ခု သင်းသင်းလေးရောက်လာတယ်.. သေချာပါတယ်

ဒါဟာကောင်းကင်ပဲ ဖြစ်လိမ့်မယ်...

ကျွန်တော် လှည့်ကြည်လိုက်တယ်.. ဟော့ အုန်းသီးနှစ်လုံးကို ပိုက်လို့ ကောင်းကင် ကျွန်တော်ဆီလာနေတယ်..

ကျွန်တော်လည်း ထပြီး လက်ထဲကအုန်းသီးတွေကို ကို ကူသယ်ပေးရင် ခုံလေးဆီသို့ ပြန်လာခဲ့တယ်...

"တာရာေ၇ာက်နေတာကြာပြီလား..."

"မကြာသေးပါဘူး ကောင်းကင်... "

"ကောင်းကင် က အုန်းရေသောက်မလို့ သွားဝယ်နေတာနဲ့ နဲနဲကြာသွားတယ် sorry ပါနော် တာရာ"

"ရပါတယ် ကောင်းကင်"

"တာရာ ရော့လေ တစ်လုံးသောက်နော်... "

ကျွန်တော်.. ကောင်းကင်၇ဲ့အကြောင်းတွေကိုမေးရင်း စကားတွေဖောင်ဖွဲ့နေခဲ့တယ်.....

အချိန်ဘယ်လို့ကုန်သွားမှန်းမသိဘူး ပင်လယ်ပြင်ကြီးဆီတောင် မရောက်ဖြစ်လိုက်ဘူး....

ညရဲ့လေးညင်းတွေနဲ့ အတူပင်လယ်ပြင်ကြီးဟာ အေးစက်စက်နိုင်လာတယ်...

ကောင်းကင်နဲ့ ကျွန်တော် နူတ်ဆက်ရင်း ညနေစာစားဖို့ပြန်ခဲ့ကြတယ်....

ကောင်းကင် အကြောင်းတွေသား အတွေးထဲမှာရောက်လာနေရင်း

ကျွန်တော် မသိစိတ်တွေက သူမကို စွဲလန်းနေမိတယ်...

မသိမသာကြီး တစ်ဖြည်းဖြည်း တိုးလာခဲ့တယ်...

အခိုက်တန့်လေးဆိုပေမဲ့ သူမက ကျွန်တော်ကို တော်တော်ကြီး စိုးမိုးထားခဲ့ပါပြီ...

ညနေစာစားပြီး ကျွန်တော်လည်း မအိပ်ချင်သေးတာနဲ့ ကောင်းကင်နဲ့တွေခဲ့တဲ့

ခုံလေးဆီပြန်သွားရင် ပင်လယ်ရဲ့ညကို တစ်ယောက်တည်း ထိုင်ရင်း ကောင်းကင်အကြောင်းကို တွေးနေမိတယ်...

အတော်လေးကြာသွားတော့ လေညင်းတွေက ရနံလေးတစ်ခုကို သယ်ဆောင်လာတယ်...

ဒါကျွန်တော် အလွန်နှစ်သက်နဲ့ ကောင်းကင်ရဲ့ ကိုယ်သင်းရနံလေးတစ်ခုပဲ..

ဟုတ်ပါတယ် သေချာပါတယ်...

ကျွန်တာ် လှည့်ကြည့်လိုက်တယ်.. ည၀တ်အကျီင်္လေးနဲ့ကောင်းကင်....

ကျွန်တော်အနားကိုရောက်တော့

"တာရာ မအိပ်သေးဘူးလား...

ဟုတ်မအိပ်သေးဘူး ကောင်းကင်ကော့...

အင်း.. မနက်ဖြန်ဆိုကောင်းကင်ပြန်တော့မှာလေ .. ဒါကြောင့် ပင်လယ်ကြီးကိုလာနူတ်ဆက်တာလေ ....

ဟုတ်လား ကောင်းကင်က မနက်ဖြန်ပြန်တော့မှာပေါ့နော်....

ဟုတ် တာရာ..."

ထို့ခဏတွင် ကျွန်တော် နှလုံးသားတစ်ခုလုံး နှုံးချီသွားသလို့ခံစားလိုက်ရတယ်.....

"တာရာကရော ဘယ်နေ့ပြန်မှာလည်း..

ကျွန်တော်က သန်ဘက်ခါ မှပဲပြန်မှာပါ ကောင်းကင်...

အော်ဟုတ်...

နောက်နေ့တာရာ ကောင်းကင်ကို သတိရမနေနဲ့နော်..လို သူမရီကျဲကျဲလေးနဲ့ပြောပြီး ထွက်သွားခဲ့တယ်...."

အတိုင်းမသိရင်ထဲမှာခံစားလိုက်ရတယ်... ဘာရယ်ကြောင့်ဆိုတာ အတိကျ အဖြေမရှိခဲ့ဘူး.....

ညကို စိုးမိုးနေခဲ့သူက ကောင်းကင်.....

သူအကြောင်းတွေကို စဉ်းစားနေမိတာက ကျွန်တော်.....

မိုးစင်စင်လင်းခံနီးလောက်မှာ ကျွန်တော် အိပ်ပျော်သွားတယ်...

နိုးလာတော့ အချိန်က ၁၂ နာရီလောက်ရှိသွားတယ်....

အင်း .. အခုဆိုကောင်းကင် ပြန်သွားလောက်ပါပြီလို့တွေးရင်း မနက်စာနဲ့နေခင်းစားကို ပေါင်းစားပြီး...

ပင်လယ်ကြီးဆီထွက်လာခဲ့တယ်.. ကောင်းကင်နဲ့တွေခဲ့သော ခုံလေးမှာပဲရွေးထိုင်မိရင်း

ကျွန်တော် သူမကို လွမ်းနေမိတယ်...

ညနေစောင်းပင်လယ်ကြီးဆီရေကစားရင်း

ကောင်းကင်ကို ပဲခဏဏ သတိရလာမိတယ်.....

အ၀တ်စားလဲပြီး ညစားစာဖို့ပြင်ဆင်နေမိရင်း ပင်လယ်ကြီးဆီကိုငေးရင်း ကောင်းကင်ကို သတိရနေမိတော့တယ်....

ဘယ်အရပ်ကိုပြန်မယ်ဆိုတာလည်း မမေးမိခဲ့ဘူး.. ဖုန်းနံပတ်လေးတောင် မရှိခဲ့ဘူး..

ဘာလို့များ သတိ၇နေမိတာလည်း ကိုယ်တိုင်အဖြေရှာရင်း....

ကောင်းကင်ကို လွမ်းဆွတ်မှုတွေ ပိုများလာခဲ့တယ်.....

ပင်လယ်ကြီးကို နူတ်ဆက်ပြီးနောက်နေ့မနက်စောစော ပြန်လာခဲ့တယ်....

ကောင်းကင်ဆိုသော ကောင်မလေးကို အမြဲတမ်းသတိရနေခဲ့တယ်...

လူတွေအများကြီးထဲမှာလည်း လိုက်ရှာနေမိသေးတယ်....

သေချာခဲ့တာကတော့ ကောင်းကင်ကို ကျွန်တော် သတိရနေတဲ့ စိတ်တွေက က အလွမ်းတွေအဖြစ်ပြောင်းသွားခဲ့တယ်...

ကောင်းကင်ရေ...

ပင်လယ်ကြီးက

ကျယ်ပြောသလို့

သံယောဇဉ်လေးတွေက

ခဏတာလေးမှာ

စိတ်တစ်ခုလုံးကို

ချည်နှောင်သွားခဲ့တယ်....

ကောင်းကင်မသိတဲ့

ချစ်ခြင်းတွေနဲ့

မှုန်ဝါးဝါး

အလွမ်းရောင်

ကဗျာအချို့ကို ရွတ်နေရင်း....

အခု ချိန်ပင်လယ်ကြီး ကိုပြန်ရောက်လာတဲ့အခါ ဘာမှမပြောင်းသွားတဲ့ တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ

အတူတွေခဲ့တဲ့ ပင်လယ်ကြီးမှာပဲ ထိုင်ခဲ့ဘူးတဲ့ထိုင်ခုံလေးမှာ ထိုင်ရင်း ကောင်းကင် ကို မျှော်ရင်း

ကျွန်တော် အတွေးတစ်ဆကို မေ့ပျောက်လို့ မရနိုင်ခဲ့သေးပါဘူး...

ကောင်းကင်အတွက် ကျွန်တော်က ဘာမမဟုတ်ဘူးဆိုပေမဲ့ ကျွန်တော်အတွက် သူကို ပြန်တွေရင် ပြောမည့်စကားတွေနဲ့

စောင့်မျှော်ရင်း နေတောင်ဝင်သွားခဲ့ပါပြီ.........

ကောင်းကို မျှော်တတ်တဲ့ တာရာဆိုသော ကျွန်တော်ရဲ့ ဖြစ်ရပ်အချို့ကို ပင်လယ်ကြီးဆီအပ်နှံရင်း ကျွန်တော် ဇာတ်လမ်းကို

အဆုံးသတ်လိုက်ပါရစေတော့....

Phoenix lay@လေပြည် (07/01/2012--12:18 PM)

အားလုံးကိုကျေးဇူးတင်လျက်...

၅ ပုဒ်မြောက် ဝတ္ထုတို့လေးကိုလည်း သီးခံပြီး ဖတ်ပေးကြပါအုန်းနော်..

အမေ

လူမပီ အရွယ် သန္ဓေသား ဘ၀မှာ စားအသောက်တွေရွေးစားရင်း မတည့်တာကိုရှောင်တဲ့အထဲက အကြိုက်ဆုံးအရာတွေပါလည်း လစ်လူရူခဲ့တာ အမေ...

အသက်ချွေးနဲ့ရင်းကာ သေခြင်းတရားကို အံတုရင်းလောကကြီးကို ရောက်လာစေခဲ့သူကလည်း အမေပါပဲ..

ဆိုတေးတွေ မပီတပီနဲ့ ညည်းရင်း ငိုပြီးအော်နေခလေးကို တယုတယလေး ထွေးပွေ့ရင်း အိပ်ရေးပျက်ခံကာ ချောနေခဲ့တာလည်း အမေ....

စကားပြောတတ်စအရွယ်မှာ စိတ်ရှည်စွာ စကားလုံးများကို သင့်ပေးခဲ့တာလည်း အမေ....

ကျောင်းတတ်တဲ့အချိန်မှာလည်း ကျောင်းခြံစည်းရိုးဘေးမှာ စောင့်ရင်း ကြိုပိုလုပ်ခဲ့တာ လည်း အမေ....

တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက်လာခဲ့တော့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ စာသင်ခိုင်းခဲ့တာလည်း အမေ....

မားမားမတ်မတ်ရှေ့ကနေ ရင်ဆိုင်ပေးခဲ့တာလည်း အမေ....

အရွယ်စုံလို့ အသိုက်မြုံကထွက်သွားမယ်ဆိုတော့လည်း အမှားအယွန်းမရှိအောင် အသေချာဂရုစိုက်ပေးခဲ့တာလည်း အမေ.....

အရာအားလုံးထက်ကြီးမြတ်သော အမေ..

လူသားတွေထဲက လေးစားထိုက်သော မပြောင်းလည်းတဲ့ ချစ်ခြင်းတွေနဲ့ အမေ....

တစ်နေ့အမေ အိုမင်းသွားတဲ့အခါ အမေ ပေးဆပ်သလောက်ကို ပြန်ပေးဆပ်ဖို့ စဉ်းစားစေချင်ပါတယ်....

အမေများအားလုံးကို ရှိခိုးလျက်

Phoenix lay@လေပြည်(05/01/2012--03:58 PM)

အမေပေးဆပ်ခဲ့သမျှထဲက အနည်းငယ် ဥာဏ်မိသလောက် စဉ်းစားပြီးရေးသည်..